ဒုဥက္ကဌ ဦးအေးကြူလေးကလည်း ပြန်လည် ဖြေရှင်းထားပါတယ်။

လူရွှင်တော် ဝိုင်းချစ်ကတော့ သူ့ရဲ့ သားဖြစ်သူဟာ (၁၀)တန်းကို ဂုဏ်ထူးတစ်ဘာသာနဲ့ အောင်မြင်ခဲ့ပေမယ့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ ဆုချီးမြှင့်တဲ့ စာရင်းထဲမှာ မပါဝင်ခဲ့တဲ့အပေါ် အခုလို ရင်ဖွင့်စကားဆိုခဲ့ပါတယ်။ 

လူရွှင်တော် ဝိုင်းချစ်ရဲ့ သားဖြစ်သူ မောင်လင်းပြည့်ဖြိုးကတော့ (၁၀)တန်းကို ဇီဝဗေဒ ဘာသာရပ်နဲ့ ဂုဏ်ထူးထွက်ပြီး ထူးထူးချွန်ချွန် အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နိုဝင်ဘာလ (၃) ရက်နေ့တုန်းက မြန်မာနိုင်ငံအစည်းအရုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ “ ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ” မှာ သားဖြစ်သူ မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။ 



အခုလိုဆုချီးမြှင့်တဲ့ စာရင်းထဲ မပါတဲ့အပေါ်မှာ ဝိုင်းချစ်က ရုပ်ရှင်အစည်းအရုံးကို ဆက်သွယ်ခဲ့သော်လည်း လျှောက်လွှာ မတင်လို့ ဆုမရတာလို့ဘဲ ပြောပြီး ဘာမှထပ်မလုပ်ပေးခဲ့ကြောင်း Duwun ကိုပြောပါတယ်။ 

“ ကျွန်တော်တို့ သိထားတာက ရုပ်ရှင်အစည်းအရုံးက နှစ်စဉ် နှစ်တိုင်း ဂုဏ်ပြုဆု ချီးမြှင့်တယ်၊ ဂုဏ်ပြုတယ်ဆိုတာကို သိတယ်။ ကိုဗစ်ကာလကြီးဆိုတော့ ဒါကိုလည်း မလုပ်လောက်သေးဘူးလို့ ထင်ခဲ့တာ။ ဒါပေမယ့် အခုကျတော့ ဆုပေးတဲ့ ကိစ္စကို မသိလိုက်တာ ရင်ထဲတော်တော်မကောင်းဖြစ်တယ်။ အစည်းအရုံးကို ဖုန်းဆက်တဲ့အချိန်မှာ သူတို့က သတင်းစာထဲမှာ ကြေညာထားတယ်ဆိုတော့ ဦးက သတင်းစာလည်း ဝယ် မဖတ်ဖြစ်ဘူး၊ Page မှာလည်း ကြေညာထားတာမတွေ့ဘူး။ တကယ်တမ်းပြောရရင် ကျွန်တော့်သားလည်း ဂုဏ်ထူးတန်းထဲမှာ ပါတယ်ဆိုတာ သိသင့်သလောက်လည်း သိပါတယ်။ မီဒီယာတွေကလည်း တင်ပေးထားတာ အများကြီးပါပဲ။ လျှောက်လွှာ မတင်လို့ မပေးဘူးဆိုတော့ ရင်ထဲမှာ တော်တော် စိတ်မကောင်းဖြစ်တယ်၊ ဒါကို မဖြစ်သင့်ဘူးလို့လည်း မြင်ပါတယ်။ အစည်းအရုံးမှာ ထောက်ပံ့ကြေးသွားယူတိုင်းလည်း လူကြီးတွေကို ကျွန်တော့်သား ဂုဏ်ထူးပါတယ်နော် ဘာညာ ပြောပြန်ရင်လည်း အရမ်းလိုချင်တပ်မက်မောတယ်လို့ ဖြစ်မှာလည်း ကြောက်တယ်။ ရုပ်ရှင်အစည်းအရုံးက ဆုပေးလိုက်တာ (၉) ယောက်၊ ဦးရဲ့ သားနဲ့မှ (၁၀) ယောက်တည်းပါ။ ကျန်တဲ့သူတွေပါပြီး ဦးရဲ့သား မပါဘူးဆိုရင် သူတို့လည်း သိရမယ်လို့ ထင်ပါတယ် " လို့ သူက ဆိုပါတယ်။ 

photo: Wine Chit

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ချီးမြှင့်တဲ့ “ ပညာရည်ချွန်ဆု ပေးပွဲ” မှာ လူရွှင်တော် ဝိုင်းချစ်ရဲ့ သားဖြစ်သူ မပါခဲ့တဲ့ အပေါ် အနုပညာလောကသား အသိုင်းအဝိုင်းနဲ့ ပရိသတ်တွေကလည်း “ မျက်နှာကြီးရာ ဟင်းဖတ်ပါတယ်” စတဲ့ စကားလုံးတွေ အပြင် တခြားစကားအသုံးအနှုန်းတွေနဲ့လည်း ဝေဖန်နေကြတာ တွေ့ရပါတယ်။

