ကာရိုက်တာ စုံအောင်ရိုက်ချင်လို့ အရှည်မထားခဲ့ရဘူး။

နေတိုးကတော့ ပရိသတ်ရဲ့ အမြင်ကို ပြောင်းလဲသွားစေနိုင်မယ့် ဇာတ်ကားလေးတွေ ရိုက်ကူးဖို့ ရှိတယ်လို့ ဆိုပါတယ်။ 

Photo: Nay Toe (YouTube)



သရုပ်ဆောင် နေတိုးကတော့ အောက်တိုဘာလ (၃) ရက်နေ့တုန်းက သူ့ရဲ့ ကိုယ်ပိုင် YouTube Channel လးကို စဖွင့်ခဲ့တာ တွေ့ရပါတယ်။ သူ့ကို ချစ်တဲ့ ပရိသတ်တွေအတွက် ဒီ YouTube Channel လေးကနေတဆင့် တင်ပြသွားမယ့် အကြောင်းအရာလေးတွေကို နေတိုးက အခုလို ပြောပြလာပါတယ်။ 

“ ဒီ YouTube Channel လေးက ကျွန်တော် အိုင်ဒီယာ ရရင် ရသလို ဒီကနေ ဗီဒီယိုလေးတွေ တင်ပေးသွားဖို့ရှိပါတယ်။ ဒီ Channel လေးမှာ ကျွန်တော် ဖန်တီးထားတဲ့ အရာ အားလုံးကတော့ ကျွန်တော့်ရဲ့ အတွေးတွေ၊ စိတ်တွေနဲ့ နီးစပ်တာလေးတွေ ပိုပြီးတော့ တင်ဖြစ်မယ့်အကြောင်း ကြိုပြောပြချင်ပါတယ်။ ပုံမှန်ဆိုရင် Live ကို Product တစ်ခု မဟုတ် တစ်ခု ပါလေ့ရှိတယ်။ ဒီတစ်ခါတော့ ဘာ Product မှ မပါဘူးပေါ့နော်။ ဒီ Live ကတော့ ကျွန်တော် အိမ်မှာနေတဲ့ Stay Home ပုံစံအတိုင်းပဲ YouTube ကနေ Live လွှင့်တာဖြစ်ပါတယ်” ဆိုပြီးတော့ အောက်တိုဘာလ (၁၈) ရက်နေ့ ညနေပိုင်းက “ Nay Toe” YouTube Channel လေးမှာ Live လွှင့်ရင်း ပြောခဲ့တာပါ။ 

Photo: Nay Toe (YouTube)

ဒီ YouTube Live လေးမှာ နေတိုးက ဆံပင်အရှည်ထားဖြစ်နေတဲ့ အကြောင်း ပြောပြခဲ့ပါသေးတယ်။ Stay Home ကာလမှာ ဆံပင်အရှည်ထားတဲ့ ရည်ရွယ်ချက်ကတော့ ရိုက်ကူးရေးတွေ ပြန်လုပ်ခွင့်ရပြီဆိုရင် ပရိသတ်ရဲ့ အမြင်ကို ပြောင်းလဲသွားစေနိုင်မယ့် ဇာတ်ကားလေးတွေ ရိုက်ချင်တယ်လို့ သူက ဆိုပါတယ်။ 

“ ကျွန်တော် Stay Home မှာ ဆံပင်အရှည် ထား ထားပါတယ်။ ဆံပင်အရှည်နဲ့ ရိုက်ဖို့အတွက် ဇာတ်ကားလေးတွေလည်း ရှိလို့ ဆံပင်အရှည် ထားထားတာပါ။ ကျွန်တော်က ဟိုး ငယ်ငယ်ကတည်းက ဆံပင်အရှည်ထားရတာကို သဘောကျတာပါ။ ဒါပေမယ့် ဆံပင်ကို ကာရိုက်တာအရ ဇာတ်ရုပ် အစုံလုပ်လို့ရအောင်ပဲ ထားခဲ့တာများတယ်။ Covid ကာလမှာလည်း နားလိုက်ရတဲ့အခါကျတော့ ဆံပင်အရှည်ထားပြီး ပရိသတ်ကို အမြင်လေးပြောင်းသွားစေမယ့် ဇာတ်ကားတွေကိုလည်း ရိုက်ပေးချင်တဲ့ ဆန္ဒကြောင့် ဆံပင်အရှည်ကို ထားလိုက်တာဖြစ်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Nay Toe (YouTube)

နေတိုးဟာ အနုပညာနဲ့ ပတ်သက်လာရင် စွယ်စုံရ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ အနုပညာခြေလှမ်းအစအနေနဲ့ Music Video တွေမှာ သရုပ်ဆောင်လာရင်းကနေ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ TV ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ အခုချိန်မှာတော့ နေတိုးက အကယ်ဒမီ ဆုတွေကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ ဒီဆုတွေကတော့ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က