ကိုဗစ်မတိုင်ခင်ကတည်းက အသံသွင်းထားတယ်။

ဆုန်သင်းပါရ်ကတော့ သူမရဲ့ တစ်ကိုယ်တော်အခွေအသစ်အတွက် သီချင်းတွေ လုပ်နေပြီလို့ ဆိုပါတယ်။ 

Photo: Sung Thin Par



ဆုန်သင်းပါရ်ကတော့ ဂီတလောကမှာ အောင်မြင်မှုအခိုင်အမာရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမရဲ့ တစ်ကိုယ်တော်အခွေအသစ်ထွက်နိုင်ဖို့ အတွက် ကြိုတင်ပြင်ဆင်နေတဲ့အကြောင်း Duwun ကို ပြောပြလာပါတယ်။ 

“ ကိုဗစ် မဖြစ်ခင်တုန်းကတော့ မဆုန်သင်းက တစ်ကိုယ်တော် အခွေ အတွက် အသံသွင်းတာပေါ့နော်။ (၇) ပုဒ်လောက်တော့ ပြီးသွားပြီ။ Maxing ကတော့ မလုပ်ရသေးဘူး။ သီချင်းကလည်း Gmail ကနေ ပို့လို့ရတဲ့ အနေအထားဆိုတော့ သီချင်းတွေ ဆက်လုပ်ဖြစ်တယ်။ မဆုန်သင်းကိုယ်တိုင် ဟော်လိုဂစ်တာလေးနဲ့ ဆိုထားတဲ့ သီချင်းတစ်ပုဒ်ကိုတော့ လောလောလတ်လတ် အွန်လိုင်းပေါ်မှာ ပရိသတ်နဲ့ အဆက်မပြတ်သွားအောင် တင်ပေးဖို့တော့ရှိတယ်” လို့ သူကဆိုပါတယ်။

 

Photo: Sung Thin Par

ဆုန်သင်းပါရ်ဟာ ဂီတသက်တမ်း (၁၀) စုနှစ်အကြာ ရပ်တည်လာတဲ့ အဆိုတော် တစ်ယောက် ဆိုရင်လည်း မမှားပါဘူး။ အခုချိန်ထိ သူမရဲ့ အသံပါဝါကလည်း အရမ်းကို ကောင်းမွန်နေတုန်းပါပဲ။ သူမရဲ့ အသံပါဝါကို နှစ်အတော်ကြာ ထိန်းထားနိုင်တဲ့ အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။ 

“ အခုချိန်မှာ သီချင်းပဲဆိုဆို ဘာပဲလုပ်လုပ် ကျန်းမာရေးကောင်းဖို့က ပိုအရေးကြီးပါတယ်။ ကိုယ်ကျန်းမာမှ ဘယ်အလုပ်မဆို ကောင်းကောင်းလုပ်နိုင်မယ်။ နံပတ်(၁) အနေနဲ့ကတော့ အိမ်မှာနေတဲ့ အချိန်တွေဆိုရင် သီချင်းများများနားထောင်ဖို့ အရေးကြီးတယ်။ သီးသန့်အချိန်မပေးနိုင်ရင်တောင် အားကစားလုပ်တဲ့ အချိန်တွေ၊ လမ်းလျှောက်တဲ့ အချိန်တွေမှာ သီချင်းတွေ နားထောင်ရင်း ကိုယ်ရတဲ့ သီချင်းတွေတော့ လိုက်ဆိုဖြစ်တယ်။ ကိုယ့်ရဲ့ အသံအတွက် တကူးတကကြီး လုပ်တာမျိုးတော့ မရှိပါဘူး” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Sung Thin Par

ဆုန်သင်းပါရ်က သူဝါသနာပါတဲ့ ဂီတအလုပ်တွေလုပ်ရင်း ပရဟိတအလုပ်တွေကိုပါ လုပ်ကိုင်လာတာ တွေ့ရပါတယ်။သူငယ်ချင်းတွေ ဖြစ်ကြတဲ့ မီမီဝင်းဖေ၊ကော်နီ၊ တင်ဇာမော်၊ချောစုခင်တို့နဲ့အတူတူ ပရဟိတအလုပ်တွေ လုပ်ကိုင်သလို စစ်ဘေးရှောင်တွေအတွက် ပါဝင်ကူညီပေးနေတာကိုလည်း တွေ့ရပါတယ်။ ဆုန်သင်းပါရ်ဟာ လက်ရှိမှာ သားတစ်ယောက်၊သမီးတစ်ယောက်နဲ့အတူ အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က