"ငါတို့အိမ်လေး ရဲရဲနီ ပြည်သူချစ်တဲ့ NLD " ပြိုင်ပွဲမှာ ပထမဆုရခဲ့တာပါ။

ငွေဇင်လှိုင်းကတော့ တမူးမြို့မှာရှိတဲ့ သူမရဲ့ အိမ်လေးကို ဓာတ်ပုံရိုက်ပြီး "ငါတို့အိမ်လေး ရဲရဲနီ ပြည်သူချစ်တဲ့ NLD " ဆိုတဲ့ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာက ပထမဆုရရှိခဲ့တာဖြစ်ပါတယ်။ 

Photo: Ngwezin Hlaing



အဆိုတော် ငွေဇင်လှိုင်းကတော့ "ငါတို့အိမ်လေး ရဲရဲနီ ပြည်သူချစ်တဲ့ NLD " ဆိုတဲ့ ပြိုင်ပွဲမှာ တမူးမြို့က သူမရဲ့ နေအိမ်လေးကို ဓာတ်ပုံရိုက်ရင်းပြိုင်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ သူမက ပထမဆု ရရှိခဲ့တာပါ။ ဒီဆုရတဲ့ အပေါ်မှာလည်း သူမရဲ့ ခံစားချက်ကို ပြောပြလာပါတယ်။ 

" ဆုရသွားတဲ့ အချိန်မှာ ကိုယ်လည်း တစ်ဖက်တစ်လမ်းက အုတ်တစ်ချပ်၊ သဲတပွင့် အနေနဲ့ ပါဝင်ဖြစ်တဲ့ အချိန်မှာ အကုန်လုံးက ဝိုင်းဝန်းပြီးတော့ ချစ်ခင်လို့ အသိအမှတ်ပြုကြတဲ့ အတွက် ဒီဆုကို ရတယ်လို့ ထင်ပါတယ်။ ကိုယ်ပြိုင်တဲ့ အချိန်မှာ အသိအမှတ်ပြုကြလို့ ပထမဆုရတယ်လို့ မြင်တယ်။ ဒါကြောင့် ငွေဇင့် အနေနဲ့ရော မိသားစု အနေနဲ့ရော ဂုဏ်ယူစရာကောင်းတဲ့ အမှတ်တရလေးပါပဲ"လို့ သူကဆိုပါတယ်။ 

Photo: Ngwezin Hlaing

ငွေဇင်လှိုင်းကတော့ သူမရဲ့ နေအိမ်လေးကို ပြိုင်ပွဲရှိလို့ အခုလို အလှဆင်ခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ပြိုင်ပွဲ မလုပ်ခင် အချိန်ကတည်းက မိသားစုရဲ့ သဘောဆန္ဒအရ စတစ်ကာလေးတွေ ကပ်ထားကြတာလို့ ဆက်လက် ပြောပြလာပါတယ်။ 

“ ဒီပြိုင်ပွဲလေးကို ငွေဇင်က အခွင့်ကြုံလို့ ပြိုင်ဖြစ်သွားတာပါ။ ငွေဇင်တို့ အိမ်က အောင်နိုင်ရေးလှည့်ဖို့အတွက် ကားလေးမှာ စတစ်ကာကပ်တယ်။ အဲဒီတုန်းက ပြိုင်ပွဲမလာသေးဘူး။ ငွေဇင်တို့ မိသားစုကလည်း ဝန်းရံချင်တဲ့ သဘောကြောင့် အစ်မတွေ အစ်ကိုတွေရဲ့ စိတ်ကူးနဲ့ အိမ်မှာ စတစ်ကာလေးတွေ ကပ်ထားတာပါ။ ပြီးတော့မှ ဒီအိမ်ပြိုင်ပွဲလေးက ရောက်လာတော့ အခါအခွင့်သင့်သွားတာပေါ့။ ကိုယ်ကလည်း ပြိုင်ပွဲအတွက် ရည်ရွယ်ပြီးမှာ ကပ်တာ မဟုတ်တဲ့အတွက် Ready ဖြစ်သွားတော့ အပျော်သဘောလေး ဝင်ပြိုင်ခဲ့တာပါ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Ngwezin Hlaing

ငွေဇင်လှိုင်းကိုတော့ ပရိသတ်တွေက Myanmar idol (Season 3) သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးပြီးတဲ့နောက်မှာတော့ သူမဟာ ဂီတဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုလာရတဲ့ အဆိုတော်တစ်ဦးဖြစ်လို့နေပါပြီ။ မကြာခဏဆိုသလို Single Song လေးတွေလည်း ထွက်ရှိတတ်သူ တစ်ယောက်ပါ။ အခုဆိုရင်တော့ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ သီချင်းသည် ဆိုတဲ့ အခွေကို ၂၀၂၀ ခုနှစ် မတ်လ ၇ ရက်နေ့က ထွက်ရှိခဲ့ပါတယ်။ သူမဟာ (Top -4+1) Result Show အထိ ပါဝင်လာခဲ့သူလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေတဆင့် ပရိသတ်အခိုင်အမာ ရရှိခဲ့တဲ့ တက်သစ်စ အဆိုတော် တစ်ဦးဆိုရင်လည်း မမှားပါဘူး။ သရုပ်ဆောင် သက်မွန်မြင့်ကိုယ်တိုင်ကလည်း ငွေဇင်လှိုင်းရဲ့ သီချင်းတွေကို အမြဲအားပေးတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က