အခုတော့ အနုပညာသက်တမ်းက (၇) နှစ်တောင်ရှိနေပါပြီ။

ရွှေသမီးကတော့ အနုပညာကို ဝါသနာပါလွန်းတာကြောင့် မန္တလေးကနေ ရန်ကုန်ကိုလာပြီး သရုပ်ဆောင် တစ်ယောက် ဖြစ်အောင် ကြိုးစားလာခဲ့ရသူပါ။

Photo: Shwe Thamee



အနုပညာပျိုးခင်း(၂) ကနေ စင်တင်ပေးလိုက်တဲ့ မင်းသမီးချောလေး ရွှေသမီးကတော့ အခုဆိုရင် အနုပညာသက်တမ်း (၇) နှစ်ရှိနေပါပြီ။ ပထမဆုံးရိုက်ကူးခဲ့တဲ့ “စိတ်ကူးရင်ခွင်” ဆိုတဲ့ ဗီဒီယိုဇာတ်ကားလေး ကနေတဆင့် အနုပညာလောကထဲ ဝင်ရောက်လာခဲ့တဲ့ အမှတ်တရတွေကို အခုလို ပြောပြထားပါတယ်။ “ ရွှေက အနုပညာလောကထဲကို ၂၀၁၃-၁၄ ခုနှစ်လောက်တုန်းက ဝင်ရောက်လာတာ ဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေ စတင်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ (၇) နှစ်တာ ပတ်ဝန်းကျင်ရှိပါပြီ။ ဒီ (၇) နှစ်တာ ကာလအတွင်းမှာ ပထမဆုံးရိုက်ခဲ့တဲ့ ဗီဒီယို ဇာတ်ကားက “ စိတ်ကူးရင်ခွင်” ဆိုတဲ့ ဗီဒီယို ဇာတ်ကားလေးပါ။ ဒီကားက ကိုယ့်ဘဝမှာ ပထမဆုံးရိုက်ခဲ့တာ ဆိုတော့ မမေ့နိုင်စရာ အမှတ်တရလို့ ပြောရမှာပေါ့နော်။ နောက်ထပ် အမှတ်တရကတော့ ကိုယ်လေးစား အားကျရတဲ့ အနုပညာရှင်တွေကို ရိုက်ကွင်းတွေမှာဖြစ်ဖြစ်၊ အပြင်ပွဲတွေမှာ ဖြစ်ဖြစ်၊ တစ်နေရာရာမှာ ဆုံရတဲ့အခါ ကိုယ်တိုင်က စိတ်လှုပ်ရှားခဲ့ရပါတယ်။ အနုပညာရှင်အစစ်တွေကို ချစ်တယ်၊ လေးစားတယ်၊ ရွှေကိုယ်တိုင်လည်း အနုပညာအလုပ်တွေကို ပို ကြိုးစားလုပ်ကိုင်မယ်” ဆိုပြီးတော့ ရုပ်ရှင် နှစ်(၁၀၀)ပြည့် အတွက် ဂုဏ်ပြုစကားပြောရင်း ပြောပြခဲ့တာဖြစ်ပါတယ်။ 

Photo: Shwe Thamee

ရွှေသမီးဟာ အနုပညာမျိုးရိုးထဲက ဆင်းသက်လာတဲ့သူ မဟုတ်တဲ့အတွက် ဝါသနာ အရင်းခံကြောင့်သာ သရုပ်ဆောင် တစ်ယောက် ဖြစ်လာတာပါ။ ငယ်စဉ်က TV မှာ မြန်မာဇာတ်ကားတွေ စောင့်ကြည့်ခဲ့ရတဲ့ သူမဟာ အခုချိန်မှာ အနုပညာရှင်တစ်ယောက် ဖြစ်လာတဲ့ ခံစားချက်ကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။ “ငယ်ငယ်ကဆိုရင် အကယ်ဒမီပေးပွဲ၊ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ ကို TV မှာ လာရင် အမြဲစောင့်ကြည့်ခဲ့ရတယ်။ သို့ပေမယ့် အခုချိန်မှာ ဒီအလုပ်တွေကို ကိုယ်က လုပ်ခွင့်ရနေတဲ့အတွက် ကိုယ့်ကို အထောက်အပံ့အများကြီးပေးခဲ့တဲ့ ဆရာသမားကောင်းတွေကို အများကြီး ကျေးဇူးတင်ပါတယ်။ ရွှေ့ အနေနဲ့ သရုပ်ဆောင် ပညာရပ်၊ သရုပ်ဆောင် အလုပ်ကိုလည်း လုပ်ရလိမ့်မယ်လို့လည်း မတွေးခဲ့မိဖူးဘူး။ ရွှေတို့ အမျိုးထဲ၊ ပတ်ဝန်းကျင်ထဲမှာလည်း အနုပညာရှင်ဆိုတာ မရှိခဲ့ဘူး။ ဒါပေမယ့် အခုချိန်မှာ ရွှေက အနုပညာလုပ်ငန်းတွေကို လုပ်ခွင့်ရနေတယ်။ ရွှေကိုယ်တိုင်ကလည်း ဝါသနာပါလို့ ဒီအလုပ်ကို လုပ်တာ ဖြစ်တဲ့အတွက် အခုဆိုရင် (၇) နှစ်ရှိနေပါပြီ” လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Shwe Thamee

ရွှေသမီးကတော့ မန္တလေးဇာတိဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် အလုပ်ကို ဝါသနာပါတဲ့အတွက် အနုပညာပျိုးခင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း အနုပညာလောကထဲကို ရောက်ရှိလာခဲ့သူပါ။ ပေးအပ်လာတဲ့ ဇာတ်ရုပ်တိုင်းကို သဘာဝကျကျနဲ့ အကောင်းဆုံး၊ အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့တဲ့ အရည်အချင်းတွေကြောင့်လည်း အခုချိန်မှာ ပရိသတ် အခိုင်အမာ ရရှိလာတဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်လို့နေပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က