ကွယ်လွန်တာ (၂) နှစ်ရှိပါပြီ။

Annie ကတော့ လွန်ခဲ့တဲ့ (၂) နှစ်လောက်က ကွယ်လွန်သွားခဲ့တဲ့ ချစ်သူအတွက် ရည်ရွယ်ပြီး သီချင်းဖန်တီးသွားမယ်လို့ ဆိုပါတယ်။ 

Photo: Annie



Annie သူမရဲ့ ကိုယ်ပိုင်ခံစားချက်လေးနဲ့ တိုက်ဆိုင်တဲ့ အဆိုတော် ထူးအိမ်သင်ရဲ့ “ မင်းမရှိတဲ့နောက်” ဆိုတဲ့ သီချင်းလေးနဲ့ The Voice Myanmar (Season-3) ရဲ့ Blind Auditions မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ ချစ်သူကို ရည်ရွယ်ပြီး သီချင်းလေးတစ်ပုဒ် ဆိုဖို့ ပြင်ဆင်နေတယ်လို့ Duwun ကို ပြောလာပါတယ်။ 

“ ချစ်သူအတွက် ရည်ရွယ်ပြီး သီချင်းထွက်ဖို့ရှိပါတယ်။ ဒါပေမယ့် ဒါကြီးကိုပဲ ရည်ရွယ်ပြီး ခံစားချက် ခဏခဏ ထုတ်ပြပြန်ရင်လည်း ပေါသွားရော။ ဒါက ကိုယ့်အမြင်ပါ။ အခုဆိုရင် ဦးဌက်ရဲ့ သီချင်းကို ဆိုလိုက်ပြီပေါ့နော်။ ဦးဌက် သီချင်းကိုက ဟိုးအရင်ကတည်းက ကြိုက်ခဲ့တာ ဒါပေမယ့် ရုတ်တရက် ကိုယ်နဲ့တိုက်ဆိုင်လာတဲ့ အချိန်မှာ ဆိုလိုက်တယ်။ သူ့အတွက် ရည်ရွယ်ပြီး ကိုယ်ပိုင် သီချင်းတစ်ပုဒ်လည်း လုပ်ဦးမှာပါ။ တစ်ပုဒ်ဆို တစ်ပုဒ်ပဲ။ ခဏခဏ သီချင်းလုပ်နေရင် သူ့ရဲ့ image လည်း ပေါသွားမယ်၊ ကိုယ့်ရဲ့ ခံစားချက်လည်း ပေါသွားမယ် ဒီလောက်ပဲ” လို့ ဆိုပါတယ်။ 

Photo: Annie

Annie ကတော့ သူမနဲ့ ချစ်သူတို့ဟာ ချစ်သူဘဝကနေ လမ်းခွဲလိုက်ကြတာ မဟုတ်ပဲ ချစ်သူက ကွယ်လွန်သွားခဲ့တာလို့ သိရပါတယ်။ ချစ်သူအတွက် ခံစားခဲ့ရတာတွေကို အခုချိန်မှာ ဖြေဖျောက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ 

“ ညီမရဲ့ ချစ်သူက ရည်းစားသဘာဝ ပြတ်သွားတာ မဟုတ်ဘူး။ ဆုံးသွားတာပါ။ အခုချိန်မှာ ရယ်ရယ်မောမော ပြန်နေနိုင်တာကလည်း အရှေ့မှာ ဖြစ်ခဲ့ရတဲ့ အရာတွေက အများကြီး ကြုံခဲ့ပြီးပြီ။ အဓိက ကတော့ ကံပဲလို့ ပြောရမှာပေါ့။ အတွေးပေါင်းစုံလည်း တွေးခဲ့ဖူးပြီးပြီ။ ကိုယ်တွေလည်း တစ်ချိန် ဒီလမ်းကို လျှောက်ရမှာပဲလေ။ ဘယ်သူမှလည်း မသေတဲ့သူဆိုတာ မရှိဘူး။ သူ့ကို အစ်ကိုတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို ဖြစ်ခဲ့တယ်။ ညီမ အလုပ်တစ်ခုခု စလုပ်တော့မယ် ဆိုရင် သူ့ကို သတိရတယ်။ သူ့အတွက် ကောင်းမယ့် အရာလေးတွေကိုလည်း ရှေ့မှာ အများကြီး လုပ်ခဲ့ပြီးပါပြီ။ မရှိတော့တဲ့ လူတွေ အတွက် အကောင်းဆုံး အသက်ရှင်ရမယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: The Voice Myanmar

Annie ဟာ ၂၀၁၇ လောက်ကတည်းက သူမကြိုက်နှစ်သက်တဲ့ အင်္ဂလိပ်သီချင်းလေးတွေကို Cover Song အဖြစ် သီဆိုရင်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြန်လည် မျှဝေခဲ့ရာမှာ ပရိသတ်တွေက အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ The Voice Myanmar(Season-3) မှာ Team Kyar Pauk အဖွဲ့ကနေ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အချိန်မှာတော့ ပရိသတ်တွေရဲ့ အားပေးမှုကို ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က