သူမကလည်း ဇာတ်ပို့ဆုအနေနဲ့ ဆန်ခါတင်စာရင်းဝင် တစ်ယောက်ပါ။
“သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကတော့ Asian Academy Creative Awards ဆုပေးပွဲရဲ့ ဆန်ခါတင်ဆုစာရင်း တွေထဲမှာ ဒါရိုက်တာ ထူးပိုင်ဇော်ဦး နဲ့ ကူးကူးဇင်အောင် တို့က ပါဝင်နေတယ်လို့ သိရပါတယ်။  

Photo: Ku Ku Zin Aung



စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Asian Academy Creative Awards ဆုပေးပွဲမှာ “ သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကတော့ ဆု(၃) ဆုအဖြစ် အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး ဇာတ်ပို့ ဆုနဲ့ အကောင်းဆုံး ဒါရိုက်တာဆုတို့က ဆန်ခါတင်စာရင်း ဝင်နေတယ်လို့ သိရပါတယ်။ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကား အတွက် ဇာတ်ပို့ဆု ဆန်ခါတင် စာရင်းမှာတော့ ကူးကူးဇင်အောင်က ပါဝင်နေတာပါ။ ဒါရိုက်တာ ဆု ဆန်ခါတင် စာရင်းမှာတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ပါဝင်နေတာ ဖြစ်ပါတယ်။ 

ကူးကူးဇင်အောင်ကတော့ Asian Academy Creative Awards ဆုပေးပွဲမှာ သူမရဲ့ ဆရာဖြစ်သူ ထူးပိုင်ဇော်ဦးကို ဆုရစေချင်တယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ ဒီဇင်ဘာလမှာ ကျင်းပမယ့် Asian Academy Creative Awards ပွဲမှာတော့ ဆရာထူးပိုင်ဇော်ဦးကို ရစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုထူးက သူစိမ်းအိမ် ဇာတ်ကားနဲ့ ဒါရိုက်တာ ဆုသာ ရသွားမယ်ဆိုရင် အရမ်းပျော်မိမှာပါ။ အခုကတည်းက ကိုယ့်အတွက် ဆိုတာထက် ကိုယ့်ဆရာ ဖြစ်တဲ့ ကိုထူးအတွက်ကို ကြိုပြီးတော့ ရင်ခုန်နေပါတယ်။ အဓိက ကတော့ မြ ဖြစ်လာဖို့အတွက် ပုံဖော်ပေးခဲ့တာကတော့ ဖူးရဲ့ ဆရာ ဒါရိုက်တာ ထူးပိုင်ဇော်ဦးပါ” လို့ သူကဆိုပါတယ်။ 

 

Photo: Ku Ku Zin Aung

ကူးကူးဇင်အောင်ဟာ ပထမဆုံးအကြိမ် ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးက ပြည်ပနိုင်ငံရဲ့ ဆုပေးပွဲမှာ ဇာတ်ပို့ သရုပ်ဆောင်အဖြစ် ဆန်ခါတင် စာရင်း ဝင်ခဲ့တဲ့အပေါ် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 

“ ကူးက အခု Asian Academy Creative Awards ပွဲမှာ Supporting Role အနေနဲ့ National Winner အဖြစ် ဆန်ခါတင်စာရင်းထဲပါတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကူးအတွက် ပထမဆုံး ဇာတ်ကားကြီးမှာ အခုလို ဆန်ခါတင် စာရင်းထဲ ပါလာတာနဲ့တင်ကို အရမ်းကျေနပ်နေပါပြီ။ ဒီဆုအတွက် ကိုထူးပိုင်ဇော်ဦး ဖုန်းဆက်ပြောတုန်းက ဝမ်းသာလို့ ပျော်တာထက် အရမ်းကို အံ့အားသင့်သွားခဲ့တာ။ ပြီးတော့ ကူးတို့ သူစိမ်းအိမ် ဇာတ်ကားထဲကနေပြီးတော့ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး ဇာတ်ကားဆု ဆိုပြီးတော့ ဆန်ခါတင်စာရင်းမှာ ထပ်ပါတဲ့အတွက် အရမ်းကို ပီတိဖြစ်မိပါတယ်။” လို့ သူက ဆိုပါတယ်။ 

Photo: Ku Ku Zin Aung

 “သူစိမ်းအိမ်” ထဲမှာ " မြ" ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့တဲ့ ကူးကူးဇင်အောင် ဟာ အခုဆိုရင် အနုပညာအလုပ်တွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေရပါပြီ။ ကြော်ငြာရိုက်ကူးမှုတွေလည်း လက်ခံထားသလို ဇာတ်ကားရိုက်ကူးမှုတွေလည်း လက်ခံထားတယ်လို့ ဆိုပါတယ်။ သူမအနေနဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးထားတဲ့ “လရဲ့အောက်ဘက်မိုင်အဝေးမှာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း ထပ်မံပါဝင်ခွင့်ရရှိထားပါသေးတယ်။ ဒီရုပ်ရှင်မှာတော့ သူမကို “သူစိမ်းအိမ်”ထဲက ကာရိုက်တာနဲ့ မတူတဲ့ ပုံစံမျိုးနဲ့တွေ့မြင်ရမှာဖြစ်လို့ စောင့်မျှော်အားပေးဖို့ တောင်းဆိုထားပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က