ဦးကျော်သူရဲ့ ကျန်းမာရေး အကြောင်းပြောပြခဲ့ပါတယ်။
"ဦးမောင်က ကျွန်တော့်ရဲ့ ဆရာသမားလည်းဖြစ်တယ်၊ ဦးမောင်ကို အခုလို ဖြစ်မှာ အကုန်လုံးက အရမ်းစိုးရိမ်နေကြတာပါ။ ဖြစ်သွားတော့ ကျွန်တော် လုပ်ပေးနိုင်တာကို ကျွန်တော်လုပ်ပေးတယ်။ ကျွန်တော်လည်း သံမဏိလူသား မဟုတ်တော့ ကူးရင် ကူးနိုင်ပါတယ်။ အခုတောင် ကူးနေလောက်ပါပြီ။ကျွန်တော််လည်း လူသားပဲလေ စိုးရိမ်စိတ်တော့ ရှိတယ် ဒါပေမယ့် ကျွန်တော့်ဆရာအတွက် ပိုစိုးရိမ်မိတယ်ဒါကြောင့် ကျွန်တော်လည်း အားတွေ အများကြီးမွေးထားတယ်၊ အစားတွေလည်း စားတယ်။ ကျွန်တော် ဆုံးဖြတ်ချက်အတိုင်းလုပ်နေတာပါ။ ပေါ်ပြူလာဖြစ်ချင်လို့လည်း မဟုတ်ဘူး၊ ဘာရည်ရွယ်ချက်မှလည်း မရှိဘူး။ အဲဒီအတွက် ဖေ့စ်ဘွတ်ပေါ်မှာလည်း ဘာတစ်ခုမှ မတင်ပါဘူး” လို့ သူက Duwun ကို ပြောပါတယ်။ 

Photo: Tun Ko Ko



သရုပ်ဆောင် ထွန်းကိုကို က ကိုဗစ်ရောဂါပိုး ကူးစက်ခံလိုက်ရတဲ့ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ ကို ပြုစု စောင့်ရှောက်ပေးနေတာကို တွေ့ရပါတယ်။ သူ့ အနေနဲ့ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ မဟုတ်ပေမယ့်လည်း ဦးကျော်သူအတွက် စိုးရိမ်ပြီး ဝေဘာဂီဆေးရုံအထိ လိုက်ကာပြုစုစောင့်ရှောက်ပေးဖို့ ရွေးချယ်ခဲ့တာပါလို့ သူက ဆိုပါတယ်။

“ ကျွန်တော်တို့ နာရေးကူညီမှုအသင်းက ပြန်ကြားရေးက တစ်ယောက်စီမှာ ပိုးတွေ့တော့ ဦးမောင်က ထိတွေ့အနေနဲ့ ပါသွားတယ်။ အဲဒီနောက်ပိုင်း ဦးမောင်က Home Stay နေရတယ်။အဲဒီတုန်းက ဦးမောင် အားမငယ်နဲ့ တစ်ခုခုဖြစ်ရင် သားပါလိုက်ဝင်မယ် ဆိုပြီး ပြောခဲ့တာပါ။ တကယ် စစ်တဲ့နေ့မှာ ဦးမောင်အပြင် နောက်ထပ် အသင်းက (၂) ယောက်ပါ Positive ဖြစ်တဲ့အတွက် ဦးမောင်ကတော့ ရောဂါအခံရှိသူဖြစ်တာကြောင့် ဝေဘာဂီမှာဆိုရင် ပိုအဆင်ပြေနိုင်တယ် ဆိုပြီးတော့ ဝေဘာဂီမှာ ဝင်တယ်။ ကျန်တဲ့ နှစ်ယောက်ကို ဦးမောင်နဲ့ အတူတူ လိုက်မယ် ထင်တာ သူတို့က တခြား နေရာမှာ သွားဝင်ကြတာ ဆိုတော့ ဦးမောင် တစ်ယောက်တည်းဖြစ်သွားတယ်။ ကျွန်တော်ကလည်း အစကတည်းက ဦးမောင် တစ်ခုခုဆိုရင် ကျွန်တော် လိုက်မယ်လို့ ပြောထားတော့ လူနာစောင့်အနေနဲ့ လိုက်ဝင်လို့ ရတဲ့ အတွက် ခံဝန်လက်မှတ် ထိုးပြီးတော့ ကျွန်တော် လိုက်ဝင်ခဲ့ပါတယ်။ ဦးမောင် အတွက် ဆေးယူပေးတာ၊ စားစရာယူတာ၊ ဓာတ်မှန်ရိုက်တာကအစ ကျွန်တော်ကိုယ်တိုင် လိုက်လုပ်ပေးဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Tun Ko Ko

သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဦးကျော်သူက တားပေမယ့်လည်း စိတ်ဆုံးဖြတ်ချက် ပြင်းပြတဲ့သူတစ်ယောက်ဖြစ်လို့ ဦးကျော်သူနောက်ကို ဇွတ်လိုက်ခဲ့တယ်လို့လည်း အင်တာဗျူးရင်း ပြောခဲ့တာပါ။လက်ရှိမှာ ဦးကျော်သူနဲ့အတူ ဝေဘာဂီဆေးရုံကြီးမှာနေနေရတဲ့ ထွန်းကိုကို အတွက် မိသားစုဝင်တွေနဲ့ ပရိသတ်တွေကလည်း စိတ်ပူလို့ နေကြပါတယ်။ဒါပေမယ့်လည်း ထွန်းကိုကိုကပရိသတ်တွေ စိတ်မပူဖို့ကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

 “ မိသားစုကတော့ စိတ်ပူတာပေါ့နော်။ အဲဒီအချိန်တုန်းက ကျွန်တော်က ဘယ်သူ့ဆီကမှ ခွင့်ပြုချက် မတောင်းပဲ သွားခဲ့တာပါ။ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက် ချလိုက်တာပေါ့။ လောလောဆယ်တော့ ကျွန်တော့်အတွက် Swab ယူတာတွေ ဘာညာတော့ မလုပ်ရသေးပါဘူး။ ဒီရက်ပိုင်းမှာ Swab လုပ်ဖို့တော့ ပြောထားပါတယ်။ တစ်ခုခုဖြစ်ရင် ဆေးတွေ ဘာတွေ သောက်လို့ရအောင် ကြိုတင်ပြင်ဆင်ပါတယ်။ ဦးမောင်ရဲ့ ကျန်းမာရေး အခြေအနေက ကောင်းပါတယ်။ ဦးမောင် ကိုယ်တိုင်ကိုယ်က ကိုယ့်ကိုယ်ကိုယ်တောင် ရိပ်သာနဲ့ မှားလာသလားလို့တောင် ပြောပြီး ရယ်နေရသေးတယ်။ ရောဂါ လက္ခဏာ တစ်ခုမှ မပြလို့ပါ။ ကျွန်တော်လည်း ကျန်းမာရေးကောင်းတယ်။ နှာလေး နည်းနည်း မွှန်တာက လွဲလို့ ကျန်တာ အကောင်းပဲ။ ဦးမောင်က ကျွန်တော့်ရဲ့ ဆရာသမားလည်းဖြစ်တယ်၊ ဦးမောင်ကို အခုလို ဖြစ်မှာ အကုန်လုံးက အရမ်းစိုးရိမ်နေကြတာပါ။ ဖြစ်သွားတော့ ကျွန်တော် လုပ်ပေးနိုင်တာကို ကျွန်တော်လုပ်ပေးတယ်။ ကျွန်တော်လည်း သံမဏိလူသား မဟုတ်တော့ ကူးရင် ကူးနိုင်ပါတယ်။ အခုတောင် ကူးနေလောက်ပါပြီ။ကျွန်တော််လည်း လူသားပဲလေ စိုးရိမ်စိတ်တော့ ရှိတယ် ဒါပေမယ့် ကျွန်တော့်ဆရာအတွက် ပိုစိုးရိမ်မိတယ်ဒါကြောင့် ကျွန်တော်လည်း အားတွေ အများကြီးမွေးထားတယ်၊ အစားတွေလည်း စားတယ်။ ကျွန်တော် ဆုံးဖြတ်ချက်အတိုင်းလုပ်နေတာပါ။ ပေါ်ပြူလာဖြစ်ချင်လို့လည်း မဟုတ်ဘူး၊ ဘာရည်ရွယ်ချက်မှလည်း မရှိဘူး။ အဲဒီအတွက် ဖေ့စ်ဘွတ်ပေါ်မှာလည်း ဘာတစ်ခုမှ မတင်ပါဘူး” လို့ သူကဆက်လက် ဖြေဆိုခဲ့ပါတယ်။ 

Photo: Tun Ko Ko

ဦးကျော်သူကတော့ နှလုံး ခွဲစိတ်ထားသူဖြစ်ပြီး ဆီးချိုရောဂါ အခံရှိသူဖြစ်တာကြောင့် အခုလို Covid ရောဂါပိုး ကူးစက်ခံလိုက်ရတဲ့ အချိန်မှာ သူ့ရဲ့ မိသားစုဝင်တွေ၊ နာရေးကူညီမှု အသင်းသားတွေနဲ့ ပရိသတ်တွေက စိတ်ပူလျှက်ရှိပါတယ်။ လက်ရှိမှာတော့ ဝေဘာဂီဆေးရုံမှာ Quarantine ဝင်နေတာဖြစ်ပြီး ထွန်းကိုကို က ဦးကျော်သူရဲ့ ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာနိုင်ဖို့အတွက် ပြုစု စောင့်ရှောက်ပေးနေတာကို တွေ့ရပါတယ်။ ထွန်းကိုကို ကလည်း Covid ကာလအတွင်း နာရေးကူညီမှုအသင်းကနေတဆင့် ဈာပန လုပ်ငန်းတွေ၊ ပရဟိတလုပ်ငန်းတွေကို ကြိုးကြိုးစားစား လုပ်ကိုင်ပေးနေသူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က