သူက အမျိုးထဲမှာ အငယ်ဆုံးလေ။
Sabal Thwin

အဆိုတော် Jenny ကတော့ ဂီတလောကထဲကို ဝင်ရောက်လာပြီဖြစ်တဲ့ မောင်လေး တဝမ်းကွဲတော်စပ်သူ ဟိန်းမင်းသူနဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ 

Jenny နဲ့ ဟိန်းမင်းသူ တို့ဟာ မိဘအရင်းကနေ မောင်နှမ တဝမ်းကွဲ တော်တယ်လို့ သိရပါတယ်။ Social Media ပါ်မှာ တတွဲတွဲ မတွေ့ရပေမယ့် သူတို့ဟာ တကယ်ကို မောင်နှမတော်စပ်တယ်ဆိုတာကို Jenny က Duwun ကို ပြောပြခဲ့ပါတယ်။ 

“ Jenny နဲ့ ဟိန်းမင်းသူ နဲ့က မောင်နှမ တဝမ်းကွဲတော်တယ်။ သူက Jenny အမေရဲ့ မောင်အရင်းရဲ့ သား ဆိုတော့လေ။ သူနဲ့ အရမ်းမရင်းနှီးဘူးဆိုတာက ငယ်ငယ်တုန်းက မတည့်လို့ အခု ကြီးလာတော့လည်း မတည့်ပါဘူး။ သူက ငယ်ငယ်တုန်းက တအားဆိုးတာလေ၊ အရမ်းဆော့တာကိုး ယောက်ျားလေးကလည်းဖြစ်၊ အမျိုးထဲမှာလည်း သူက အငယ်ဆုံးလည်း ဖြစ်နေတော့ အဲဒါကြောင့်လည်းပါတယ်။ အခုက အနေလည်း နည်းနည်း ဝေးတယ်၊ သူက Jenny ကို သူ့ထက် အကြီးလို့ကို မထင်တာ သူ့ထက်အငယ်လို့ပဲ ထင်နေတာ။ ကိုယ့် မောင်လေးဆိုတော့ အမြင်မတော်ရင်တော့ ဆုံးမရမှာပေါ့”လို့ သူကဆိုပါတယ်။ 

Photo: Jenny

Jenny ကတော့ ဂီတလောကမှာ (၁၀) စုနှစ်သက်တမ်းရှိလို့နေပါပြီ။ ဟိန်းမင်းသူကတော့ လက်ရှိမှာ တက်သစ်စ အဆိုတော်တွေထဲက အောင်မြင်မှုရရှိနေတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ ဂီတမောင်နှမတွေ ဖြစ်ပေမယ့် ကိုယ်အားသန်ရာ ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေကြတယ်လို့ Jenny က ဆိုပါတယ်။ 

“ သူနဲ့ အခုချိန်မှာ မခေါ် မပြောတော့ မရှိပါဘူး။ သိပ်မဆုံဖြစ်ကြတာပဲရှိတာ။ သူက ၂၁ လမ်းမှာနေတာ၊ Jenny က ၁၃ လမ်းမှာနေတာ ဆိုတော့ အနေဝေးတော့ သိပ်မတွေ့တာပေါ့လေ။ လမ်းမတော် နဲ့ လသာ တော်တော် ဝေးတယ် ဆိုတော့လေ ဒါတောင် မဆုံဖြစ်ဘူး။ အနုပညာနဲ့ ပတ်သက်ပြီး သူလည်း အရွယ်ရောက်လာပြီ သူ့ဘာသာ လမ်းလျှောက်ကြည့် လိုအပ်ရင်တော့ မေးလို့ရတယ်၊ သူမလိုဘူးထင်ရင်တော့ မမေးနဲ့ပေါ့။ သူ့ဘက်က ပြောလာရင်တော့ ကိုယ်လည်း လမ်းပြပေးမှာပါ။ ဒါပေမယ့် သူလည်း သူ့အတွက် လုံလောက်တဲ့ အတွေ့အကြုံတွေ ရှိနေပြီးသား ဆိုတော့ လိုအပ်လာရင်တော့ ကိုယ်က သူ့ဘက်မှာ ရှိနေပေးမှာပါ။ မောင်နှမလည်း ဖြစ်သလို ကိုယ်က အကြီးပဲလေ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Jenny

အဆိုတော် ဂျင်းနီဟာ ငယ်စဉ်ကလည်း အနုပညာလောကထဲကို ရောက်ရှိခဲ့သူဖြစ်ပါတယ်။ သုံးဆယ့်ရှစ်ဖြာမင်္ဂလာဆိုတဲ့ အစီအစဉ်ကလို့ ပရိသတ်တွေ သတိထားမိလာတာဖြစ်ပြီးဟန်နွေငြိမ်းဆိုတဲ့ နာမည်နဲ့ ဆို၊က၊ရေး၊တီး အစီအစဉ်တွေမှာ ပါဝင်ခဲ့တာဖြစ်သလို ရွှေဆုတံဆိပ်တွေ ရရှိထား သူဖြစ်ပါတယ်။ သူမဟာ ဂီတလောကမှာ သာမက သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ခဲ့ဖူးသူပါ။ အခုချိန်မှာတော့ ဂီတလောကထဲကို တစိုက်မတ်မတ် ဝင်ရောက်လာတာဖြစ်ပြီး တစ်ကိုယ်တော် အခွေ လည်း ထွက်ရှိထားသူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က