အစီအစဉ်အသေးစိတ်ကို ကိုဝေမင်းမောင်က ပြောခဲ့ပါတယ်။

နာမည်ကျော် အနုပညာရှင်တွေ ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားတွေကို ရောင်းပြီး ကိုဗစ်ကာလမှာ အလှူအတန်းတွေ လုပ်သွားမယ့် အစီအစဉ်ကို 7Sense ရုပ်ရှင်ထုတ်လုပ်သူ ကိုဝေမင်းမောင်က ပြောပြခဲ့ပါတယ်။ 

Photo: Eaindra Kyaw Zin



အနုပညာရှင်များစွာ ရေးဆွဲထားတဲ့ ပန်းချီကားတွေကို ရောင်းပြီး အလှူအတန်းလုပ်သွားဖို့ အတွက် ဒါရိုက်တာ ကိုပေါက်နဲ့ 7Sense ရုပ်ရှင်ထုတ်လုပ်ရေးမှ ကိုဝေမင်းမောင်တို့က စီစဉ်ထားကြတယ်လို့ ဆိုပါတယ်။ ပန်းချီကားတွေကနေ ရောင်းလို့ရမယ့် ငွေကြေးတွေကို ကိုဗစ်ကာလ အလှူအတန်းတွေ အတွက် ပြန်လည် အသုံးပြုသွားမယ်လို့ 7Sense ရုပ်ရှင်ထုတ်လုပ်ရေးမှ ကိုဝေမင်းမောင်က Duwun ကို ပြောပါတယ်။ 

“ 3 Colour ပန်းချီပြခန်း ကကျတော့ အစ်ကိုနဲ့ ဒါရိုက်တာ ကိုပေါက်တို့ ပေါင်းပြီးတော့ ပန်းချီချစ်မြတ်နိုးတဲ့ အနုပညာရှင်တွေအတွက် ဆိုပြီးတော့ သီးသန့် Page လေး လုပ်ထားတယ်။ အဓိက ကတော့ စစချင်းအနေနဲ့ ကိုဗစ်ကာလ လည်းဖြစ်နေတဲ့အတွက် ပန်းချီ ချစ်မြတ်နိုးတဲ့ အနုပညာရှင်တွေ စုပေါင်းပြီးတော့ ကိုဗစ်အလှူကို လှူဖို့ရည်ရွယ်တယ်။ ရရှိလာတဲ့ ပန်းချီကားတွေကို ကြမ်းခင်းဈေးသတ်မှတ်ပြီး ရောင်းလို့ရတဲ့ ပိုက်ဆံတွေကိုတော့ ကိုဗစ်နဲ့ ပတ်သက်တာတွေ လှူမယ်။ အဓိက ကတော့ ကိုဗစ်မှာ လိုအပ်တဲ့ စက်ပစ္စည်းတွေ လှူနိုင်ဖို့ အခုလို စီစဉ်လိုက်ရတာပါ။ အနုပညာနဲ့ ပတ်သက်ဆက်နွယ်တဲ့ ဆီကနေ ပန်းချီကားတွေကို လိုက်ပြီးတော့ အလှူခံတယ်၊ အစ်ကိုတို့ဆီကို အနုပညာရှင် စုစုပေါင်း (၁၆) ယောက် လှူဒါန်းထားတယ်။ ထပ်ပြီးတော့ လာလှူဖို့လည်း ရှိသေးတယ်" လို့ သူက ဆိုပါတယ်။ 

