တခြားပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့တုန်းက ကြုံခဲ့ရတာပါတဲ့။

ဇော်ခွန်ကတော့ The Voice Myanmar မတိုင်ခင် ပြိုင်ခဲ့ဖူးတဲ့ ပြိုင်ပွဲတွေမှာ ခန္ဓာကိုယ် ဝဖြိုးလွန်းတဲ့ သူ့အပေါ် ဝေဖန်ကဲ့ရဲ့ ကြတာတွေရှိတယ်လို့ ဆိုပါတယ်။ 

Photo: Zaw Kun



The Voice Myanmar (Season-3) ပြိုင်ပွဲဝင် ဇော်ခွန်ကတော့ Body Shaming နဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆို ခံခဲ့ရတာတွေ ရှိခဲ့ဖူးတာကို စိတ်မကောင်းစွာ ပြောပြလာပါတယ်။ ဒီလို ဝေဖန်မှုတွေထဲကမှ သူ့အတွက် အကောင်းဆုံး ဖြစ်လာနိုင်မယ့် လမ်းကြောင်းကို ရွေးချယ်ခဲ့တယ်လို့ Duwun ကို ပြောပါတယ်။ 

“ လူနဲ့ လူ့ပတ်ဝန်းကျင်မှာ body shaming နဲ့ ပတ်သက်တဲ့ ပြဿနာတွေ အများကြီးရှိပါတယ်။ အရင်တုန်းက လည်း ပြိုင်ပွဲတွေ အများကြီး ဝင်ပြိုင်ခဲ့ဖူးပါတယ်။ ပြိုင်ခဲ့တဲ့ အခါမှာလည်း ကျွန်တော့်ရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ပြောဆိုကြတာတွေရှိပါတယ်။ တချို့ဆို မိုက်မိုက်ရိုင်းရိုင်း ပြောပြီး တချို့ဆို ကဲ့ရဲ့ ကြတာပေါ့နော်။ ဒီလို ပြောဆိုမှုတွေကြောင့် ကျွန်တော့်အရည်အချင်းနဲ့ တစ်ခုခု လုပ်ပြနိုင်ရမယ် ဆိုတာကို ပြရင်းနဲ့ ကျွန်တော့်ရဲ့ ဂီတဝါသနာအရ The Voice Myanmar(Season-3) မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ အခုလည်း ကျွန်တော် ဝိတ်ပြန်ချနေပါပြီ” လို့ သူက ပြောပါတယ်။ 

Photo: Zaw Kun

ဇော်ခွန်ဟာ The Voice Myanmar ကို ဝင်မပြိုင်ခင် ကတည်းက ဂီတလမ်းကြောင်းပေါ်မှာ ကျင်လည်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ “ရတနာထဲက ရတနာ” ဇာတ်လမ်းတွဲ၊ “ ပျားရည်အိုင်” ၊ “ ထွန်းလင်းမယ့် လမင်း” စတဲ့ ဇာတ်လမ်းတွဲတွေထဲက ဇာတ်ဝင်တေးသီချင်းတွေကို သီဆိုထားတဲ့ အဆိုတော် တစ်ယောက်လို့ သိရပါတယ်။ လက်ရှိပြသလျှက်ရှိတဲ့ “ ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲထဲက ဇာတ်ဝင်တေးကိုလည်း ဇော်ခွန် သီဆိုထားတာလို့ သိရပါတယ်။ 

အခုလို ဂီတလှုပ်ရှားမှုတွေ ရှိပေမယ့်လည်း ပရိသတ်အားပေးမှုကို မျှော်လင့်သလောက် မရခဲ့ဘူးလို့ ဇော်ခွန်က ပြောပါတယ်။ 

“ ဂီတနဲ့ ပတ်သက်ပြီးတော့လည်း အရင်ကတည်းက အတွေ့အကြုံရှိပါတယ်။ ကျွန်တော်က ဇာတ်ဝင်တေးတွေ ဆိုတာ ပိုများတယ် ခင်ဗျ။ ပြီးတော့ ကိုဗစ် အတွင်းမှာ ပရိသတ်တွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် “ ပြန်ဆုံမယ့် နေ့” ဆိုတဲ့ သီချင်းလေးကိုလည်း သူငယ်ချင်းတွေ အများကြီးနဲ့ ရိုက်ထားပါတယ်။ အနုပညာအလုပ်နဲ့ အဆက်မပြတ်သွားအောင် လုပ်ဆောင်နေပေမယ့် ထိုက်သင့်သလောက် မဖြစ်လာတဲ့ အချိန်မှာ နောက်ထပ် နည်းလမ်း တစ်ခုအနေနဲ့ အခုလို ပြိုင်ပွဲ ဝင်ခဲ့ရခြင်း ဖြစ်ပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Zaw Kun

ဇော်ခွန်ကတော့ The Voice Myanmar (Season-3) ရဲ့ Blind Auditions မှာ “ မတွေ့ခဲ့ကြရင်” ဆိုတဲ့သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရင်း ဒိုင် နှစ်ဦး လှည့်ကြည့်ခြင်း ခံခဲ့ရသူဖြစ်ပါတယ်။ အဲဒီနောက် Battle Round မှာလည်း အနိုင်ရရှိခဲ့ပြန်ပါတယ်။ လက်ရှိမှာတော့ ဇော်ခွန်ဟာ Team Ni Ni အဖွဲ့ကနေ The Voice Myanmar (Season-3) ပြိုင်ပွဲ ကြီးကို အကောင်းဆုံး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က