ဘယ်ပါတီကို မဲ ပေးမလဲဆိုတာလည်း ပြောခဲ့ပါတယ်။

ဘုန်းသီရိကျော်ဟာ နိုင်ငံတစ်နိုင်ငံရဲ့ အပြောင်းအလဲကာလမှာ ပထမဆုံးအကြိမ် ဆန္ဒမဲ ပေးခွင့်ရမယ့် အပေါ် သူ့ရဲ့ခံစားချက်ကို ပြောပြလာပါတယ်။ 

Photo: Phone Thiri Kyaw



ဘုန်းသီရိကျော်ကတော့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ မှာကျရောက်မယ့် ရွေးကောက်ပွဲနေ့မှာ မဲပေးဖို့ အတွက် စိတ်လှုပ်ရှားနေပြီလို့ ဆိုပါတယ်။ သူမ အနေနဲ့ ကောင်းမွန်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့ အတွက် မဖြစ်မနေ မဲပေးဖို့ အဆင်သင့်ပဲလို့ ဆိုပါတယ်။ 

“ကိုယ်က အခုမှ ပထမဆုးအကြိမ် မဲပေးရမှာဆိုတော့ ရင်ခုန်တယ်၊ စိတ်လှုပ်ရှားနေတယ်။ ဘယ်ပါတီကို မဲပေးမလဲဆိုတာတော့ လျှို့ဝှက်ချက်ပေါ့နော်။ ဒါပေမယ့် နိုင်ငံအတွက်ကောင်းဖို့၊ နိုင်ငံအတွက် ပြုပြင်ပြောင်းလဲပေးနိုင်မယ့် ပါတီကို မဲပေးဖို့တော့ အသင့်ရှိပါတယ်။ အခုလည်း ပါတီစွဲကြီးဆိုတာထက် လေ့လာနေတာပါ။ ဘယ်ပါတီက ပိုကောင်းနိုင်မလဲ ဆိုတာတွေ လေ့လာနေတယ်။ ညီမက ဥပဒေကျောင်းဆင်းဆိုတော့ ဆရာတွေကနေတဆင့် နိုင်ငံရေး အကြောင်းတွေ အမြဲ ကြားရလေ့ရှိတယ်။ ဘေးပတ်ဝန်းကျင်က ပြောတာတွေ၊ မိဘတွေပြောတာတွေကိုလည်း ကိုယ်က ကြားနေရတာပေါ့။ အခုဆိုရင် လူငယ်တွေ မဲ ပေးမယ့် ရာခိုင်နှုန်းက ၁၅ ရာခိုင်နှုန်းရှိတော့ လူငယ်တွေရဲ့ မဲ ကလည်း အရေးပါတယ်လို့ ထင်ပါတယ်” ဆိုပြီးတော့ Duwun ကို ပြောပါတယ်။ 

Photo: Phone Thiri Kyaw

Jenny ဟာ ဥပဒေရေးရာနဲ့ ဘွဲ့ရရှိပြီးသူ ဖြစ်တာကြောင့် နိုင်ငံရေး အကြောင်း တစေ့တစောင်းကိုလည်း ကြားဖူးနားဝ ရှိပြီးသားလို့ဆိုပါတယ်။ ဒါပေမယ့် သူမကတော့ နိုင်ငံရဲ့ ပညာရေးစနစ်ကို ကောင်းမွန် တိုးတက်စေချင်တယ်လို့လည်း သူက ဆက်လက် ပြောပြခဲ့ပါတယ်။ 

“ Jenny ကတော့ ပညာရေးစနစ်ကို ပြောင်းလဲစေချင်တယ်၊ အရင်ကဆိုရင် ဒီဟာကိုကျက်၊ ဒါကိုဖြေဆိုတာမျိုး Jenny တို့ ကိုယ်တိုင်ကလည်း ဒီပညာရေးစနစ်ကနေ ကြီးပြင်းလာတာဆိုတော့ အခုခေတ်က အင်တာနက်ခေတ် ဖြစ်တဲ့အတွက် ကိုယ်က ဒီ့ထက်ပိုသိချင်ရင် အင်တာနက်ကနေ ရှာပြီးတော့ လေ့လာလို့ရတယ်။ တိုးတက်စေချင်တဲ့ အရာတွေကလည်း အများကြီးပဲ ရန်ကုန်တင်မကဘူး၊ နယ်တွေကိုလည်း တိုးတက်စေချင်တယ်၊ ငြိမ်းချမ်းရေးတွေ ရစေချင်ပြီ။ ဖြစ်နိုင်ရင်တော့ တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖွံ့ဖြိုးတိုးတက်စေချင်တာပေါ့နော်” လို့ ဆိုပါတယ်။ 

Photo: Phone Thiri Kyaw

ဘုန်းသီရိကျော်ကို SAI Cosmetix ကြော်ငြာရိုက်ကူးရေးကနေတဆင့် အနုပညာလောကထဲ ဝင်ရောက်လာသူဖြစ်ပါတယ်။ သူမဟာ အဆိုတော် ဇော်ပိုင်ရဲ့ " ပြည့်စုံလွန်း" ဆိုတဲ့ သီချင်း MTV လေးကနေတဆင့် ပရိသတ်အခိုင်အမာ ရရှိခဲ့သူတစ်ဦးဆိုလည်း မမှားပါဘူး။ သူမအနေနဲ့ TV ကြော်ငြာများစွာလည်း ရိုက်ကူးထားတာ ဖြစ်ပြီး သရုပ်ဆောင်ဘက်ကိုလည်း ခြေလှမ်းစတင်‌‌နေ ပြီဖြစ်ပါတယ်။ ဘုန်းသီရိကျော်ကိုတော့ ပရိသတ်တွေက ချစ်စနိုးနဲ့ Jenny လို့လည်း ခေါ်ကြပါသေးတယ်။ အနုပညာ အလုပ်တွေကို အောင်မြင်ဖို့ ကြိုးစားနေပေမယ့် ပညာရေးမှာတော့ သူမက ဥပဒေနဲ့ ဘွဲ့ရရှိထားပြီးပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က