Photo: Paing Takon

ရောင်းချသွားမယ့် ပန်းချီကားတွေကတော့ ပန်းချီဆရာကြီး ဒါရိုက်တာ ဦးဝင်းဖေ၊ ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်း၊ ဒါရိုက်တာ ကိုအောင်မင်းသိမ်း( အချစ်သည် လေပြည်)၊ ဒါရိုက်တာ ပန်းချီစိုးမိုး၊ တေးရေးမြင့်မိုးအောင်၊ တေးရေး တေးဆို ပန်းချီဆရာ နေမျိုးဆေး၊ ရော့ခ် ဂီတပညာရှင် အဆိုတော် ဇော်ဝင်းထွဋ်၊ ၊ တေးရေး တေးဆို နေဒီလင်း(ဝဏ္ဏကိုလေး)၊ ဒါရိုက်တာ ကိုပေါက်၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ ပိုင်တံခွန်၊ အဆိုတော် ဟန်ထူးလွင်၊ အဆိုတော် G Latt ၊ အစီအစဉ်တင်ဆက်သူ ဆန်းထွဋ်၊ တေးရေး တေးဆို အရိုး၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင် တို့ရဲ့ သမီးလေး ပြေသုဒြာ စတဲ့ အနုပညာရှင်တွေကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားတွေဖြစ်ပါတယ်။ 

Photo: Eaindra Kyaw Zin

အနုပညာရှင် (၁၆) ဦးတို့ရဲ့ ပန်းချီကားတွေကို နိုဝင်ဘာလ တစ်လ တည်းသာ ရောင်းချသွားမယ်လို့ သိရပါတယ်။ ငွေကျပ်(၃) သိန်းကနေ စတင်ရောင်းချသွားဖို့လည်း စီစဉ်ထားတယ်လို့ ကိုဝေမင်းမောင်က ဆက်လက် ပြောပြခဲ့ပါတယ်။ 

“ ကြမ်းခင်းဈေးကတော့ ပုံမှန် (၃) သိန်းလောက်နဲ့ စရောင်းဖို့ စိတ်ကူးထားတယ်။ (၃) သိန်းကနေ ဘယ်လောက်အထိ ဖြစ်လာမလဲ ဆိုတာကတော့ အနုပညာရှင်ကိုလည်း ချစ်တယ်၊ ပန်းချီကိုလည်း မြတ်နိုးတဲ့ ပရိသတ်တွေရဲ့ အဆုံးအဖြတ်ပေါ်မှာ မူတည်တာပေါ့နော်။ ဒါကိုတော့ နိုဝင်ဘာလ တစ်လ လုံး ရောင်းချသွားဖို့ အစီအစဉ်ရှိတယ်။ အနုပညာရှင်ပေါင်း(၁၆) ယောက်က ရေးဆွဲထားတဲ့ ပန်းချီကားတွေကို နိုဝင်ဘာလ တစ်လတည်းပဲ အပြီးဖြတ်ပြီးတော့ ရောင်းသွားမှာပါ။ ပြီးတော့ ရရှိလာမယ့် ငွေပမာဏတွေကို တချို့ ရန်ကုန် အတွင်းက ဆေးရုံတွေမှာ တော်တော် လိုအပ်နေတာလေးတွေရှိတယ်၊ စက်ပစ္စည်းနဲ့ ပတ်သက်တာလေးတွေ ဝယ်ချင်တဲ့ ဆန္ဒရှိပေမယ့် ပန်းချီကားရောင်းရငွေက ဘယ်လောက် ရှိလာမလဲ ဆိုတာ သေချာ မသိသေးတော့ သေချာပြောပြလို့ မရသေးဘူး" လို့ ဆိုပါတယ်။ 

Photo: Zaw Win Htut

ကိုဗစ် အလှူအတွက် 3 Colour ပန်းချီပြခန်းဆိုတဲ့ အစီအစဉ်လေးကိုတော့ အောက်တိုဘာလ (၂၀) ရက်နေ့ ကတည်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီ အလှူမှာ ပါဝင်ကြမယ့် အနုပညာရှင်တွေကလည်း ပရိသတ် အခိုင်အမာ ရရှိထားကြသူတွေ ဖြစ်ပြီး လက်ရှိမှာလည်း အောင်မြင်မှုတွေ အများကြီး ပိုင်ဆိုင်ထားကြသူတွေပါ။ ဒီအလှူလေးအတွက် အနုပညာရှင်တွေ နဲ့ အတူ သူတို့ကို ချစ်တဲ့ ပရိသတ်တွေကလည်း ရင်ခုန် စိတ်လှုပ်ရှားနေပြီလို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က