ရင်သွေးလေး (၃) ဦးပိုင်ဆိုင်ထားပါတယ်။

အဆိုတော် R ဇာနည်နဲ့ သရုပ်ဆောင် ဝမ်း တို့ကတော့ မင်္ဂလာသက်တမ်း (၁၇) နှစ်ပြည့်ပြီဖြစ်သလို ဒီကာလတွေမှာ တစ်ယောက်နဲ့ တစ်ယောက် ဘဝဖြတ်သန်းမှုတွေကို ဝမ်းက ပြောပြလာပါတယ်။ 

Photo: R Zar Ni



R ဇာနည်ကတော့ လက်ရှိ ဂီတလောကမှာ အောင်မြင်မှုတွေ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ပါ။ သူ့ရဲ့ ဇနီးဖြစ်သူ ဝမ်းကတော့ အနုပညာအလုပ်တွေ မလုပ်တော့ပေမယ့် တစ်ချိန်က သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေအားပေးခဲ့သူတစ်ယောက်ပါ။ ဒီနေ့ ( အောက်တိုဘာလ ၂၇ ရက်) ကတော့ သူတု့ိ နှစ်ဦးရဲ့ မင်္ဂလာသက်တမ်း (၁၇) နှစ်ပြည့်တဲ့ နေ့လေးဖြစ်ပါတယ်။ 

ဝမ်း ကတော့ အခုလို မင်္ဂလာသက်တမ်း (၁၇) နှစ်ပြည့်တဲ့ အချိန်ထိ ဇနီးနဲ့ သားသမီးတွေရဲ့ အနားနှာ ဂရုတစိုက် ရှိနေပေးတတ်တဲ့ ခင်ပွန်းဖြစ်သူ R ဇာနည်ကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ 

“ ဒီနေ့ကတော့ အစ်မတို့ နှစ်ယောက်ရဲ့ မင်္ဂလာသက်တမ်း(၁၇) နှစ်ပြည့်တယ်ပေါ့နော်။ ကိုယ်တွေရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့တိုင်းကို အစ်မတို့ အိမ်နားက ချမ်းမြေ့ရိပ်သာ ဘုန်းကြီးကျောင်းမှာ နေ့ဆွမ်း ရာသက်ပန် လှူထားပါတယ်။ ဒီနှစ်ကတော့ Home Stay ဖြစ်နေတော့ ဒါလည်း တစ်မျိုးလေးတော့ အမှတ်တရ ဖြစ်ရတာပေါ့နော်။ သူက ညကလည်း အစ်မကို လာပြီးတော့ ၁၂ နာရီကျော်မှာ Anniversary Wish လာလုပ်တယ်။ ဒီနှစ်တော့ ဘာမှ မဝယ်ပေးရဘူးဆိုပြီးတော့ ပြောသွားတယ် သူက။ အမှတ်တရ အနေနဲ့ကတော့ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့ အတူတူနေလာတာ (၁၇) နှစ်ရှိပြီ။ တစ်ယောက်နဲ့ တစ်ယောက် သည်းခံနိုင်စွမ်းက ၁၇ နှစ်ကြာလာပြီ။ အခုဆိုရင် ကလေးက (၃) ယောက်ဖြစ်လာပြီ။ သူကလည်း အစ်မတို့ အနားမှာနေပြီး အစ်မကိုလည်း ဂရုစိုက်တယ်၊ သားသမီးတွေကိုလည်း ဂရုတစိုက်နဲ့ ရှိနေပေးတာကိုပဲ ကျေးဇူးတင်နေပါပြီ”လို့ Duwun ကနေ ပြောပြခဲ့ပါတယ်။ 

Photo: R Zar Ni

ဝမ်းဟာ ခင်ပွန်းဖြစ်သူ R ဇာနည်ရဲ့ ဂီတလှုပ်ရှားမှုတွေမှာလည်း အနားကနေ ပံ့ပိုးကူညီပေးခဲ့တာကို တွေ့ရပါတယ်။ သူတို့ နှစ်ဦးဟာ (၁၀)ကျော်သက် အရွယ်ကတည်းကနေ ချစ်သူတွေဖြစ်ခဲ့ကျပြီး အခုဆိုရင် ကိုယ်ပိုင်မိသားစု ဘဝလေးကို ထူထောင်ထားကြသူတွေဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဆိုးစိတ်ကောက်လေးတွေရှိပေမယ့် ခိုင်မြဲတဲ့ မိသားစုဘဝလေးဖြစ်ဖို့ နားလည်မှုတွေနဲ့ တည်ဆောက်ထားတယ်လို့ ဝမ်းက ပြောပါတယ်။ 

“ လူနှစ်ယောက် ပေါင်းစပ်တာဖြစ်တဲ့ အတွက် တစ်ယောက်နဲ့ တစ်ယောက် သည်းခံတာရော၊ အပြန်အလှန် ကိုယ်ချင်းစာ တရားလည်း ရှိရမှာပေါ့နော်။ ပြီးတော့ အစ်မတို့ နှစ်ယောက်က ဟိုးငယ်ငယ်လေးကတည်းက ငယ်ရည်းစား၊ ငယ်လင်မယားဆိုတော့ တစ်ယောက်အကြောင်းတစ်ယောက်လည်း သိတယ်၊ နားလည်ကြတယ်၊ သည်းခံတယ်ပေါ့နော်။ ဒီလိုတွေရှိလာတော့ အခုလို နှစ်ကြာလာတယ်။ အခုဆိုရင် အစ်မတို့ ချစ်တဲ့ သားသမီး (၃) ယာက်နဲ့ အတူတူရှိပြီးတော့ ချစ်ချစ်ခင်ခင် နေရတာကလည်း ရတနာ(၃) ပါးရဲ့ ကျေးဇူးပါ" လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: R Zar Ni

R ဇာနည်နဲ့ သရုပ်ဆောင် ဝမ်းတို့ ကတော့ သားနှစ်ယောက်၊ သမီးလေး တစ်ယောက်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ သား အကြီးလေးကိုတော့ ဖစ်ဖစ်တုန်(ခ) ဉာဏ်ဘုန်းဇာနည်၊ သားငယ်လေးကိုတော့ ချစ်ချစ်တုန် ၊ သမီး အငယ်ဆုံးလေးကိုတော့ မစ်မစ် တုန်း ဆိုပြီးတော့ အိမ်ခေါ်နာမည်လေးတွေ ပေးထားပါတယ်။ သမီးလေး မမွေးခင်တုန်းကတော့ R ဇာနည်နဲ့ ဝမ်း နဲ့ သားလေး နှစ်ယောက်တို့ဟာ ကြော်ငြာလေးတွေ ရိုက်ကူးထားတာ ကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က