သူ့ရဲ့ အတွေ့အကြုံတွေကို ပြောပြလာပါတယ်။

ရွှေပိုးအိမ်ဟာ Covid ကာလမှာ အနုပညာအလုပ်တွေ ရပ်နားထားပေမယ့် နာရေးကူညီမှု အသင်းမှာ Volunteer တစ်ယောက်အနေနဲ့ ဈာပန လမ်းကြောင်းတွေ ကူညီပေးနေတာဖြစ်ပါတယ်။ 

Photo: Shwe Poe Eain



သရုပ်ဆောင် ရွှေပိုးအိမ်ကတော့ Covid ကာလမှာ ပရဟိတအလုပ်တွေကို အရင်ကထက် ပိုလုပ်လာတာကို တွေ့ရပါတယ်။ သူမဟာ အနုပညာအလုပ်တွေ ရပ်နားထားတဲ့ အချိန်မှာ နာရေးကူညီမှုအသင်း(ရန်ကုန်) အဖွဲ့သားတွေနဲ့ အတူ ဈာပနလမ်းကြောင်းတွေမှာ အကူအညီပေးနေတဲ့ အတွေ့အကြုံကို ပြောပြလာပါတယ်။ 

“ Covid ကာလမှာ အကုန်လုံးကအလုပ်တွေ နားနေတဲ့ အချိန်မှာ အိမ်မှာနေပြီးတော့ အချိန်တွေ ကုန်ဆုံးမယ့် အစား အချိန်ကို တန်ဖိုးရှိရှိဖြတ်သန်းချင်လို့ ဦးကျော်သူရဲ့ နာရေးကူညီမှု အသင်းမှာ Volunteer အနေနဲ့ ဈာပနလမ်းကြောင်းလေးတွေ လိုက်ပို့ပေးနေပါတယ်။ အမေကတော့ ရွှေပိုးလုပ်နေတဲ့ Volunteer အလုပ်ကို သဘောကျတယ်။ ပထမဆုံးလုပ်တဲ့အချိန်တုန်းကတော့ Death Body ကို သယ်တဲ့ အချိန်မှာ လန့်သွားမလား၊ ကြောက်သွားမလား၊ ညဘက်ကျရင် တစ်ယောက်တည်း အိပ်ပျော်ပါ့မလား ဆိုပြီးတော့ စိုးရိမ်ခဲ့တာတွေရှိတယ်။ ရွှေပိုးကိုယ်တိုင်လည်း ဈာပနလမ်းကြောင်း စပြီးတော့ လိုက်တဲ့ အချိန်မှာ တစ်ပတ်လောက်က လန့်တာတို့၊ မျက်လုံးထဲ ပြန်မြင်နေတာတို့တော့ ဖြစ်တယ်။ အခုတော့ အဲဒါတွေ မဖြစ်တော့ပါဘူး” လို့ Duwun ကို ပြောပါတယ်။ 

Photo: Shwe Poe Eain

ရွှေပိုးအိမ်ဟာ ပရဟိတအလုပ်တွေလည်း လုပ်နေရသလို Covid ကာလဖြစ်တာကြောင့် သူမရဲ့ ကျန်းမာရေးကိုလည်း အထူး ဂရုစိုက်တယ်လို့ ဆိုပါတယ်။ ဈာပနလမ်းကြောင်းတွေ သွားရတဲ့ အချိန်မှာလည်း Covid ကာကွယ်ရေးပစ္စည်းတွေ အမြဲတမ်း ဝတ်ထားတယ်လို့ သူက ပြောပါတယ်။ 

“ ရွှေပိုးက ဈာပနလမ်းကြောင်းရှိလို့ အသင်းကို သွားရတဲ့ တစ်ချိန်ပဲ အပြင်မှာရှိတာ။ ကျန်တဲ့ရက်တွေကို အိမ်မှာနေတယ်။ အဓိက ကကျန်းမာရေးပေါ့နော်။ ဂျင်းပြုတ်ရည်တွေသောက်တယ်၊ ရေထဲကို ကြက်သွန်ဖြူ ထည့်သောက်တယ်။ အသင်းမှာကလည်း ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ကိုယ်အပူချိန်တွေ အမြဲတိုင်းတယ်၊ ဈာပန လမ်းကြောင်းသွားရင် ကာကွယ်ရေး ပစ္စည်းအကုန်လုံး ဝတ်ရတယ်။ အိမ်ပြန်ရင်လည်း ပိုးသတ်ဆေးတွေ ဖြန်းရတာ ဆိုတော့ အဆင်ပြေပါတယ်။ ရွှေပိုးက Covid First Wave တုန်းက တစ်ပတ်ကို (၃) ရက်၊ (၄) ရက်လောက် သွားဖြစ်တယ်။ အခု Second Wave မှာတော့ အသင်းက လူ(၅) ဦးထက် ပိုမလာရဘူး ဆိုတဲ့ အတွက် အလှည့်ကျ သွားရတာ ရှိတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Shwe Poe Eain

ရွှေပိုးအိမ် ကိုတော့ ပရိသတ်တွေက ဗီဒီယိုဇာတ်ကားတွေကနေတဆင့် အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမဟာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာတဲ့မင်းသမီးတစ်ယောက်ဖြစ်လို့နေပါပြီ။ လက်ရှိမှာလည်း ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေရသူ ဖြစ်သလို မိသားစုနဲ့ဖြစ်ဖြစ်၊ ပရိသတ်တွေနဲ့ဖြစ်ဖြစ် အလှူအတန်းဆိုရင်လည်း အမြဲမပြတ် ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကတော့ (၁၀) စုနှစ် နီးပါးရှိလို့နေပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က