အခုလို အကြံပြုစကား ပြောခဲ့ပါတယ်။

အနုပညာလောကထဲမှာ (၃၅) နှစ်အကြာ အတွေ့အကြုံတွေနဲ့ ဖြတ်သန်းလာခဲ့တဲ့ ရန်အောင်ဟာ မြန်မာ့ရုပ်ရှင်နဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

Photo: Yan Aung



ရန်အောင်ကတော့ မြန်မာ့ရုပ်ရှင်လောကမှာ အကယ်ဒမီဆုတွေ ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူ့ အနေနဲ့ (၃၅) နှစ်အကြာဖြတ်သန်းလာခဲ့တဲ့ အနုပညာလောကထဲမှာ ပြောင်းလဲမှုတွေ ကြုံလာခဲ့ရတာတွေကို Duwun ကနေ ပြောပြခဲ့ပါတယ်။ 

“ ကျွန်တော်တို့ ရုပ်ရှင်က ဆုတ်ယုတ်လာတယ်ဆိုတာ အရမ်းကို သိသာပါတယ်။ နိုင်ငံခြား ဇာတ်ကား တစ်ကားနဲ့ ကျွန်တော်တို့ ဇာတ်ကားကို ယှဉ်ပြီးတော့ကို ကြည့်လို့မရတာပါ။ အခုနောက်ပိုင်းတော့ ရလာပြီ အရင်တုန်းက မရခဲ့ဘူးဆိုတာ အခက်အခဲ တစ်မျိုးမဟုတ် တစ်မျိုးကြုံခဲ့ရတယ်။ ဖလင်ရှားပါးတဲ့ အချိန် ကြုံရတာ၊ ရုပ်ရှင်ရုံတွေ မရှိတဲ့ အချိန် ကြုံရတာနဲ့ ပြဇာတ်တွေ ကရတာမျိုးတွေ ရှိခဲ့တယ်။ အစ်ကိုတို့ ခေတ်တုန်းကပါ။ အဲဒီနောက် ဗီဒီယို ဆိုတာ ရိုက်ဖြစ်လာကြရင်း ရှင်သန်အောင်နေလာကြတယ်။ အဲဒီနောက် DVD ဆိုတဲ့ ခေတ်လည်း ဖြစ်လာခဲ့တယ်။ ရုပ်ရှင်နဲ့ ဗီဒီယို ကြားက အနေအထား တစ်ခုပေါ့လေ” လို့ သူက ဆိုပါတယ်။ 

Photo: Yan Aung

မြန်မာ့ရုပ်ရှင်ဟာ ကမ္ဘာ့ရုပ်ရှင်လို ရင်ဘောင်တန်းနိုင်ဖို့အတွက် အနုပညာလောကသားတွေ အနေနဲ့ ကြိုးစားရဦးမယ်လို့ ရန်အောင်က ပြောပါတယ်။ ဒါပေမယ့် တိုးတက်ပြောင်းလဲလာတဲ့ ခေတ်အနေအထားအရ မြန်မာ့ရုပ်ရှင်တွေကို ကမ္ဘာ့ရုပ်ရှင်တွေလိုပဲ ကြည့်လို့ရနေပြီဆိုတဲ့အကြောင်း ဆက်လက် ပြောပြလာပါတယ်။  

“ ဒီလိုပဲ အရင်တုန်းက ဆရာကြီးတွေက အခက်အခဲတွေကြားက အောင်မြင်အောင် ကြိုးစားလာခဲ့ကြရာက အခု နှစ်(၁၀၀) ပြည့်လာပြီ။ ဖုန်းတစ်လုံးရှိယုံနဲ့ အမြင်ကျယ်ပြီး ကမ္ဘာနဲ့ပတ်ပြီး ကြည့်လို့ရနေပြီ။ အကုန်လုံးကတော့ တက်ညီလက်ညီနဲ့ ရုန်းထရမှာပဲ။ နောက်ထပ် တက်လာမယ့် လှိုင်းတွေမှာလည်း လိုက်ပြီး စီးမျှောနိုင်အောင် အစ်ကိုတို့က ကြိုးစားနေထိုင်ရမယ်။ အဲဒီလို သတ်မှတ်မှ အရှေ့ရော ၊ အနောက်ရော တိုးတက်ပြီး နိုင်ငံတကာ ရင်ဘောင်တန်းနိုင်မယ့် ရုပ်ရှင်မျိုး အဆင့်အတန်းတွေ မြင့်ပြီး ဖြစ်လာမှာပါခင်ဗျ" လို့ ပြောခဲ့တာပါ။ 

Photo: Yan Aung

ရန်အောင်ဟာ ၁၉၈၅ ခုနှစ်ကတည်းက အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာပါ။ သူ့ကိုတော့ ကိုရန်လေးဆိုပြီးတော့ အနုပညာလောကသားတွေရော ပရိသတ်တွေပါ ချစ်စနိုးခေါ်လေ့ရှိပါတယ်။ ရန်အောင်ဟာ ၁၉၉၁ ခုနှစ်က မယ်သီတာလိုမိန်းကလေး ၊၁၉၉၅ ခုနှစ်က ပုဂံမှာ သာတဲ့လ ၊၁၉၉၆ ခုနှစ်က အလင်းဖျော့ကောင်းကင် ၊၁၉၉၈ ခုနှစ်က ညမင်းသား ၊ ၂ဝဝဝ ခုနှစ်က မောဟမျဉ်းပြိုင်များ နှင့် ၂ဝဝ၆ ခုနှစ်က ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ စတဲ့ ရုပ်ရှင်ဇာတ်ကားများနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင် အကယ်ဒမီဆု(၆)ဆု ရရှိထားသူ ဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်လောကမှာသာမက ဂီတလောကမှာလည်း အောင်မြင်ခဲ့သူဖြစ်ပြီး တစ်ကိုယ်တော် အခွေများ၊ တစ်ကိုယ်တော် ဖျော်ဖြေပွဲများလည်း ကျင်းပပြုလုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က