ဖေဖေ ကလည်း အများကြီး ပံ့ပိုးပေးနေပါတယ်။

ပန်းရောင်ခြယ်ကတော့ သူမရဲ့တစ်ဦးတည်းသော ညီမငယ်လေး ပန်းသွန်းခြယ်ကို ဂီတလောကထဲကို ရောက်စေချင်နေပြီလို့ ဆိုပါတယ်။ 

Photo: Phonn



ပန်းရောင်ခြယ်ကတော့ လက်ရှိ ဂီတလောကထဲမှာ အောင်မြင်မှုတွေရရှိထားတဲ့ ဆယ်ကျော်သက်အရွယ် လူငယ်အဆိုတော် တစ်ဦးဖြစ်လို့နေပါပြီ။ သူမလိုပဲ ဂီတကို ဝါသနာကြီးတဲ့ ညီမလေးကို အဆိုတော် တစ်ယောက်ဖြစ်စေချင်တဲ့ ဆန္ဒတွေကို Duwun ကနေ ပြောပြလာပါတယ်။ 

“ ညီမလေးက အနုပညာနဲ့ ပတ်သက်ရင် အရမ်းကြိုးစားတယ်၊ အရမ်းပြင်ဆင်တယ်။ ဝမ်းစာဖြည့်နေတဲ့ အခါကျတော့ ပန်းရောင်ကိုယ်တိုင်လည်း ကိုယ့်ရဲ့ အတွေ့အကြုံတွေကို ပြောပြတယ်။ သူက ဂီတကို အရမ်းလည်း မြတ်နိုးတယ်၊ အရမ်းလည်း ပြင်ဆင်တတ်တယ်။ သူ့ကို ပန်းရောင်တို့တွေက ဂီတအလုပ်တွေ လုပ်စေချင်ပြီ။ ဒါပေမယ့် သူက အချိန်ယူပြီး ပြင်ဆင်နေတာ ဆိုတော့လေ။ ဖေဖေ ကတော့ သမီးတွေက အောင်မြင်ရမယ် ဆိုတာမျိုး တိုက်တွန်းတာမျိုး မရှိဘူး။ ညီမလေးကိုလည်း အရမ်း Support ပေးတယ်” လို့ သူကဆိုပါတယ်။ 

Photo: Phonn

ပန်းသွန်းခြယ်ကို ဂီတလမ်းကြောင်းပေါ် ရောက်ရှိလာဖို့အတွက် ဖခင်ဖြစ်သူကလည်း ဘေးကနေ အများကြီး ပံ့ပိုးပေးလျှက်ရှိတယ်လို့ ပန်းရောင်ခြယ်က ပြောပါတယ်။ 

" ပန်းရောင်ဆိုရင် ဖေဖေရယ် သီချင်း အသစ် မထွက်တာ ကြာပြီ သီချင်းတွေ လုပ်ပါတော့လား ပန်းရောင်တို့က ပြောတယ်။ ဖေဖေ က ပန်းရောင် တစ်ကိုယ်တော် အခွေ လုပ်တုန်းကလည်း အရမ်း Support လုပ်ပေးတယ်။ အခုလည်း ညီမလေး အတွက် ဖေဖေ က ပြင်ဆင်ပေးနေတယ်၊ သီချင်းလေးတွေ စဉ်းစားတာတို့တော့ ရှိတယ်။ ဖေဖေ က သူ့ သီချင်းထက် ညီမလေးကို ပို Support လုပ်ပေးနေတာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။  

Photo: Phonn

ပန်းရောင်ခြယ်ကိုတော့ ဖခင်ဖြစ်သူ ဂရေဟမ်နဲ့ တွဲပြီး Wake Up Daddy ဆိုတဲ့ အခွေကတည်းကနေ ပရိသတ်တွေ အားပေး ခဲ့ကြတာ ဖြစ်ပါတယ်။ တစ်ကိုယ်တော်အခွေအတွက် မလုပ်ခင်မှာလည်း တခြား Group Song အခွေတွေမှာ ပါဝင်သီဆိုဖြစ်နေပါတယ်။ အွန်လိုင်းကနေ ပရိသတ်ကိုမိတ်ဆက်ပေးလိုက်တဲ့ အသည်းခွဲသူ သီချင်းကလည်း ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့ပါသေးတယ်။ အဲဒီနောက် အတွဲသီချင်းလေးတွေမှာလည်း ပါဝင်သီဆိုလာတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က