အရှေ့မှာ ကောင်းပြပြီး နောက်ကွယ်မှာ ဝေဖန်တာတွေရှိတယ်။

Annie ကတော့ ဂီတနဲ့ ပတ်သက်ပြီး ကြိုးစားနေရတဲ့ အချိန်မှာ အွန်လိုင်းပေါ်ကနေ ဝေဖန်တာထက် အပြင်မှာ ဝေဖန်ကြတာ တော်တော်ပြင်းတယ်လို့ ဆိုပါတယ်။ 

Photo: Annie



Annie ကတော့ The Voice Myanmar (Season-3) သီချင်းဆိုပြိုင်ပွဲကနေ ထွက်ပြီးတဲ့နောက် ဂီတအလုပ်တွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။ သူ့ အနေနဲ့ ဂီတလောကထဲကို မဝင်ရောက်ခင်ကတည်းက ဝေဖန်မှု များစွာ ကို ရင်ဆိုင်လာခဲ့ဖူးသူဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဝေဖန်မှုတွေကနေ သူမက သင်ခန်းစာတွေ ယူတယ်လို့ Duwun ကို ပြောပါတယ်။ 

“ ကိုယ်က ဂီတလောကထဲကို ဝင်မယ်ဆိုရင် ဝေဖန်မှုက အနည်းနဲ့ အများ ခံရမှာပဲ။ ကောင်းတဲ့ ဝေဖန်မှုရော၊ မကောင်းတဲ့ ဝေဖန်မှုပါရှိတယ်။ ကောင်းတာလေးတွေ ရွေးပြီးတော့ မှတ်သားထားပါတယ်။ လူတစ်ယောက် နဲ့ တစ်ယောက် ဖြစ်တည်မှုခြင်း မတူကြဘူး။ ဆုံးဖြတ်ချက်လည်း မတူဘူး၊ လုပ်တာကိုင်တာခြင်းလည်း မတူကြတော့ ကိုယ့်ကို ပြောလာခဲ့ရင် ဒေါသထွက်တာထက် ကိုယ့်ရဲ့ လိုအပ်ချက်ကို ပြန်မြင်ပြီး ပြန်ပြင်လိုက်တယ်။ ကိုယ့်အကြောင်းကို မသိလို့ ဝေဖန်ကြတယ်လို့ပဲ တွေးပါတယ်။ ညီမကို အွန်လိုင်းပေါ်မှာ ဝေဖန်တာမျိုးမဟုတ်ပဲနဲ့ အပြင်မှာလည်း ဝေဖန်တာတွေကို ခံခဲ့ရတာတွေ အများကြီး ရှိခဲ့ဖူးတယ်” လို့ သူကဆိုပါတယ်။ 

Photo: Annie

အပြင်မှာ ဝေဖန်ကြတာတွေကတော့ သူမရဲ့ စိတ်နေစိတ်ထားတွေ၊ နေပုံထိုင်ပုံတွေကြောင့် အများဆုံး အပြောခံရတယ်လို့ Annie က ဆိုပါတယ်။ သူမအတွက် အပြင်းထန်ဆုံးလို့ ခံစားရတဲ့ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့အကြောင်းကို ဆက်လက် ပြောပြလာပါတယ်။ 

“ အရင်တုန်းကဆိုရင် ညီမက တဇွတ်ထိုးဆန်တယ်၊ ကိုယ်လုပ်ချင်တဲ့ အရာဆိုရင် မရ ရအောင်လုပ်တယ်။ မှားတယ်ပြောပြော မှန်တယ်ပြောပြော ကိုယ်မှန်တယ်ထင်တာကို ကိုယ်လုပ်တယ်။ လူငယ် တစ်ယောက်အနေနဲ့ ကိုယ်လုပ်နေတဲ့ အလုပ်တွေနဲ့ ပတ်သက်ပြီး ကိုယ့်ထက် အသက်ကြီးတဲ့ လူကြီးတွေကရော၊ ရွယ်တူတွေကရော၊ အသက် ငယ်တဲ့ လူတွေကရော ပြောတယ်။ ကိုယ့်အရှေ့မှာကျတော့ အရမ်းကောင်းပြီး ကိုယ့်နောက်ကွယ်မှာ ကျတော့ အရမ်းတွေ ပြောကြတာ အဲဒီခံစားချက်လောက် ဘယ်လို ဆိုးဦးမလဲနော်။ ကိုယ့်ရဲ့ နေပုံထိုင်ပုံတွေနဲ့ ပတ်သက်ပြီးတော့လည်း အပြောခံရတယ်၊ လူငယ်သဘာဝ သမီးရည်းစား ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန်ပြောဆိုတာတွေ ခံခဲ့ရပြီးပြီ။ အဲဒါတွေလောက် ပြင်းတဲ့ ဝေဖန်မှု မရှိနိုင်တော့ပါဘူး” လို့ ဆိုပါတယ်။
 

Photo: Annie

Annie ဟာ ၂၀၁၇ လောက်ကတည်းက သူမကြိုက်နှစ်သက်တဲ့ အင်္ဂလိပ်သီချင်းလေးတွေကို Cover Song အဖြစ် သီဆိုရင်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြန်လည် မျှဝေခဲ့ရာမှာ ပရိသတ်တွေက အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ The Voice Myanmar(Season-3) မှာ Team Kyar Pauk အဖွဲ့ကနေ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အချိန်မှာတော့ ပရိသတ်တွေရဲ့ အားပေးမှုကို ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က