အသက်ငယ်ပေမယ့် သဘောအရမ်းကောင်းတဲ့လူပါ။

ထူးခြားကတော့ (၇) နှစ်တာ ခင်မင်လာခဲ့တဲ့ သရုပ်ဆောင် မြင့်မြတ်ရဲ့ စိတ်နေစိတ်ထားတွေကို ပြောပြလာပါတယ်။ 

Photo: Htoo Char



ထူးခြားကတော့ သရုပ်ဆောင် မြင့်မြတ်နဲ့ အတူတူ အက်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်လေ့ရှိသူ တစ်ဦးပါ။ ဇာတ်ကားတွေ အတူတူရိုက်ရင်း ခင်မင်လာခဲ့ရတာဖြစ်တဲ့အတွက် မြင့်မြတ်ရဲ့ စိတ်နေစိတ်ထားအပေါ် သူ့ရဲ့ သဘောထားကို Duwun ကနေ ပြောပြခဲ့ပါတယ်။ 

“ မြင့်မြတ်နဲ့က အရင်ကတည်းက ပေါင်းဖြစ်ပါတယ်။ အစ်ကို အနုပညာအလုပ်တွေကို ၆ နှစ်၊ ၇ နှစ်လောက် နားလိုက်သေးတယ်။ အဲဒီတုန်းကတည်းက မြင့်မြတ်နဲ့ ခင်တာ။ ဇာတ်ကားတွေ ရိုက်ရတော့ မတွေ့ဖြစ်တာပဲ ရှိတာပေါ့နော်။ သူကလည်း ဇာတ်ကားတွေ ရိုက်နေရသလို အစ်ကိုကလည်း အစ်ကို လက်ခံထားတဲ့ ကားလေးတွေ ရိုက်နေရတဲ့ အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက်က မတွေ့ဖြစ်ကြဘူး။ အခုကျတော့ သူရော၊ ကိုယ်ရော အားနေတော့ ပိုတွေ့ဖြစ်တာပေါ့ " လို့ ဆိုပါတယ်။ 

Photo: Htoo Char

မြင့်မြတ်ဟာ မိသားစု ကိုလည်းချစ်သလို သူငယ်ချင်းတွေနဲ့ ပတ်သက်လာရင် အမြဲတမ်း အရှေ့ကနေ ရပ်တည်ပေးလေ့ရှိတာကိုလည်း သူ့ရဲ့ အပြုအမူတွေကနေတဆင့် တွေ့မြင်နိုင်ပါတယ်။ မြင့်မြတ်လို လူမျိုးကို အများကြီး ရှိစေချင်တယ်လို့ ထူးခြားက ပြောပါတယ်။ 

" သူက အသက်သာငယ်တာ အရမ်းသဘောဖြူတယ်၊ အားလုံးအပေါ်လည်း အရမ်းကောင်းတဲ့လူတစ်ယောက်ပါ။ ပရိသတ်တွေ သိထားကြသလိုပဲ တကယ်ကို ကောင်းတဲ့ လူတစ်ယောက်ပါ။ သူက အချိန်တိုင်း သူ့ မိသားစုအတွက်၊ သူ့ သူငယ်ချင်းတွေအတွက် အဆင်သင့်ဖြစ်နေတဲ့ လူတစ်ယောက်ပါ။ သူလို လူမျိုး များများရှိလေ ပိုကောင်းလေပါပဲ။ ဟိုးအရင်တုန်းကဆိုရင် သူ့အိမ်ကိုသွားပြီး သောက်ကြ၊ စားကြတယ်၊ မနက်မိုးလင်းမှ ပြန်ဖြစ်တာတွေရှိတယ်။ အခုနောက်ပိုင်းက အားနေကြတော့ ပိုတွေ့ဖြစ်တာပေါ့" လို့ ဆိုပါတယ်။ 

Photo: Htoo Char

ထူးခြားက လက်ရှိမှာတော့ သရုပ်ဆောင် မြင့်မြတ်၊ ကေညီ တို့နဲ့ အတူ All For Baby Facebook Page ကနေ ကလေးအသုံးအဆောင်များ၊ ကိုယ်ဝန်ဆောင် အားဆေးတွေကိုလည်း Live လွှင့်ပြီး ဈေးရောင်းနေတာ တွေ့ရပါတယ်။ ထူးခြားကိုတော့ အက်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အော်ရဂျင်နယ် ဂိုဏ်းစတားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေ ပိုသတိထားမိခဲ့ကြပါတယ်။ လက်ရှိမှာလည်း သူဟာ အက်ရှင်ဇာတ်ကား တော်တော်များများရိုက်ကူးနေရတာဖြစ်ပြီး ပရိသတ်အခိုင်အမာ ရရှိလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က