ချစ်သူ သက်တမ်း(၃) နှစ်ရှိပါပြီ။

ဥက္ကာမင်းမောင်ဟာ သူ့ရဲ့ ချစ်သူ Lance နဲ့အတူ မိသားစုဘဝ တည်ဆောက်သွားဖို့အထိတောင် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ 

Photo: Oakkar Min Maung



ဥက္ကာမင်းမောင်ကတော့ ချစ်သူဖြစ်တဲ့ Lance နဲ့ လက်တွဲလာတာ (၃) နှစ်ပြည့်ပြီလို့ သိရပါတယ်။ (၃) နှစ်အကြာ ကာလမှာလည်းတစ်ယောက်နဲ့ တစ်ယောက် နားလည်မှု၊ လေးစားမှုလေးတွေနဲ့ အချစ်ရေး ခိုင်မာအောင် တည်ဆောက်ထားကြတယ်လို့ ဥက္ကာမင်းမောင်က Duwun ကို ပြောပါတယ်။ 

“ လက်ရှိ ပိုင်ဆိုင်ထားတဲ့ အချစ်ရေးကတော့ (၃) နှစ်ပြည့်ပြီ။ Perfect Relationship တော့ မဟုတ်ပါဘူး။ မကြာခဏ ကတောက်ကဆဖြစ်ပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ခွင့်လွှတ်တတ်ဖို့၊ နားလည် တတ်ဖို့က အရေးကြီးတာပေါ့နော်။ သူ့ကို လေးစားဖို့ ၊ နားလည်ဖို့ပေါ့နော်။ အခုတော့ ကိုယ် ကံကောင်းတယ်လို့ ယူဆတယ်ဆိုပေမယ့် ဘယ်အရာမှ ကံသေကံမပြောလို့ မရဘူး။ သူနဲ့ တစ်သက်လုံး တည်မြဲချင်တယ်။ ဒါပေမယ့် ကံပေးသလောက်ပေါ့နော်။ အကောင်းဆုံးအတွက်လည်း ကြိုတင်ပြင်ဆင်ထားသလို အဆိုးဆုံး အတွက်လည်း ပြင်ဆင်ထားပါတယ်။ သူလည်း ချစ်သလို ကျွန်တော်လည်း ချစ်တယ်”လို့ ဆိုပါတယ်။ 

Photo: Oakkar Min Maung

ဥက္ကာမင်းမောင်အနေနဲ့ လက်ရှိ ပိုင်ဆိုင်ထားတဲ့ အချစ်ရေးကို မျှော်လင့်ချက်တွေ အများကြီး မထားဘူးလို့ ဆိုပါတယ်။ Lance နဲ့ အတူ အိမ်ထောင်ကျဖို့ ကံပါလာရင်တော့ မိသားစု ဘဝ တည်ဆောက်ဖို့ အထိ တွေးထားတယ်လို့ သူက ပြောပါတယ်။ 

" အစ်ကို့ ဘဝမှာ မမျှော်လင့်ပဲ အိမ်ထောင်တစ်ခု ပျက်စီးသွားရတယ်။ အဲဒီနောက်ပိုင်း ဘယ်အရာကိုမှ မမျှော်လင့်တော့ဘူး။ သူနဲ့ ပေါင်းဖို့ ကံပါလာရင် ပေါင်းမယ်၊ ကလေးတွေ ဘာတွေနဲ့ မိသားစုဘဝ တစ်ခု ထူထောင်ဖို့ ရည်ရွယ်ချက်ရှိတယ်။ ဒါပေမယ့် ပြတ်သွားရင်လည်း နောက်တစ်ယောက်ရှာမယ်။ ကိုယ့်ဘဝကိုတော့ အထီးကျန်ပြီးတစ်ယောက်တည်း မနေဘူး။ သူ့ကိုလည်း ပြောထားတယ် ငါ ရုတ်တရက်သေသွားရင် နင် နောက်တစ်ယောက်ရှာပါလို့ပြောထားတယ်။ အစ်ကို့ရဲ့ အဖေနဲ့ အမေက ကွဲနေတာ ဒါပေမယ့် အဖေ ကင်ဆာအဆင့်(၄) ဖြစ်တဲ့အချိန်မှာ အမေက အဖေ့အနားပြန်လာတယ်၊ သူတို့ နှစ်ယောက် ရင်ထဲမှာ ဘယ်လောက်ပဲ မုန်းမုန်း အဖေ့ရဲ့ ကိစ္စ အားလုံးကို အမေက လုပ်ပေးခဲ့တာ။ ဒါဟာ ကျွန်တော့် မိဘတွေပြသခဲ့တဲ့ နက်ရှိုင်းတဲ့ ချစ်ခြင်းတရားပါ။ ကိုယ့်ဘဝလည်း ဘယ်လို ဇာတ်သိမ်းမလဲ ဆိုတာ မသိဘူး ဒီအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးသား"လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။ 

Photo: Oakkar Min Maung

ဥက္ကာမင်းမောင်ကို Music Video တွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲ့ဒီနောက် ဗီဒီယို ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးထားတာကို တွေ့ရပါတယ်။ သူဟာ Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေ နဲ့ သရုပ်ဆောင်ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစားခဲ့သူဖြစ်ပြီး 18 Album ကိုလည်း ထွက်ရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံက အနုပညာအလုပ်တွေလည်း လုပ်ကိုင်လျှက်ရှိသလို New York မှာရှိတဲ့ အနုပညာလောကထဲကိုလည်း ဝင်ရောက်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ သူဟာ အမေရိကန် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ 'Dead Of Night' Short Film မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က