ကိုရန်ရန်ချမ်း အတွက်လည်း စိတ်မကောင်းဖြစ်မိတယ်။

ဟန်ဆိုရီကတော့ The Voice Myanmar (Season-3) ရဲ့ Rap Battle မှာ သီဆိုခဲ့တဲ့သီချင်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ကြုံနေရတဲ့အကြောင်းပြောလာပါတယ်။ 

Photo: The Voice Myanmar



The Voice Myanmar (Season-3) ရဲ့ Rap Battle မှာ ဟန်ဆိုရီက သင်းယု နဲ့ Battle သီဆိုခဲ့ရတာ ဖြစ်ပါတယ်။ Rap Battle မှာတော့ ကိုယ်ပိုင်ဖန်တီးထားတဲ့ Rap သီချင်းတွေနဲ့ သီဆိုကြရတာပါ။ ဒီပြိုင်ပွဲမှာ ဟန်ဆိုရီရဲ့ Rap သီဆိုမှုတွေကို ပရိသတ်က ဝေဖန်လာကြတဲ့အပေါ် အခုလို ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ 

“ ဝေဖန်မှုတွေ ကြုံရတာကတော့ ဒီအလုပ်ကို စလုပ်ပြီဆိုကတည်းက ဝေဖန်တာတော့ ခံရမှာပါပဲ။ ကျွန်တော်က Electro Pop နဲ့ပဲသွားဖို့ ဆုံးဖြတ်ထားတာ ဒါပေမယ့် ကိုရန်ရန်ချမ်းက Rap ဆိုပေးပါတဲ့။ သင်းယုနဲ့ ကျွန်တော့်ကို Rap Battle ဆုံပေးလိုက်တဲ့ အချိန်မှာ အစ်ကိုက GD နဲ့ TOP ရဲ့ သံစဉ်တစ်ခုပေးတယ်။ ကျွန်တော်ကလည်း မူရင်းအတိုင်း မလုပ်ချင်တော့ တန်ပိုရော၊ စတိုင်လ်ရောတူအောင် Editor နဲ့ ပေါင်းပြီးတော့ လုပ်လိုက်တယ်။ အစ်ကို့ကိုလည်း ပြန်မေးတယ် အဆင်ပြေလားပေါ့။ သူက အဆင်ပြေတယ် ဆိုတာနဲ့ ကိုယ့်တီးလုံးနဲ့ ကိုယ် ချပြီးတော့ ကျွန်တော် ဆိုခဲ့တာပါ။ သီချင်းစာသားတွေကိုလည်း စတူဒီယိုသွားသွားပြီး အသံသွင်းထားတဲ့ ဟာလေးတွေကိုလည်း ကိုရန်ရန်ချမ်းရဲ့ Viber ကိုရော၊ Production Team ကိုရော ကျွန်တော် ပို့ပေးဖြစ်ပါတယ်” လို့ ဟန်ဆိုရီက Duwun ကို ပြောပါတယ်။ 

Photo: The Voice Myanmar

The Voice Myanmar (Season-3) ရဲ့ Rap Battle မှာ ဟန်ဆိုရီ နဲ့ သင်းယုတို့ရဲ့ Rap စာသားတွေအပေါ် ရန်ရန်ချမ်းရဲ့ တုံ့ပြန်မှုကတော့ “ Rap Battle မှာ ပြိုင်ကြတယ် ဆိုပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အရမ်းကြီး ဆိုးရွားတာတွေလည်း မပြောသင့်ဘူး၊ ပြောရင်လည်း ပျော်စရာကောင်းပြီး ပညာသားပါပါ ထိုးနှက်နိုင်ရမယ်” ဆိုပြီးတော့ Recomment ပေးခဲ့တာဖြစ်ပါတယ်။ ရန်ရန်ချမ်းရဲ့ Recomment ပေးမှုတွေကို အားမရတဲ့ ပရိသတ်တွေအနေနဲ့ ဝေဖန်မှုတွေလည်း ရှိနေခဲ့ပါတယ်။ ဒီအတွက် ဟန်ဆိုရီက စိတ်မကောင်းဖြစ်နေမိတယ်လို့ ဆိုပါတယ်။ 

“ တစ်ခု စိတ်မကောင်းဖြစ်တာက ကျွန်တော့်ကြောင့် သူ့ကို ဝိုင်းပြီးတော့ ပုတ်ခတ်ကြတဲ့ အချိန်မှာ ကိုယ်အားကျရတဲ့ အဆိုတော်လည်းဖြစ်၊ ပြိုင်ပွဲမှာလည်း ဒိုင်တစ်ဦးဖြစ်တဲ့ အပေါ်မှာတော့ တော်တော် စိတ်မကောင်းဖြစ်ပါတယ်။ကျွန်တော်ကိုယ်တိုင်ကလည်း The Voice Myanmar ကို ဝင်ပြိုင်တာက ကိုရန်ရန်ချမ်းကို အားကျလို့ပါ။ ပြီးတော့ ကျွန်တော် ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ အဆိုတော်တွေက The Voice မှာရှိနေလို့ ဝင်ပြိုင်ခဲ့တာပါ။ ကိုရန်ရန်ချမ်းနဲ့ပတ်သက်ပြီး“ စတင်ခြင်း” အခွေဆိုရင် ကျွန်တော် အရမ်းကြိုက်ခဲ့ရတဲ့အခွေဖြစ်သလို မနက်မိုးလင်းတာနဲ့ အမြဲ နားထောင်ခဲ့တာပါ။ ကိုကျားပေါက်ရဲ့ သီချင်းတွေကလည်း ကျွန်တော့်ကို ငယ်ငယ်လေးကတည်းက လွှမ်းမိုးနိုင်ခဲ့တဲ့ သီချင်းတွေပါပဲ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: The Voice Myanmar

ဟန်ဆိုရီဟာ The Voice Myanmar (Seson-3) Blind Auditions မှာ Lalala ဆိုတဲ့ သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အကဲဖြတ် ဒိုင် ရန်ရန်ချမ်း တစ်ဦးတည်းသာ လှည့်ကြည့်ခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ The Voice Myanmar မပြိုင်ခင် ၂၀၁၈ ခုနှစ်ကတည်းက ဝါသနာပါတဲ့ ဂီတလမ်းကြောင်းပေါ်မှာ သီချင်းလေးတွေဆိုရင်း အောင်မြင်ဖို့ ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က