ကလေးတွေဆီမှာ တွေ့နေရတဲ့ ဝါသနာလေးတွေအကြောင်းပြောလာပါတယ်။

ဆုန်သင်းပါရ်ကတော့ သူမရဲ့ ကိုယ်ပိုင်မိသားစု ဘဝလေးဟာ သားနဲ့ သမီးလေးကြောင့် ပိုပြီးတော့ ပျော်ရွှင်နေရတယ်လို့ ဆိုပါတယ်။ 

Photo: Sung Thin Pr



အဆိုတော် ဆုန်သင်းပါရ်ကတော့ လက်ရှိမှာ ချစ်ရတဲ့ ခင်ပွန်း၊ ချစ်ရတဲ့ သားနဲ့ သမီးလေးနဲ့ ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။ သူမ လိုပဲ အနုပညာနဲ့ ပတ်သက်ပြီး ဂီတကို ဝါသနာပါတဲ့ သားနဲ့ သမီးအကြောင်းကို Duwun ကနေ ပြောပြလာပါတယ်။ 

“ အခုဆိုရင် ဆုန်သင်းရဲ့ သားကြီးကတော့ (၇) နှစ်ရှိပြီ၊ သမီးငယ်ကတော့ (၂) နှစ်လောက်ရှိပြီ။ မိဘအတွက်ကတော့ ကိုယ့်ရဲ့ သားသမီးတွေသာ လောကမှာ ချစ်စရာအကောင်းဆုံးပေါ့နော်။ ကိုယ့်ရဲ့ မျက်စိထဲမှာ သူတို့ ဘာလုပ်လုပ် ချစ်စရာကောင်းတယ်လို့ မြင်တယ်၊ သူတို့က သီချင်း တစ်ပိုင်းတစ ဆိုရင်တောင် တော်လိုက်တာလို့ ချီးကျူးနေရတာမိဘတွေပါပဲ။ အခုဆိုရင် သားကြီးက ပီယာနိုတီးတတ်တယ်။သမီးလေးကတော့ ကာတွန်းကားထဲက သီချင်းတွေ ဆိုပြလေ့ရှိတယ်။ ကြီးလာရင်တော့ ဘာဖြစ်လာမလဲ မသိသေးဘူး” လို့ သူက ဆိုပါတယ်။ 

Photo: Sung Thin Pr

လက်ရှိမှာတော့ ကိုဗစ် ကာလကြောင့် ဂီတလှုပ်ရှားမှုတွေ ရပ်နားထားတဲ့ ဆုန်သင်းပါရ်က သူ့ရဲ့ သားနဲ့ သမီးကြောင့် အိမ်ထဲမှာ နေနိုင်တာလို့ ဆိုပါတယ်။ ဂီတဖျော်ဖြေရေးတွေနဲ့ အမြဲတမ်း အပြင်သွားနေရလေ့ရှိတဲ့ သူမဟာ အခုလို ကိုဗစ်ကာလမှာ ကလေးတွေ မရှိရင် ရူးသွားနိုင်တယ်လို့လည်း သဘောကျရယ်မောရင်း ပြောလာခဲ့ပါတယ်။ 

“ Stay Home ကာလမှာ သူများတွေကတော့ ဘယ်လိုနေမလဲ မသိဘူး၊ ဆုန်သင်းကတော့ ကလေးတွေ မရှိရင် တကယ်ကို ရူးသွားမှာ။ ဒီကလေးလေးတွေ ရှိလို့ တစ်နေ့ တစ်နေ့ ဘာပဲပြောပြောသူတို့တွေနဲ့ နေရတာ အသစ် အသစ်တွေ ဖြစ်တာပေါ့လေ။ ကလေးတွေ မရှိလို့ လူကြီးတွေပဲ နေမယ်ဆိုရင် တစ်ယောက်မျက်နှာ တစ်ယောက် နေ့တိုင်း ကြည့်နေရမှာ ကြာလာတော့ ကြည့်ချင်တော့မှာလည်း မဟုတ်ဘူး။ အွန်လိုင်းတက်တာတောင် သတင်းဖတ်တာလောက်ပဲ ကိုယ်က သုံးတာ။ ဘာလိုလို နဲ့ အိမ်အပြင် မထွက်ရတဲ့ ကာလတွေမှာ ကိုယ်က အိမ်မှာနေနေရတော့ သူတို့တွေကို ကျေးဇူူတင်နေရတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Sung Thin Pr

ဆုန်သင်းပါရ်က သူဝါသနာပါတဲ့ ဂီတအလုပ်တွေလုပ်ရင်း ပရဟိတအလုပ်တွေကိုပါ လုပ်ကိုင်လာတာ တွေ့ရပါတယ်။သူငယ်ချင်းတွေ ဖြစ်ကြတဲ့ မီမီဝင်းဖေ၊ကော်နီ၊ တင်ဇာမော်၊ချောစုခင်တို့နဲ့အတူတူ ပရဟိတအလုပ်တွေ လုပ်ကိုင်သလို စစ်ဘေးရှောင်တွေအတွက် ပါဝင်ကူညီပေးနေတာကိုလည်း တွေ့ရပါတယ်။ ဆုန်သင်းပါရ်ဟာ လက်ရှိမှာ သားတစ်ယောက်၊သမီးတစ်ယောက်နဲ့အတူ အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က