ကြော်ငြာလေးတွေ ရိုက်ထားတယ်။

ဥက္ကာမင်းမောင်ကတော့ အမေရိကမှာ နေထိုင်ရင်း သူဝါသနာပါတဲ့ အနုပညာအလုပ်လေးတွေကို အခွင့်အရေးရရင် ရသလို လုပ်ဖြစ်နေတဲ့အကြောင်းပြောလာပါတယ်။ 

Photo: Ye Htoo Win



သရုပ်ဆောင် ဥက္ကာမင်းမောင်ဟာ သရုပ်ဆောင် လောကနဲ့ ဝေးကွာခဲ့တာ (၁၃) နှစ်ကာလကြာမြင့်ခဲ့ပါပြီ။ သူ့အနေနဲ့ ဂီတအလုပ်တွေကို ပိုမို လုပ်ဖြစ်နေတာ တွေ့ရပါတယ်။ အခုချိန်မှာတော့ သူက အမေရိကမှာ နေထိုင်ရင်း အခွင့်အရေးရလာတဲ့ အနုပညာအလုပ်လေးတွေကို လက်လှမ်းမှီသလောက် လုပ်ဖြစ်နေတဲ့ အကြောင်း Duwun ကို ပြောပြခဲ့ပါတယ်။ 

“ ဒီမှာ ကျွန်တော် ကြော်ငြာလေးဘာလေး ရိုက်ဖူးတယ်၊ မဂ္ဂဇင်းတွေလည်း ရိုက်ဖူးတယ်၊ ပြီးခဲ့တဲ့ နှစ်ကတော့ ဇာတ်လမ်းတို တစ်ကားရိုက်ဖူးတယ်၊ ဆေးရုံ ကြော်ငြာတစ်ခု ရိုက်ဖူးတယ်။ ရုပ်ရှင်တစ်ကားအတွက် ဝင်ပြိုင်ခဲ့ဖူးတယ်။ အရွေးမခံရဘူး၊ သူတို့က တခြား ကာရိုက်တာ ပေးပေမယ့် ကိုယ်လိုချင်တဲ့ ကာရိုက်တာမရတော့ မရိုက်ဖြစ်ဘူး။ အခုတော့ အနုပညာနဲ့ ပတ်သက်ပြီး ဒါရိုက်တာ အပိုင်းတွေ၊ အကပိုင်းတွေ ပြန်ပြီးတော့ လေ့လာရဦးမယ်” လို့ ဆိုပါတယ်။ 

Photo: Ye Htoo Win

ဥက္ကာမင်းမောင်ဟာ အခုချိန်မှာ မြန်မာနိုင်ငံကို ပြန်လာချင်ပြီလို့ ပြောပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်စိတ်ကူးထားတဲ့ ရည်မှန်းချက်လေးတွေကိုလည်း အကောင်အထည်ဖော်ချင်တယ်လို့ ဆိုပါတယ်။ 

“ မြန်မာနိုင်ငံကို ပြန်လာချင်တယ်၊ ပထမက ဒီနှစ်ထဲမှာ ပြန်လာမယ်ဆိုပြီးတော့ Plan ချထားတာ အခု Covid တွဖြစ်ပြီးတော့ လေယာဉ်တွေကလည်း သိပ်မရှိဘူး။ ဒီအချိန်မှာ ပြန်လာလို့ရရင်လည်း ဘာအလုပ်မှလည်း လုပ်လို့ရမှာ မဟုတ်ဘူး၊ စီးပွားရေးတွေလည်း အကောင်အထည်ဖော်လို့ရမှာ မဟုတ်ဘူး။ အနုပညာအလုပ်လုပ်ရအောင်လည်း အစ်ကိုက အောင်မြင်နေတဲ့လူမဟုတ်တော့ ဆက်တိုက်လုပ်လို့ရမှာ မဟုတ်ဘူး ဒါကြောင့် ပြန်လာမယ့် Plan ကို ခဏ ရပ်ထားပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Ye Htoo Win

ဥက္ကာမင်းမောင်ကို Music Video တွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲ့ဒီနောက် ဗီဒီယို ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးထားတာကို တွေ့ရပါတယ်။ သူဟာ Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေ နဲ့ သရုပ်ဆောင်ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစားခဲ့သူဖြစ်ပြီး 18 Album ကိုလည်း ထွက်ရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံက အနုပညာအလုပ်တွေလည်း လုပ်ကိုင်လျှက်ရှိသလို New York မှာရှိတဲ့ အနုပညာလောကထဲကိုလည်း ဝင်ရောက်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ သူဟာ အမေရိကန် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ 'Dead Of Night' Short Film မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က