၂၀၁၁ ခုနှစ်ကတည်းက အနုပညာလောကထဲ ရောက်ရှိလာသူပါ။

သရုပ်ဆောင် ရွှေပိုးအိမ်ကတော့ ဗီဒီယိုဇာတ်ကားတွေကို စတင်ရိုက်ကူးခဲ့ရာမှ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလာရတဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်လို့နေပါပြီ။ 

photo: shwe poe eain



၂၀၁၁ ခုနှစ်က စပြီး မာန်ထက်ချီရုပ်ရှင်ထုတ်လုပ်ရေးကနေတဆင့် စင်တင်ပေးခဲ့တဲ့ မင်းသမီးချောလေးကတော့ သရုပ်ဆောင် ရွှေပိုးအိမ်ဖြစ်ပါတယ်။ ရွှေပိုးအိမ်ရဲ့ အနုပညာလမ်းခရီးကတော့ အခုဆိုရင် (၉) နှစ်တာကာလကို ရောက်ရှိလာခဲ့ပါပြီ။ ဒီ(၉) နှစ်တာ ကာလမှာ သူမရဲ့ အတွေ့အကြုံတွေကို အခုလို ပြောပြလာပါတယ်။ 

“ ရွှေပိုးကတော့ ၂၀၁၁ ခုနှစ်တုန်းက မာန်ထက်ချီကလုပ်တဲ့ သရုပ်ဆောင် ရွေးပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်းနဲ့ အနုပညာလောကထဲကို ရောက်လာခဲ့တာပါ။ ရွှေပိုးရိုက်ထားတဲ့ ဇာတ်ကားတွေထဲမှာ ဗီဒီယိုက ကား(၂၀၀) လာက်ရှိပါပြီ။ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ကား(၃၀) နီးပါးလောက်ပဲရှိပါသေးတယ်။ ရွှေပိုး အများကြီး ကြိုးစားဖို့ လိုပါသေးတယ်။ ရွှေပိုး အခုလို ဗီဒီယိုတွေ၊ ရုပ်ရှင်တွေရိုက်ရတယ်ဆိုတာကလည်း အနုပညာလောကထဲက စီနီယာတွေရဲ့ လက်တွဲခေါ်ပေးမှုကြောင့် ဒီနေရာကို ရောက်လာခဲ့တာပါ” ဆိုပြီးတော့ မန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့် ဂုဏ်ပြုစကားပြောရင်း အခုလို ပြောပြခဲ့တာပါ။ 

photo: shwe poe eain

ရွှေပိုးအိမ်ဟာ သူ့ရဲ့ အနုပညာသက်တမ်းမှာ ရိုက်ကူးခဲ့ရတဲ့ ဇာတ်ကားပေါင်းများစွာရှိတဲ့ အထဲကမှ သူအကြိုက်ဆုံး ဇာတ်ကား (၂) ကားရှိတယ်လို့ ဆိုပါတယ်။ ဒါကတော့ ဒါရိုက်တာ မီးပွားရိုက်ကူးတဲ့ “ ရက်ရက်စက်စက်မိုး” ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာ ခင်လှိုင်ရိုက်ကူးတဲ့ “ချိုးရုပ်” ရုပ်ရှင်ဇာတ်ကား တွေဖြစ်ပါတယ်။ ဒီဇာတ်ကား နှစ်ကားနဲ့ ပတ်သက်ပြီး သူမရဲ့ အမှတ်တရတွေကို ပြန်လည်ပြောပြလာပါတယ်။ 

“ ဒါရိုက်တာ ဦးမီးပွားရိုက်တဲ့ “ရက်ရက်စက်စက်မိုး” ကားမှာ ရွှေပိုးက ဗန့်အနေနဲ့ သရုပ်ဆောင်ရတာ အရမ်းကြိုက်တဲ့ ဗန့် ကာရိုက်တာ တစ်ခုပါ တော်တော်လေးကို အမှတ်တရ ဖြစ်ခဲ့တဲ့ ကားပါ။ နောက်တစ်ကားက ဦးခင်လှိုင်ရိုက်တဲ့ “ချိုးရုပ်” ဇာတ်ကားပါ။ အဲဒီကားထဲမှာတော့ စိတ္တဇဝေဒနာရှင် ခင်လှ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါ။ ပါဝင်ရတဲ့ အခန်းကဏ္ဍက အရမ်းနည်းပေမယ့် ကိုယ်က သရုပ်ဆောင် တစ်ယောက်ဖြစ်ချင်တဲ့သူမို့လို့ ကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်ချင်တယ်၊ ကိုယ်ပါရမယ့် အခန်းက တစ်ခန်းဖြစ်ဖြစ်၊ နှစ်ခန်းဖြစ်ဖြစ် သရုပ်ဆောင်နေရရင်ပျော်တဲ့ သူဆိုတော့ ခင်လှ ကာရိုက်တာ ရိုက်ရမယ့်အချိန်မှာ အရမ်းပျော်သွားတယ်။ ရိုက်တဲ့ အချိန်မှာလည်း ဦးခင်လှိုင်က သေချာသင်ပေးတယ်။ အရမ်းငိုရတယ်၊ အရမ်းခံစားပြီးရိုက်ခဲ့ရတာပါ။ နောက်ထပ် အခွင့်အရေးသာ ရခဲ့မယ်ဆိုရင် ဒီ့ထက် ပိုကောင်းအောင် ရိုက်ချင်ပါတယ်” လို့ သူကဆိုပါတယ်။  

photo: shwe poe eain

ရွှေပိုးအိမ် ကိုတော့ ပရိသတ်တွေက ဗီဒီယိုဇာတ်ကားတွေကနေတဆင့် အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမဟာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာတဲ့မင်းသမီးတစ်ယောက်ဖြစ်လို့နေပါပြီ။ လက်ရှိမှာလည်း ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေရသူ ဖြစ်သလို မိသားစုနဲ့ဖြစ်ဖြစ်၊ ပရိသတ်တွေနဲ့ဖြစ်ဖြစ် အလှူအတန်းဆိုရင်လည်း အမြဲမပြတ် ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ Covid ကာလမှာလည်း သူမက နာရေးကူညီမှုအသင်း(ရန်ကုန်) မှာ ဈာပနလမ်းကြောင်းတွေအတွက် Volunteer အလုပ်ကို လုပ်ကိုင်နေတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က