တစ်ဆက်တည်းမှာပဲ ဝိုင်းချစ်သားကို ဆုစာရင်းထဲမှာ မထည့်ထားခဲ့တာနဲ့ ပတ်သက်ပြီး ရုပ်ရှင် အစည်းအရုံးကို ဆက်သွယ်မေးမြန်းကြည့်ရာ“ ရုပ်ရှင်အစည်းအရုံးက ပေးတဲ့ ပညာရည်ချွန်ဆုပေးပွဲက အရင်ဆုံး လျှောက်လွှာတင်ရပါတယ်။ အစည်းအရုံးကလူတွေကလည်း ဘယ်သူတွေရဲ့ သားသမီးက ဂုဏ်ထူးရတယ်၊ မရဘူးဆိုတာ ဘယ်သူမှ သေချာ မသိနိုင်ဘူး။ (၁၀) တန်းစာမေးပွဲတွေ ပြီးကတည်းက လျှောက်လွှာတင်ဖို့၊ ဒီလျှောက်လွှာမှာလည်း ဘယ်သူရဲ့ သားသမီးက ဘယ်ဘာသာတွေမှာဂုဏ်ထူးထွက်တယ်၊ ပြီးတော့ သန်းခေါင်စာရင်း၊ အစည်းအရုံးကဒ်နဲ့ တင်မှ ရမှာပါ။ ဆုပေးတာကလည်း ကိုဗစ်ကြောင့် အရင်တုန်းကထက် နောက်ဆုတ်ပြီးမှ ပေးလိုက်ရတာပါ။ လျှောက်လွှာ လာတင်တဲ့ ကလေးတိုင်းကို အကုန် ဆုချီးမြှင့်ပါတယ်။ လျှောက်လွှာမတင်ရင် တော့ မရသလို ဘယ်သူတွေ ဘယ်လို ကျန်ခဲ့တယ်ဆိုတာလည်း မသိပါဘူး။ ဆုချီးမြှင့်ပွဲက တစ်နှစ်ကို တစ်ကြိမ်ပဲ ပေးတာဖြစ်လို့ သေချာလေး ဂရုစိုက်သင့်တယ်၊ ပြီးတော့ သတင်းစာတွေမှာရော၊ အမှုဆောင်တွေ အားလုံးရဲ့ Facebook တွေမှာရော ကြေညာတယ်။ နည်းနည်းတော့ လေ့လာသင့်တယ်၊ နောက်တော့မှ ကျွန်တော် မရဘူးလို့တော့ ပြောလို့ မရဘူး။ ကိုယ့်ဘက်ကလည်း တာဝန်ကျေဖို့တော့ လိုတယ်” လို့ သူကဆိုပါတယ်။ 

photo: Wine Chit


မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေနဲ့ ပညာရည်ချွန်ဆုပေးပွဲကို နှစ်စဉ် နှစ်တိုင်း အောက်တိုဘာလ အတွင်းမှာ ပြုလုပ်လေ့ရှိပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ကိုဗစ်ရောဂါအခြေအနေကြောင့် နိုဝင်ဘာလ (၃) ရက်နေ့က ရုပ်ရှင်အစည်းအရုံးရဲ့ သင်တန်းခန်းမ မှာ ကျင်းပပြုလုပ်လိုက်တာ ဖြစ်ပါတယ်။ ဒီ ဆုချီးမြှင့်ပွဲမှာ အနုပညာလောကသားတွေရဲ့ သားသမီးတွေထဲကမှ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ ဦးရေ (၉) ယာက်တို့ကို ဂုဏ်ထူး တစ်ဘာသာလျှင် ငွေကျပ် (၁) သိန်းစီ ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် မင်္ဂလာကုမ္မဏီ ဥက္ကဌ ဦးဇော်မင်းကလည်း ဂုဏ်ထူး(၅) ဘာသာရ ကျောင်းသား၊ ကျောင်းသူတွေကို တစ်ယောက် (၁) သိန်းစီ အပြင် ဂုဏ်ထူး(၅) ဘာသာအောက် ဆုရကျောင်းသားတွေကို ငွေကျပ် (၃) သောင်းစီ၊ ပြေတီဦး ဖောင်ဒေးရှင်းမှလည်း ကျောင်းသုံးဗလာစာအုပ် တစ်ဦးလျှင် (၃) ဒါဇင်စီ အပြင် Red Reading ကုမ္မဏီကလည်း တစ်ဦးလျှင် စတီးချိုင့် တစ်လုံးစီ ချီးမြှင့်ခဲ့ပြန်ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က