အလုပ်ကြိုးစားရတော့မယ်။

ထူးခြားကတော့ အိမ်ထောင်သက်တမ်း (၃) နှစ်ကြာလာတဲ့ အချိန်မှာ ရင်သွေးလေး ပိုင်ဆိုင်ချင်နေပြီလို့ ဆိုပါတယ်။ 

Photo: Htoo Char



သရုပ်ဆောင် ထူးခြားနဲ့ ခိုင်ဦး တို့ရဲ့ အိမ်ထောင်ရေးကတော့ (၃) နှစ်ကြာလာခဲ့ပါပြီ။ ဇနီးမောင်နှံ နှစ်ယောက်စလုံးကလည်း အလုပ်တွေကို ပိုဦးစားပေးနေမိတယ်လို့ သိရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အိမ်ထောင်ရေးမှာ ရင်သွေးလေး တစ်ယောက် ရှိစေချင်တယ်လို့ ထူးခြားက Duwun ကို ပြောပါတယ်။ 

“ လောလောဆယ်တော့ ကလေးရဖို့က အဓိက ပါပဲ။ ကျန်တာကတော့ ကိုယ်တွေ ကြိုးစားဖို့ပဲ ကျန်တော့တယ်။ ဆေးတွေဘာတွေလည်း သေသေချာချာလေးသောက်ပါတယ်။ ကလေးကလည်း တစ်ယောက်ပဲ ယူဖို့ စဉ်းစားထားတယ်။ အစ်ကို့ စိတ်ထဲမှာတော့ သားလေးတစ်ယောက်လိုချင်တာပေါ့။ ဒါပေမယ့် ကိုယ့်သားသမီးပဲလေ ဘာလေးပဲ ရရ ရချင်တာရ ချစ်မှာပဲ။ အစ်ကိုတို့ နှစ်ယောက်ကလည်း ဒီနှစ်ထဲမှာပဲ ကလေးယူကြဖို့ စဉ်းစားထားတာ နဂိုကတည်းကပေါ့။ အခြေအနေတစ်ခုကိုလည်း ရောက်လာပြီဆိုတော့ ကလေး ယူရတော့မယ်” လို့ ဆိုပါတယ်။ 

Photo: D Night

ထူးခြားဟာ ကိုဗစ်ကာလကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတာတွေ့ရပါတယ်။ အလုပ်တွေ နားထားရတဲ့ အချိန်မှာလည်း အွန်လိုင်းပေါ်ကနေ တဆင့် ဝက်နံရိုးမီးတောက် ရောင်းချခဲ့ပါသေးတယ်။ ကိုဗစ်ဒုတိယလှိုင်းမှာတော့ သရုပ်ဆောင် မြင့်မြတ်၊ ကေညီ တို့နဲ့ အတူ မိခင်နဲ့ ကလေး အသုံးအဆောင် ပစ္စည်းတွေ၊ ရွှေတွေ ရောင်းချနေတာကိုလည်း တွေ့ရပါတယ်။ 

“ စီးပွားရေး မကောင်းပေမယ့်လည်း ကလေးအတွက် ရအောင် ရှာရမှာပေါ့လေ။ အိမ်ထောင်သက်တမ်းက အခုဆိုရင် (၃) နှစ်ကျော်လာပြီ။ အိမ်ထောင်ပြုပြီးနောက်မှ ကျွန်တော်လည်း ဆံပင်ပိုဖြူလာသလိုပဲ၊ ကျန်တာကတော့ သိပ်မပြောင်းလဲဘူး။ အသက်လည်းကြီးလာပြီဆိုတော့ ဆံပင်တွေက တော်တော်ဖြူနေပါပြီ” လို့ ထူးခြားက ဆက်လက်ပြောပြလာပါတယ်။ 

Photo: Htoo Char

ထူးခြားကိုတော့ အက်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အော်ရဂျင်နယ် ဂိုဏ်းစတားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေ ပိုသတိထားမိခဲ့ကြပါတယ်။ လက်ရှိမှာလည်း သူဟာ အက်ရှင်ဇာတ်ကား တော်တော်များများရိုက်ကူးနေရတာဖြစ်ပြီး ပရိသတ်အခိုင်အမာ ရရှိလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က