ပရဟိတသမားကောင်းဖြစ်ဖို့ ဆုံးမ စကားပြောခဲ့တယ်။
Sabal Thwin

အောင်သော်ဟာ အနုပညာနဲ့ ပတ်သက်ပြီး သင်ဆရာ၊ မြင်ဆရာတွေထဲက တစ်ဦးဖြစ်တဲ့ ဝေဠုကျော်ကို သွားရောက် ကန်တော့ခဲ့တယ်လို့ ဆိုပါတယ်။ 

လူရွှင်တော် အောင်သော်ကတော့ Covid ကာလမှာ ပရဟိတအလုပ်တွေ တစ်နေရာစီမှာ လုပ်နေရတဲ့ သရုပ်ဆောင် ဝေဠုကျော်ကို သီတင်းကျွတ် ဂါရဝ အနေနဲ့ သွားရောက်ကန်တော့ခဲ့ပါတယ်။ ဝေဠုကျော်ကတော့ သင်ဆရာ၊ မြင်ဆရာတွေထဲက တစ်ဦးဖြစ်တာကြောင့် လေးစားချစ်ခင်မိတာလို့ အောင်သော်က Duwun ကို ပြောခဲ့ပါတယ်။ 

“ ကိုဝေဠုကျော်က အစ်ကို့ရဲ့ သင်ဆရာ၊ မြင်ဆရာတစ်ယောက်ဆိုလည်း မမှားပါဘူး။ ပြီးတော့လည်း သူက အစ်ကို့ထက်လည်း ကြီးတဲ့သူတစ်ယောက်ပါ။ သူနဲ့ မတွေ့ဖြစ်တာလည်း တော်တော်ကြာပြီဆိုတော့ သတိရတာနဲ့ PPE ဝတ်စုံတွေယူပြီး သွားကန်တော့ ဖြစ်တာပါ။ အခုချိန်မှာက တခြားအရာတွေကလည်း ရှိတာမဟုတ်ဘူး ကိုယ့်ဆီမှာ ရှိတာဆိုလို့ PPE ပဲ ရှိတာဆိုတော့ PPE ဝတ်စုံနဲ့ပဲ ကန်တော့လိုက်ရတာ။ သူကလည်း ကိုယ့်ကို PPE ဝတ်စုံပဲ ပြန်ပေးတော့ မယူတော့ပဲ ဝတ်စုံဖိုး ပြန်တောင်းလာလိုက်တယ်” လို့ ဆိုပါတယ်။ 

Photo: Wai Lu Kyaw

အောင်သော့်ကိုတော့ ဝေဠုကျော်က ပရဟိတ သမားကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ဆုံမ စကားတွေအများကြီး ပြောခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ 

“ ကိုဝေ ကလည်း ဆုံးမ စကားလေးတွေ ပြန်ပြောခဲ့ပါတယ်။ မင်း နိုင်တဲ့ဝန်ကို ထမ်း၊ ပရဟိတသမားကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားပေါ့။ သူကတော့ အစ်ကို့ကို အများကြီး ဆုံးမ ပေးပါတယ်။ ဒီကာလမှာ သူနဲ့ အမှတ်တရကတော့ ကားပေါ်မှာ ကလေး မမွေးပေးရရုံတမယ် အမှတ်တရတွေရှိခဲ့တယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Wai Lu Kyaw

အောင်သော်ဟာ လက်ရှိ Covid ကာလမှာ Volunteer တစ်ယောက်အနေနဲ့ သူ့ရဲ့ GMW ပရဟိတ အသင်းနဲ့ အတူ ပရဟိတအလုပ်တွေ လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ သူ့ကိုတော့ ပရိသတ်တွေက Five Star လူရွှင်တော်အဖွဲ့ဝင်တစ်ယောက်အဖြစ် ပရိသတ်တွေ သိရှိလာခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေမှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်နေခဲ့ပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေရတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က