ကျွန်တော်က ကံကောင်းတဲ့သူပါ။

စည်ဖြိုးကတော့ “ ပုရွတ်ဆိတ်တောင် မသတ်တော့တာ (၄) နှစ်လောက်ရှိပြီ၊ ကိုယ့်ရဲ့ သွေးသား၊ လူ ကို ဖျက်ချဖို့ဆိုတာ လုံးဝ မတွေးဘူး” ဆိုပြီးတော့ ရင်သွေးလေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ 

သရုပ်ဆောင် စည်ဖြိုးကတော့ နိုဝင်ဘာလ ၅ ရက်နေ့ မနက်က ချစ်သူဖြစ်တဲ့ ခင်လွှမ်းနဲ့အတူ မန္တလေးကျောင်းတိုက်မှာ မင်္ဂလာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ လက်ရှိမှာတော့ ခင်လွှမ်းဟာ ပထမဆုံးရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတာပါ။ စည်ဖြိုးကတော့ သူ့ရဲ့ ပထမဆုံးရင်သွေးလေး က သားလေး ပိုဖြစ်စေချင်တယ်လို့ Duwun ကို ပြောပါတယ်။ 



“ ဒီကိစ္စက မျှော်လင့်ထားတဲ့ အရာလည်း မဟုတ်ဘူး။ နှစ်ယောက်စလုံးက ရုပ်ရှင်ကားတွေအတွက် ပြင်ဆင်နေတာတွေလည်းရှိတော့ သိလိုက်ရတဲ့ အချိန်မှာ ‘ ဟာ’ ဆိုပြီးတော့ ဖြစ်တာပေါ့။ ဒါပေမယ့် ‘ ဂျူးရေ ကို က ပုရွတ်ဆိတ်တောင်မှ မသတ်တော့တာ (၄) နှစ်လောက် ရှိသွားပြီ ဒီတော့ ကိုယ့်ရဲ့ သွေးသား၊ လူဖြစ်တဲ့အတွက် ဖျက်ချဖို့ လုံးဝ မတွေးဘူး။ ဒီဟာ မလုပ်တာက လွဲရင် ကျန်တာ အကုန်ကြိုးစားမယ်လို့ ရည်ရွယ်ထားတယ်။ အခုတော့ ကိုယ့်ရင်သွေးလေးပဲဆိုတော့ ဘာလေးပဲ ရရပါ။ ဒါပေမယ့် သားလေးကတော့ ပိုလိုချင်တယ်။ ကိုယ့်ကိုယ်ကိုယ် အဆင်သင့်ဖြစ်ပြီလား အခုပျော်ဖို့ထက် ရေရှည်ပျော်ဖို့အတွက် ကိုယ် ဘာလုပ်ရမလဲ ဆိုတာလည်း စဉ်းစားထားပါတယ်။ အခုတော့ ကျွန်တော်က သင်ယူနေဆဲပေါ့လေ။” လို့ ဆိုပါတယ်။ 

စည်ဖြိုးဟာ ခင်လွှမ်းနဲ့ ချစ်သူသက်တမ်း (၃) နှစ်ကျော် အကြာမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ လက်တွဲဖော်ကောင်းရတဲ့ အတွက်လည်း ဝမ်းသာပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။ 

“ အမျိုးသမီးဘက်က မိသားစုဝင်တွေက ရန်ကုန်မှာ မဟုတ်ဘူး။ ရွှေတောင်မှာ နေထိုင်ကြတာပါ။ ဒါပေမယ့် ကလေး အကြောင်း သိလိုက်ရတဲ့ အချိန်မှာ နယ်ကလူတွေရဲ့ အတွေးနဲ့ ဆိုရင် လုံးဝ လက်ခံနိုင်မှာ မဟုတ်ဘူးလေ။ ဒါပေမယ့် အဲဒီလို မဖြစ်ပဲနဲ့ ထပ်တူ ဝမ်းသာပေးပြီး Living Together အခြေအနေကို လက်ခံပေးတာကို တော်တော်လေး ဝမ်းသာတယ်။ ကျွန်တော်က ကံကောင်းတဲ့သူပါ။ စီးပွားရေးနဲ့ ပတ်သက်ရင် လုပ်ချင်တာပဲ သိတာ ဒါပေမယ့် ဂျူး ကြောင့်မို့လို့သာ တစ်ခုပြီး တစ်ခု ဖြစ်လာတာပါ” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

စည်ဖြိုးက လက်ရှိမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။ လက်ရှိမှာလည်း ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့အတူ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က