အပြိုင်အဆိုင်လုပ်ရတာ သဘောမကျဘူး။

မေတိုးခိုင်ကတော့ သူမရဲ့ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ခံယူချက်တွေကို ပြောပြခဲ့ပါတယ်။ 

Photo: May Toe Khine



မေတိုးခိုင်ဟာ အနုပညာလောကမှာ တက်သစ်စ သရုပ်ဆောင် တစ်ဦးဆိုပေမယ့် ပရိသတ်တွေ အခိုင်အမာ ရရှိထားသူပါ။ သူမ အနေနဲ့ ဝါသနာပါတဲ့ အနုပညာအလုပ်ကို အပြိုင်အဆိုင်တွေနဲ့ ရှေ့ဆက်ရတာ မနှစ်သက်ဘူးလို့ Duwun ကို ပြောလာပါတယ်။ 

“ ဖူးက ပြိုင်ဆိုင်ရတာကို သဘောမကျဘူး ပြီးတော့ စိတ်က ဘယ်လောက်ပဲ မြန်မြန် ကိုယ်သွားချင်တဲ့ ပန်းတိုင်တစ်ခုကို မြန်မြန်ကြီးမသွားချင်ဘူး။ ဖြေးဖြေးချင်းသွားမယ်၊ ကိုယ်ဖြစ်ချင်တာ တစ်နေ့ကျရင် ဖြစ်ကိုဖြစ်မယ်လို့ ယုံကြည်တယ် ဒါကြောင့် ဖူးက အမြဲတမ်းကြိုးစားနေတယ်။ ဘေးမှာပြိုင်မယ့် သူရှိလာရင်တောင် ဖူးက သတိထားမိမှာ မဟုတ်ဘူး။ သူများတွေ ပြောတာကိုလည်း ကိုယ်က နောက်ဆုံးမှသိရတယ်၊ သူများတွေက လာပြိုင်ရင်လည်း ဖူးကမသိတာများတယ်။ ဒါကြောင့် ဖူးမှာ ဖိအားဆိုတာ သိပ်မရှိဘူး” လို့ သူက ဆိုပါတယ်။ 

Photo: May Toe Khine

မေတိုးခိုင်ဟာ အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ တူမ ဖြစ်ပေမယ့် သူများနဲ့ တန်းတူ ကြိုးစားချင်တဲ့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ မိဘတွေနဲ့ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင် တို့ရဲ့ ဆုံးမ စကားတွေအတိုင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်တယ်လို့ သူက ပြောပါတယ်။ 

“ဖူးတို့ တစ်အိမ်လုံးက အရမ်းကြီး ချေတတ်တဲ့သူတွေထဲမှာ မပါဘူး။ အကုန်လုံးက ဒီလို စိတ်လေးတွေရှိကြတယ် အဖေ နဲ့ အမေဆို ဖူးကို အမြဲပြောတယ် ကိုယ်လာခဲ့တဲ့ နေရာကို ဘယ်တော့မှ မမေ့နဲ့လို့ပြောတယ်။ ဘယ်လိုပဲ တီအူဝဲရဲ့ တူမ ဖြစ်နေပါစေ ကိုယ်က သာမန်လူတစ်ယောက်ပဲလေ။ အကုန်လုံးက တန်းတူပဲ အတူတူ ကြိုးစားနေကြတယ်လို့ပဲ ထင်ပါတယ်။ တီအူဝဲ ဆိုရင်လည်း ဘယ်လောက်ပဲ အောင်မြင်နေပါစေ အခုချိန်ထိ သူကြိုးစားနေတဲ့ အရာတွေလည်း အများကြီးရှိသေးတယ်။ တီအူဝဲဆိုရင် အမြဲပြောလေ့ရှိတယ် ကိုယ်ဘာပဲလုပ်လုပ် အဆုံးထိလုပ် ဆိုတဲ့ စကားကို အမြဲမှတ်ထားပြီးတော့ အကောင်းဆုံးဖြစ်အောင် နေထိုင်တယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: RBV

မေတိုးခိုင်ကိုတော့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ တူမ အရင်းလေး ဆိုကလည်းက ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင် နဲ့ အတူ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထားတာကိုလည်း တွေ့ရပြီး နောက်ထပ် ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။ သူမရဲ့ ဖခင်ဖြစ်သူကတော့ အဆိုတော် တိုးခိုင်ဖြစ်ပြီး မိခင်ဖြစ်သူကတော့ VIVID Fashion TASTE

ရဲ့ ဒီဇိုင်နာ တစ်ဦးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က