ပရိသတ်ကို စတာ မဟုတ်ပါဘူး။

စည်ဖြိုးကတော့ ဖခင်ဖြစ်ဖို့ အခွင့်အရေး ရလာပြီဖြစ်တဲ့ အတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 

Photo: Si Phyo



စည်ဖြိုးကတော့ သူ့ရဲ့ ကောင်မလေး ခင်လွှမ်းမှာ ကိုယ်ဝန်ရနေပြီဆိုတာကို ဒီနေ့ (အောက်တိုဘာလ ၂၆ ရက်) မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ဓာတ်ပုံလေး တင်ရင်း ပရိသတ်ကို အသိပေးခဲ့တာပါ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး စည်ဖြိုးကိုယ်တိုင်ကလည်း အရမ်းကို အံ့သြဝမ်းသာနေတာဖြစ်သလို သူတို့ နှစ်ဦးရဲ့ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာလ ပထမအပတ်မှာ ပြုလုပ်သွားဖို့ ပြင်ဆင်နေပြီလို့ Duwun ကနေ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာမှာ စည်ဖြိုးက ဖြေဆိုခဲ့တာပါ။ 

“ ကျွန်တော်ကိုယ်တိုင်လည်း အခုချိန်ထိ ပါးစပ်အဟောင်းသားပါပဲခင်ဗျာ။ ဒါက ပရိသတ်ကို စလိုက်တာ မဟုတ်ပါဘူး။ April Fool လည်း မလုပ်ပါဘူး။ ကျွန်တော့်ရဲ့ ကောင်မလေးမှာ ကိုယ်ဝန် ရှိနေတယ်ဆိုတာ တကယ်ပါဗျာ။ လောလောဆယ်တော့ နိုဝင်ဘာ (၃) ရက်နေ့ ဒါမှမဟုတ် (၅) ရက်နေ့လောက်ကို ကျွန်တော်တို့ အိမ်နားက မန္တလေးကျောင်း လို့ခေါ်တယ်။ အဲဒီကျောင်းမှာ မင်္ဂလာဆွမ်းကျွေးလုပ်ပါမယ်” လို့လည်း သူကဆိုပါတယ်။ 

Photo: Si Phyo

စည်ဖြိုးအနေနဲ့ ဖခင်တစ်ယောက်ဖြစ်လို့ အခွင့်အရေးရလာပြီဖြစ်တဲ့အတွက် သူ့ရဲ့ မိသားစုဝင်တွေ၊ အနုပညာမောင်နှမတွေ နဲ့ ပရိသတ်တွေကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ပို့စ်ရဲ့ Comment တွေမှာ ဂုဏ်ပြုစကားတွေ ပြောခဲ့ကြတာကို တွေ့ရပါတယ်။ စည်ဖြိုးရဲ့ ကောင်မလေးကတော့ Social Media ပေါ်မှာ လူသိများခဲ့တဲ့ ခင်လွှမ်း ဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ အချစ်ခရီးလမ်းကတော့ တော်တော်ကို ကြာနေပါပြီ။ နှစ်ဖက်မိဘတွေကလည်း သဘောတူထားကြသလို ပရိသတ်တွေရဲ့ အချစ်ကို ခိုင်ခိုင်မာမာ ရရှိထားတဲ့ အနုပညာရှင် စုံတွဲ တစ်တွဲဆိုလည်း မမှားပါဘူး။ 

Photo: Si Phyo

စည်ဖြိုးက လက်ရှိမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။ လက်ရှိမှာလည်း ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့အတူ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က