သမီးအတွက် ကျွန်တော် ပြင်ဆင်ရမယ်။
Ei Ei Myat

ထူးအယ်လင်းကတော့ ဇနီးဟောင်း ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရသလို သမီးအတွက် ပိုပြီးစိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

photo ; ထူးအယ်လင်း

အဆိုတော် ထူးအယ်လင်းကတော့ မီးမီးခဲ ကွယ်လွန်သွားပြီး နောက် ကျန်ခဲ့တဲ့ သူတို့ရဲ့ တစ်ဦးတည်းသော သမီးလေးအတွက် စိတ်မကောင်း ဖြစ်လို့နေပါတယ်။ မီးမီးခဲ သတင်းကို ကြားကြားချင်းမှာ ထူးအယ်လင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ပို့စ်တစ်ခု တင်ခဲ့ပေမယ့်လည်း မိနစ်ပိုင်းအတွင်းမှာ ပြန်ဖျက်သွားခဲ့ပြီး လွန်ခဲ့တဲ့ (၂)နာရီလောက်က သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ Live လွှင့်ပြီး သမီးလေးအတွက် စိတ်မကောင်းဖြစ်ကြောင်း ပြောပြခဲ့တာပါ။

“ကျွန်တော့်သမီးဆီက သတင်းဝင်လာတယ်၊ ပါးပါးမိုးမိုးဆုံးပြီ ဆိုပြီး ပြောတယ်။ စိတ်မကောင်းပါဘူး ဘာကြောင့် စိတ်မကောင်းဖြစ်တာလဲ ဆိုရင် ကျွန်‌တော့် သမီးအတွက် စိတ်မကောင်းဖြစ်တာ ကျွန်တော်တို့ကျတော့ ပြီးသွားပြီလဲ သူ့မှာလည်း မိသားစု ရှိသလို ကျွန်တော့်မှာလည်း မိသားစု အသစ်ရှိတယ် ။ ကျွန်တော်အဖက်ဖက်ကို ကြည့်ပြီးတော့ ကျွန်တော် ပို့စ်တင်လိုက်သေးတယ်။ ကောင်းရာသုဂတိလားပါစေလို့ ကျွန်တော် ကားမောင်းနေရင်းနဲ့ ရေးပြီး တင်လိုက်တာ။ ဒါပေမယ့် ကျွန်တော်ပြန်စဥ်းစားတယ် သူကြိုက်မှာ မဟုတ်ဘူး သူ့မှာလည်း မိသားစု ရှိတယ် ကျွန်တော့်မှာလည်း မိသားစုရှိတယ်။ နားလည်မှု တစ်ခုနဲ့ ပေးရင် ပေးထားလိမ့်မယ် သူတို့စိတ်ထဲမှာ ကြိုက်မျာမဟုတ်ဘူး အားလုံးက သူ့မိသားစုနဲ့ သူ ရှိနေတာကို ဒါကြောင့်မို့ ကျွန်တော်ပို့စ်ကို ပြန်ဖျက်လိုက်တယ်။ အခု ကျွန်တော်က သူ့ကို စိတ်မကောင်းတော့ စိတ်မကောင်းဘူး ဒါပေမယ့် ကျွန်တော်ပိုပြီး စိတ်မကောင်းဖြစ်ရမှာ ကျွန်တော့်သမိးအတွက် ကျွန်တော်စိတ်မကောင်းဖြစ်ရမှာ သမီးမေမေမရှိတော့ဘူး အဖေကလည်း ပါးပါးပဲ အမေလည်းပါးပါးပဲ ဒါကြောင့်မို ကျွန်တော့်သမီးအတွက် ကျွန်တော်ပြင်ဆင်ရမယ်” လို့ သူက ဆိုပါတယ်။




photo ; ထူးအယ်လင်း

အဆိုတော် မီးမီးခဲအတွက် မိတ်ဆွေအ‌ပေါင်းအသင်းတွေ စိတ်မကောင်းဖြစ်တာကို သူ့အနေနဲ့ နားလည်သလို စိတ်မကောင်းဖြစ်တိုင်း မီးမီးခဲအတွက် ရည်စူးပြီး ကုသိုလ်ရေးလေးတွေ လုပ်ပေးကြပါဆိုပြီး သူရဲ့ live ထဲမှာပြောခဲ့ပါသေးတယ်။

 “မိတ်ဆွေတွေအနေနဲ့ စိတ်မကောင်းဖြစ်တာကို နားလည်ပါတယ် စိတ်မကောင်းဖြစ်တယ်ဆိုရင် သူ့အတွက် ရည်စူးပြီး ကုသိုလ်ရေးလုပ်ပေးကြပါလို့ ပြောချင်တယ်။ကျွန်တော်တို့ အားလုံးသေမျိုးပါ ကျွန်တော်လည်း သေဦးမှာ ကျွန်တော့်သမီးလေးကို ဘယ်လို ခွန်အားပေးစကားပြောရလဲ ဆိုတော့ ပါးပါးလည်း စိတ်မကောင်းဘူး ဒါပေမယ့် ပါးပါးရှိသေးတယ်နော် သမီးလိုတာပြော ကျွန်တော်အားလုံးဖြည့်ဆည်းပေးမယ်။ ကျွန်တော့်သမီးက ကျွန်တော်နဲ့နေတာပါ,သူ့ကို တပင်တိုင် မြနန်းထားတာပါသူ့အမေနဲ့နေတာမဟုတ်ပါဘူး။ ကျွန်တော်စိတ်မကောင်းတာ သမီးအတွက်ပါ ဒါပေမယ့် သမီးအတွက် ဘာတွေ ပြန်လုပ်ပေးရမလဲ ပြင်ဆင်ရလဲ ဒါပဲ စဥ်းစားတယ်” လို့ သူက ဆက်လက်ပြောခဲ့ပါသေးတယ်။

မီးမီးခဲဟာ ဒီနေ့(အောက်



တိုဘာလ ၁၆ရက်) သြစတြေးလျ စံတော်ချိန် ည (၉:၃၁) မိနစ်အချိန်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။



Author


က္က