အန္တရာယ်က လက်တစ်ကမ်းမှာရှိနေတာလေ။

ချောရတနာကတော့ Covid ကာလမှာ ကလေးတွေရဲ့ ကျန်းမာရေးကို အရင်ထက် ပိုဂရုစိုက်ပေးနေရတယ်လို့ ဆိုပါတယ်။ 

Photo: Chaw Yadanar



ချောရတနာကတော့ ကိုယ်ပိုင် မိသားစုဘဝလေးကို တည်ဆောက်နေသူဖြစ်ပါတယ်။ သူတို့နေထိုင်ရာ ပတ်ဝန်းကျင် မှာ Covid နဲ့ ပတ်သက်တာတွေ ကြားမိတိုင်း ကလေးတွေအတွက် စိုးရိမ်တယ်လို့ Duwun ကို ပြောပါတယ်။ 

“ ဖြစ်နိုင်ရင် ဒီကပ်ရောဂါကြီး လုံးဝ မရှိတော့ရင် သိပ်ကောင်းမှာပဲ။ ကြောက်လည်း ကြောက်တယ်။ ဘာလို့လဲ ဆိုတာ အန္တရာယ်ဆိုတာ ကိုယ့်ရဲ့ လက်တစ်ကမ်းမှာပဲ ရှိတာလေ။ အခုဆို အစ်မတို့ ကွန်ဒိုမှာ သံသယရှိသူ ဆိုတာမျိူးပေါ်လာပြီ။ ကိုယ်က ကလေးအမေ ဆိုတော့ ပိုကြောက်ရတယ်။ ကိုယ့်ကလေးတွေများ တစ်ခုခု ဖြစ်ရင် ဆိုတဲ့စိတ်နဲ့ အရမ်းစိတ်ပူတယ်။ ဒီ ဗိုင်းရပ်ကို တော်တော်လည်း ကြောက်နေပြီ။ ဆိုက်ကိုတွေလည်း ဖောက်တယ်။ ပြီးတော့ စီးပွားရေးရော၊ ကလေးတွေရဲ့ ပညာရေးရော ထိခိုက်ရတာ ဆိုတော့ စိတ်မကောင်းဖြစ်တာတော့ အမှန်ပဲ" လို့ သူက ဆိုပါတယ်။ 

Photo: Chaw Yadanar

ချောရတနာဟာ Covid ကာလကြောင့် အနုပညာအလုပ်တွေကို ရပ်နားထားတယ်လို့ သိရပါတယ်။ အိမ်မှာနေရတဲ့ အချိန်တွေမှာ ကလေးတွေနဲ့ အတူတူ တစ်နေ့ တာဖြတ်သန်းဖြစ်တဲ့ အမှတ်တရတွေကို အခုလို ပြောပြလာပါတယ်။ 

“ အိမ်မှာကတော့ အစ်မက ကလေးနှစ်ယောက်နဲ့ လုံးလည်ချာလည်ကို လိုက်နေတာပါပဲ။ သားသားကလည်း Online Class တက်နေတယ်။ အဲဒီတော့ သူ့ကို စာသင်ပေးတယ်။ သမီးက တစ်လှည့် သားက တစ်လှည့်နဲ့ ထိန်းနေရတာဆိုတော့ ကိုယ့်မှာ ပျင်းဖို့ တောင် အချိန်မရှိဘူး။ တစ်ခါတလေကျရင် Tik Tok ရိုက်တော့ ပရိသတ်တွေနဲ့ ပြန်ပြီး ထိတွေ့ခွင့်ရတာ ပျော်ဖို့လည်းကောင်းတယ်။ စိတ်ပြေလက်ပျောက်လည်း ဖြစ်တာပေါ့နော်” လို့ သူက ဆိုပါတယ်။ 

Photo Chaw Yadanar

အသားဖြူဖြူ၊ အရပ်ရှည်ရှည်၊ ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေး ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။ ချောရတနာဟာ ၂၀၁၅ ခုနှစ်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ဥ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ချောရတနာဟာ ခင်ပွန်းဖြစ်သူ ကိုကျော်လင်းနဲ့ ၂၀၀၂ ခုနှစ် ကတည်းက အိမ်ထောင်ပြုခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ သားလေးကတော့ လက်ရှိမှာ (၅) နှစ်ကျော်အရွယ်ရောက်နေပြီဖြစ်ပါတယ်။ သမီးလေးကတော့ အသက်(၂) နှစ်ကျော်လာခဲ့ပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က