အသက်ငယ်ပါသေးတယ် သူဖြတ်ကျော်နိုင်မှာပါ။

အဲလက်စ်ကတော့ သမီးလေး Dora အဲလက်စ် ဟာ နိုင်ငံခြားမှာ ပညာသင်နေရင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံလိုက်ရတဲ့အတွက် ဖခင်တစ်ယောက်ရဲ့ စိုးရိမ်ပူပန်နေမှုတွေကို ပြောပြလာပါတယ်။ 

Photo: Dora



အဲလက်စ်ရဲ့ သမီး Dora အဲလက်စ်ကတော့ ဆွစ်ဇလန်နိုင်ငံ Lausanne မြို့မှာ ပညာသင်ကြားနေရင်း လွန်ခဲ့တဲ့ (၅) ရက်လောက်က ကိုဗစ်ရောဂါပိုးကူးစက်ခံလိုက်ရတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ ဆေးစစ်ချက်အဖြေဟာ Positive ဖြစ်တာကြောင့် သူ့ရဲ့ ကျောင်းမှာပဲ Quarantine

ဝင်နေရတာပါ။ နိုင်ငံခြားမှာ တစ်ယောက်တည်း ပညာသွားသင်ရင်း အခုလို Covid ရောဂါကူးစက်ခံလိုက်ရတဲ့ အချိန်မှာ ဖခင်ဖြစ်တဲ့ အဲလက်စ်က သမီးလေးအတွက် စိတ်ပူရတဲ့ ခံစားချက်တွေကို Duwun ကနေ ပြောပြလာပါတယ်။ 

“ သူက သိပ်နေလို့မကောင်းဘူး အဖေ ဆိုပြီးတော့ ပြောတယ်၊ သူတို့ ဆရာက Positive ဖြစ်တယ်တဲ့။ အဲဒီ ဆရာနဲ့ သူတို့ အတူတူ ထမင်းစားမိတာဖြစ်တဲ့အတွက် ဆရာနဲ့ ထိတွေ့ခဲ့တဲ့ သူတွေ အကုန်လုံး Quarantine ဝင်ရတယ်။ စိတ်ပူရတာကတော့ သူနိုင်ငံခြားကို ပြန်သွားမယ် ဆိုတဲ့ အချိန်ကတည်းကပေါ့နော်။ သူသွားတာလည်း တစ်လ ကျော်ကျော်လောက်ပဲ ရှိဦးမယ်ထင်တယ်။ သူလည်း သေသေချာချာ စဉ်းစားပြီးမှ သွားတာပါ။ ပြီးတော့ သမီးလေးက ကျောင်းစာကိုလည်း မရပ်ထားချင်တော့ သူ့ဆုံးဖြတ်ချက်နဲ့ သူသွားတာပါ။ အခု ဖြစ်လာတော့ မတတ်နိုင်ပါဘူး။ ဟိုမှာ သူက တစ်ယောက်တည်းဆိုတော့ မိဘတွေ အနေနဲ့ စိတ်ပူရတာပေါ့နော်” လို့ သူကဆိုပါတယ်။ 

Photo: Dora

လက်ရှိမှာတော့ Covid Positive ကြောင့် Quarantine ဝင်နေရတဲ့ သမီးဖြစ်သူ Dora အဲလက်စ်ကို အွန်လိုင်းကနေပဲ အားပေးစကားပြောဖြစ်တယ်လို့ အဲလက်စ် ကဆိုပါတယ်။ သမီးဖြစ်သူရဲ့ အသက်ဟာ (၂၀) သာရှိသေးပေမယ့် မထင်ရလောက်အောင် စိတ်ဓာတ်မာကြောသူ ဖြစ်တာကြောင့် အရမ်းကြီး စိတ်ပူစရာ မရှိဘူးလို့လည်း ပြောပါတယ်။ 

“ အခုချိန်မှာ Video Call ခေါ်ပြီးတော့ စကားပြောလို့ရတယ်။ သူ ကောင်းကောင်း ကျော်ဖြတ်နိုင်မယ်လို့ အစ်ကိုထင်တယ်။ အခုချိန်မှာ သူက အသက်(၂၀) ပဲရှိပါသေးတယ်။ အသက်ကလည်း ငယ်ငယ်လေးရှိသေးတာဆိုတော့ အဆင်ပြေမှာပါ၊ နေကောင်းသွားမှာပါဆိုပြီးတော့ မိဘတွေကလည်း အားပေးစကားပြောရတာပေါ့။ သူက စိတ်တော့ မာတယ်။ အဲဒီအတွက် အရမ်းစိတ်မပူတော့ဘူး။ စိတ်ပူနေလည်း ကိုယ်က ဘာမှလည်း အခုချိန်မှာ မလုပ်ပေးနိုင်ဘူးလေ။ လုပ်စရာရှိတာ လုပ်နေဖို့ မိဘနှစ်ပါးကတော့ အမြဲပြောတယ်။ သူကလည်း နားထောင်ပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Dora

Dora အဲလက်စ် ကိုယ်တိုင်ကလည်း ဒီနေ့ ( အောက်တိုဘာလ ၂၁ ရက်) ဆိုရင် Quarantine ဝင်တာ (၆) ရက်ရှိပြီလို့ ဆိုပါတယ်။ Quarantine ဝင်နေရချိန်မှာ ခံစားနေရတဲ့ ရောဂါ လက္ခဏာတွေကတော့ အသက်ရှုကြပ်တာ၊ နှာခေါင်းပိတ်တာ၊ အနံ့တွေ မရတော့ တာ၊ အရသာ ခံစားလို့မရတာ နဲ့ လည်ချောင်းနာ တာတွေ ဖြစ်ပွားခဲ့တယ်လို့ အောက်တိုဘာလ ၂၀ ရက်နေ့ ညက လွှင့်ခဲ့တဲ့ သူမရဲ့ Facebook Live မှာ ပြောပြထားတာပါ။ သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျောင်းကလည်း ဂရုစိုက်ပေးတယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က