အောက်တိုဘာလ (၂၉) ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာပါ။

အဆိုတော် တင်ဇာမော်ကတော့ အောက်တိုဘာလ (၂၉) ရက်နေ့မှာ သူချစ်ရတဲ့ ပရိသတ်တွေအတွက် အွန်လိုင်းပေါ်ကနေ ဂီတဖျော်ဖြေပွဲလုပ်ဖို့ ပြင်ဆင်နေပြီလို့ဆိုပါတယ်။ 

Photo: Tin Zar Maw



တင်ဇာမော်ကတော့ အောက်တိုဘာလ (၂၉) ရက်နေ့ည(၈) နာရီအချိန်မှာ High-Street Concert ဂီတဖျော်ဖြေပွဲကျင်းပသွားမယ်လို့ သိရပါတယ်။ ဒီပွဲမှာ အဆိုတော် ဖြိုးပြည့်စုံနဲ့ Jewel တို့ကလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။ Hight Street Live Concert အတွက် ကြိုတင်ပြင်ဆင်မှုတွေကို တင်ဇာမော်က Duwun ကို ပြောပြလာပါတယ်။ 

“ အခုတော့ အစ်မတို့တွေ အကုန်လုံး Hotel quarantine ဝင်နေကြတယ်။ ဒီအချိန်မှာ သီချင်းတွေတိုက်တယ်၊ ရိုက်ကူးရေးအတွက် Promo Shooting တွေ လုပ်တယ်၊ ပြီးရင် လိုအပ်တဲ့ ရိုက်ကူူးရေးတွေ လုပ်ကြတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့ဆိုရင်တော့ အားလုံး ကြည့်လို့ရပါပြီ။ Quarantine ဝင်တာက (၁၇) ရက်နေ့ကစဝင်တာ ဒီနေ့ (၂၁) ရက်နဲ့ဆို ၅ ရက်ရှိပြီ။ ဒီပွဲမှာ အစ်မကတော့ သီချင်း (၁၀) ပုဒ်ဆိုမယ် ဖြိုးပြည့်စုံနဲ့ ဂျူဝယ်တို့က (၅)ပုဒ်၊ (၆)ပုဒ်လောက်ဆိုမယ်။ ပြီးရင် အစ်မနဲ့လည်း စုံတွဲသီချင်းလေးတွေ ဆိုကြဦးမှာဆိုတော့ တစ်ပွဲလုံးအတွက် သီချင်း အပုဒ်ရေက (၁၅) ပုဒ်လောက်ရှိမယ်” လို့ ဆိုပါတယ်။ 

Photo: Tin Zar Maw

တင်ဇာမော်ဟာ အခုလို Hotel quarantine ဝင်ပြီး ဂီတဖျော်ဖြေပွဲအတွက် ပြင်ဆင်ရတာဟာ သူမအတွက် ပထမဆုံး အတွေ့အကြုံပဲလို့ဆိုပါတယ်။ သူချစ်ရတဲ့ ပရိသတ်တွေအတွက် အခက်အခဲတွေကြားက ကြိုးစားပြီး ဖျော်ဖြေရမှာဖြစ်လို့ စိတ်လှုပ်ရှားနေတယ်လို့လည်း ပြောပါတယ်။ 

“ ပရိသတ်ကြီးက အွန်လိုင်းကနေ အားပေးရမယ်၊ ကြည့်ရှု နားဆင်ရမယ်။ အစ်မတို့ကတော့ ဖျော်ဖြေရေးအတွက် Quarantine ဝင်ပြီးတော့ စီစဉ်ကြိုးစားနေပါတယ်။ ပရိသတ်ကလည်း ရင်ခုန်နေမယ်လို့ အစ်မ ထင်တယ်။ အစ်မတို့ ကိုယ်တိုင်ကလည်း စိတ်လှုပ်ရှားနေကြပါတယ်။ အခုလို Quarantine ဝင်ပြီး ဖျော်ဖြေရတဲ့ အတွေ့အကြုံက New Normal Life ပေါ့နော်။ အစ်မတို့ ရိုက်ကူးရေးအတွက်လည်း တစ်စုတစည်းတည်း အားလုံးတစ်နေရာတည်းမှာ ရက်ပေါင်းများစွာ အတူတူ ဖန်တီးခွင့်ရတဲ့ New Normal Life ဖြစ်တယ်။ တချို့ သီချင်းတွေဆိုရင် ကိုယ့်ဘာသာကိုယ် အိမ်မှာပဲနေကြရင်း ကိုယ့်ဘာသာကိုယ် Recording လုပ်ကြတာ ရှိတယ် ဆိုတော့ အားလုံးက ဒီ New Normal Life မှာပဲ အကောင်းဆုံး ကြိုးစားပြီး အဆင်ပြေအောင် နေကြတယ်။ ပျော်စရာလည်း ကောင်းတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

တင်ဇာမော်ရဲ့ ဂီတဖျော်ဖြေပွဲကိုတော့ MPT (https://www.facebook.com/mptofficialpage/)နဲ့ High Street FB (https://www.facebook.com/Highstreetliveconcert) တို့ကနေ တဆင့် ကြည့်ရှုခံစားနိုင်တယ်လို့ သိရပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေကလည်း ဘယ်လိုသီချင်းမျိုးတွေနဲ့ သီဆို ဖျော်ဖြေပေးမလဲဆိုတာကို စိတ်လှုပ်ရှားရင်း စောင့်မျှော်နေတယ်လို့လည်း သူမရဲ့ ဖေ့စ်ဘွတ်ပို့စ်တွေရဲ့ Comment တွေမှာ ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: Tin Zar Maw

အဆိုတော် တင်ဇာမော်ကတော့ ၁၉၉၅ ခုနှစ်က စပြီးတော့ ဂီတအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူ တစ်ယောက်ပါ။ ဂီတပညာရှင်ကြီး ဦးစောနုဆီမှာ ဂီတပညာရပ်ကို သင်ကြားရင်း အဆိုတော် တော်တစ်ယောက်ဖြစ်လာတာလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ တစ်ကိုယ်တော်အခွေတွေ၊ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ ဂီတအတွေ့အကြုံတွေ အများကြီး ရှိခဲ့တဲ့ သူမဟာ Myanmar Idol (Season 1) ကနေ Season-4 အထိ အကဲဖြတ်ဒိုင်တစ်ယောက်အဖြစ် ပါဝင်ခဲ့တာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က