သူ့ရဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။

ထွန်းထွန်းကတော့ အနုပညာလောကမှာ (၁၀)စုနှစ်ကျော် အကြာဖြတ်သန်းလာခဲ့တဲ့ သူ့ရဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ 

Photo: Tun Tun



ထွန်းထွန်းက အစ်ကိုဝမ်းကွဲဖြစ်သူ ဇာတ်ပို့ သရုပ်ဆောင် ကျော်ဇင်ထွဋ် ကနေ သရုပ်ဆောင် အကယ်ဒမီ ဦးကျော်ဟိန်းနဲ့ မိတ်ဆက်ပေးခဲ့လို့ အခုလို သရုပ်ဆောင် တစ်ယောက်ဖြစ်လာခဲ့တာပါလို့ဆိုပါတယ်။ ဒီလိုနဲ့ အနုပညာလောကထဲကို ၂၀၀၂ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ကြိုးစားဖြတ်သန်းလာရင်း အကယ်ဒမီဆု ပိုင်ဆိုင်နိုင်ခဲ့ပါပြီတဲ့။ 

“ ကျွန်တော်က ဒီရုပ်ရှင်လောကထဲကို ၂၀၀၂ ၊ ၂၀၀၃ ခုနှစ်လောက်က ကျွန်တော့်အစ်ကို ကိုကျော်ဇင်ထွဋ်ကနေ တဆင့် ဆရာဦးကျော်ဟိန်းဆီကို ရောက်ခဲ့တယ်။ ဦးကျော်ဟိန်းကနေတဆင့် ဒီအနုပညာလောကထဲကို လက်တွဲခေါ်ခဲ့လို့ ရုပ်ရှင်လောကထဲကို ရောက်လာတယ်။ အခုဆို ကျွန်တော် ရပ်တည်နေတာ (၁၇) နှစ်ကျော်၊ (၁၈) နှစ်လောက်ရှိပြီပေါ့။ ဒီကာလမှာ ကျွန်တော် ကြိုးစားနေရင်း ၂၀၁၆ ခုနှစ်မှာ အုတ်ကြားမြတ်ပေါက် ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရခဲ့တယ်။ အခုချိန်မှာ အကယ်ဒမီ ထွန်းထွန်း အနေနဲ့ အနုပညာအလုပ်တွေကို အကောင်းဆုံး လုပ်ဆောင်နေပါတယ်။ ကျွန်တော့်မှာ ရည်မှန်းချက်ရှိပါတယ်။ တစ်ချိန်ကျရင် ကျွန်တော်တို့ရဲ့ ဇာတ်ကားတွေဟာ နောင်လာနောင်သားတွေ ကြည့်တဲ့ အခါမှာ ဂန္တဝင်တွင်တဲ့ ဇာတ်ကားတွေ ဖြစ်အောင် ကြိုးစားသွားမယ်” လို့ သူကဆိုပါတယ်။ 

Photo: Tun Tun

ထွန်းထွန်းဟာ ငယ်စဉ်ကတည်းက မြန်မာ့ရုပ်ရှင်ကို ချစ်မြတ်နိုးခဲ့တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ရုပ်ရှင်ရုံကြီးတွေမှာလည်း သွားရောက်အားပေးခဲ့ရသလို စနေ၊ တနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့်တဲ့ အဖြူအမဲ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း အားပေးခဲ့ရတဲ့ အမှတ်တရတွေကို ရုပ်ရှင်နှစ်(၁၀၀) ပြည့် ဂုဏ်ပြုစကားပြောရင်း ပြောပြခဲ့တာပါ။ 

“ ကျွန်တော်က မြန်မာ့ရုပ်ရှင်ဆိုတာကို ငယ်ငယ်ကတည်းက အရမ်းချစ်ပြီးတော့ အားပေးခဲ့တဲ့ သရုပ်ဆောင် တစ်ယောက်ပါ။ ငယ်ငယ်တုန်းကဆိုရင် ကျွန်တော့် မိဘတွေနဲ့ နဝဒေးရုပ်ရှင်ရုံမှာ တန်းစီပြီးတော့ ကြည့်ခဲ့ကြတာ။ သူငယ်ချင်းတွေနဲ့လည်း သွားကြည့်ဖြစ်တယ်။ အဲဒီအချိန်တုန်းက ကျွန်တော် တော်တော်ကိုငယ်သေးတယ်။ အဲဒီအခိုက်အတန့်လေးက မြန်မာ့ရုပ်ရှင်နဲ့ ပတ်သက်ပြီး ကောင်းတဲ့ အခိုက်အတန့်လေးပေါ့နော်။ စနေ၊ တနင်္ဂနွေ ဆိုရင် TV က ပြတဲ့ ‘ ပန်းမြိုင်လယ်က ဥယျာဉ်မှူး’ ၊ ‘ သင်္ကြန်မိုး’ ၊ ပြီးတော့ ဦးဝင်းဦး ဇာတ်ကားတွေဆိုရင် အမြတ်တနိုးနဲ့ ကြည့်ခဲ့ရတာပေါ့နော်” လို့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။
 

Photo: Tun Tun

ထွန်းထွန်းကိုတော့ Examplez ဆိုတဲ့ Rapper အဆိုတော်အဖွဲ့ကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ အဲဒီကနေကြိုးစားလာရင်း အခုဆိုရင် အကယ်ဒမီဆုရ သရုပ်ဆောင် အဆိုတော် တစ်ယောက်ဖြစ်လို့နေပါပြီ။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က