video editing လုပ်ပုံ လုပ်နည်းတွေကို လေ့လာတယ်။

ကူးကူးဇင်အောင် ကတော့ အနုပညာအလုပ်တွေ ရပ်နားထားတဲ့ အချိန်မှာ အလုပ်နဲ့ပတ်သက်ပြီး သူစိတ်ဝင်စားတဲ့ အရာလေးတွေကို သင်ယူနေတယ်လို့ဆိုပါတယ်။ 

Photo: WMH



ကူးကူးဇင်အောင်ကတော့ video editing နဲ့ ပတ်သက်တာတွေကို ဝါသနာတစ်ခုအနေနဲ့ လေ့လာနေတယ်လို့ ဆိုပါတယ်။ သူ့ အနေနဲ့ ဒါဟာ အနုပညာအလုပ်အတွက် အထောက်အကူဖြစ်စေမယ့် ဘာသာရပ်တစ်ခုဖြစ်တယ်လို့ Duwun ကို ပြောပါတယ်။ 

“ ဒီကာလမှာ ကိုယ့်အလုပ်နဲ့ ပတ်သက်ပြီးရုပ်ရှင်တွေ များများကြည့်တယ်၊ ဇာတ်ကောင်တွေ အပေါ်မှာ သူတို့ ဘယ်လိုတွေ လုပ်သွားတယ်ဆိုတာမျိုးတွေ လေ့လာ သင်ယူဖြစ်တယ်။ ပြီးတော့ Editing အပိုင်းနဲ့ပတ်သက်ပြီး video editing တွေ ဘယ်လို လုပ်တယ် ဆိုတာ လေ့လာတယ်။ YouTube ၊ Instagram တွေကနေတဆင့် လေ့လာပြီး လုပ်ကြည့်နေတယ်။ ကိုယ်တိုင် ဓာတ်ပုံရိုက်၊ ဗီဒီယို ရိုက်ပြီး Edit ပြန်လုပ်ဖြစ်နေတယ်။ အလုပ်မှာလည်း ဒီပညာက အထောက်အကူ ဖြစ်တယ်” လို့ ဆိုပါတယ်။ 

Photo: Ku Ku Zin Aung

ကူးကူးဇင်အောင် အနေနဲ့ ကိုဗစ်ကြောင့် အလုပ်တွေ နားထားရတဲ့အချိန်မှာ ပရိသတ်နဲ့ အဆက်အသွယ် မပြတ်အောင်ကြိုးစားနေတဲ့အကြောင်းတွေကိုလည်း ပြောပြလာခဲ့ပါသေးတယ်။ 

“ အခုချိန်မှာ အနုပညာရှင် တစ်ယောက်နဲ့ တစ်ယောက်က ဖြတ်သန်းရတာခြင်း မတူဘူး။ ကူးကတော့ Social Media အပိုင်းဖြစ်တဲ့အတွက် ပရိသတ်တွေနဲ့လည်း အရမ်းအလှမ်းဝေးသွားလို့လည်း မရဘူး။ အမြဲတမ်း ပျောက်နေလို့ ပရိသတ်က မေ့သွားမှာစိုးတာလည်း ပါတယ်။ ဒီတော့ ပုံမှန် ဓာတ်ပုံလေးတွေ တင်တာတို့ တို့လုပ်ဖြစ်တယ်။ ပြီးတော့ ကိုယ့်စိတ်က တခြားအရာတွေမတွေးမိအောင် ကိုယ်လုပ်ရမယ့် အလုပ်ကို ဖြည်းဖြည်းနဲ့ မှန်မှန်လေးပဲ ဆက်လုပ်သွားမယ်။ ကိုဗစ်ပြီးရင် ကိုယ်ထပ်ကြိုးစားရမယ့် အရာတွေအတွက် အားမွေးရင်းနဲ့ ဖြတ်သန်းသွားမယ်လို့ စဉ်းစားထားပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Yin Wai Aung

“သူစိမ်းအိမ်” ထဲမှာ " မြ" ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့တဲ့ ကူးကူးဇင်အောင် ဟာ အခုဆိုရင် အနုပညာအလုပ်တွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေရပါပြီ။ ကြော်ငြာရိုက်ကူးမှုတွေလည်း လက်ခံထားသလို ဇာတ်ကားရိုက်ကူးမှုတွေလည်း လက်ခံထားတယ်လို့ ဆိုပါတယ်။ သူမအနေနဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးထားတဲ့ “လရဲ့အောက်ဘက်မိုင်အဝေးမှာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း ထပ်မံပါဝင်ခွင့်ရရှိထားပါသေးတယ်။ ဒီရုပ်ရှင်မှာတော့ သူမကို “သူစိမ်းအိမ်”ထဲက ကာရိုက်တာနဲ့ မတူတဲ့ ပုံစံမျိုးနဲ့တွေ့မြင်ရမှာဖြစ်လို့ စောင့်မျှော်အားပေးဖို့ တောင်းဆိုထားပါသေးတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က