တစ်ယောက်နဲ့ တစ်ယောက် အမြဲတိုင်ပင်ဖြစ်တယ်။

မီးနိုဟာ မီးမီးခဲ ရေးပေးခဲ့တဲ့ သီချင်းတွေနဲ့ မီးမီးခဲကို ပျော်အောင် ဖန်တီးပေးနိုင်ခဲ့တာဟာ သူ့အတွက် မမေ့နိုင်တဲ့ အမှတ်တရလေးတစ်ခုပါလို့ ဆိုပါတယ်။ 

Photo: Mee No



အဆိုတော် မီးနိုကတော့ သူရဲ့ တစ်ကိုယ်တော် အခွေတိုင်းမှာ သီချင်း အမြဲရေးပေးတတ်တဲ့ မီးမီးခဲ နဲ့ အမှတ်တရကောင်းတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ မီးမီးခဲ ရေးပေးခဲ့တဲ့ သီချင်းတွေကို အကောင်းဆုံး ကြိုးစား သီဆိုခဲ့တာကြောင့် အောင်မြင်မှုတွေ ရလာတဲ့ အချိန်မှာ မီးမီးခဲရော၊ မီးနိုရော ပျော်ရွှင်ခဲ့ရတယ်လို့ Duwun ကို ပြောပါတယ်။ 

“ မီးနို ၂၀၁၄ တုန်းက စပြီးတော့ တစ်ကိုယ်တော် အခွေ ထွက်တဲ့အချိန်ကတည်းက မမီးမီးခဲ ရေးပေးတဲ့ သီချင်းလေးတွေ မီးနို အခွေထဲမှာ ပါခဲ့တယ်။ ဒုတိယအခွေမှာလည်း အစ်မရေးပေးတဲ့ သီချင်း ထပ်ပါသေးတယ်။ အဲဒီအတွက် ကျေနပ်တယ်။ တတိယအခွေမှာတော့ အစ်မရေးပေးတဲ့ သီချင်းလေး တစ်ပုဒ် ထပ်ထည့်ချင်သေးတော့ အစ်မရဲ့ ခင်ပွန်းကို ခွင့်တောင်းပြီး သီချင်းတစ်ပုဒ်ယူဦးမယ်။ ဒုတိယအခွေထဲက “မျှော်လင့်ရင်းနဲ့’’သီချင်းလေးက အစ်မ ရေးပေးထားတာ ဒီသီချင်းကို “ စတုတ္ထမြောက် သွေးကြောမျှင်” ဆိုတဲ့ ရုပ်ရှင်ကားကြီးထဲမှာ ပါမယ်၊ ဒီသီချင်းလေးကိုလည်း Music Video ရိုက်မယ်၊ ပိုင်တံခွန်နဲ့ ရိုက်ဖို့အတွက် Approve ဖြစ်သွားတယ်။ ဘာပဲဖြစ်ဖြစ် အစ်မက ဒီပီတိတွေကို ခံစားသွားရတာကို တွေ့ရတယ်။ပျော်လည်း ပျော်တယ် ဝမ်းလည်း ဝမ်းသာတယ်။ အစ်မနဲ့ ပတ်သက်ပြီး မီးနို လုပ်ပေးခဲ့နိုင်တယ်ပေါ့" လို့ ဆိုပါတယ်။ 

Photo: Mee No

မီးနို နဲ့ မီးမီးခဲတို့ဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်တာကြောင့် ဘုရားကျောင်းတွေမှာလည်း သီချင်း အတူတူ ဆိုခဲ့ဖူးတာကိုလည်း တွေ့ရပါတယ်။ မီးနိုဟာ မောင်နှမ အရင်းအချာ မရှိတဲ့ အတွက် မီးမီးခဲကို အစ်မတစ်ယောက် လို သဘောထားတယ်လို့ ဆိုပါတယ်။

“မီးနိုမှာ မောင်နှမတွေ မရှိပေမယ့် အစ်မက မီးနိုရဲ့ အစ်မတစ်ယောက်လိုပဲ သူနဲ့ အမြဲတမ်းရင်ဖွင့်ဖြစ်တယ်။ မီးနိုအပေါ် အပေါင်းအသင်းတွေ ဘယ်လို ဆိုးခဲ့ကြတယ်၊ မီးနို ဘယ်လို ခံစားရတယ်ဆိုတာတွေ ပြောပြတယ်။ အစ်မ ကိုယ်တိုင်ကလည်း သူ ဘာတွေ ကြုံတွေ့ခဲ့ရတယ် ဆိုတာကို ကိုယ့်ကို ပြောပြတယ်။ အပြင်မှာ ဆုံရင်လည်း ဆိုဂျူတွေ အတူတူသောက်ပြီး ငိုရင်းနဲ့ ရင်ဖွင့်ခဲ့ကြတာတွေတောင် ရှိခဲ့တယ် အဲဒီလောက်အထိ ရင်းနှီးခဲ့ကြတာပါ" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Mee No

မီးမီးခဲကတော့ အောက်တိုဘာလ(၁၆) ရက်နေ့က သြစတြေးလျနိုင်ငံမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ အချိန်မှာ အသက်(၃၇) နှစ်ရှိလို့နေပါပြီ။ သူမ ကွယ်လွန်ခဲ့တဲ့ သတင်းဟာ ဂီတလောကအတွက် ကြယ်တစ်ပွင့်ကို ဆုံးရှုံးလိုက်ရသလိုမျိုး ဂီတအနုပညာရှင်တွေနဲ့ ပရိသတ်တွေက အင်မတန် စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က