တစ်သိန်းဆု ပေါက်ခဲ့တာဖြစ်ပါတယ်။

လူရွှင်တော် ကံပွင့်ကတော့ ထီ (၁) သိန်းဆု ပေါက်ခဲ့တဲ့ ငွေကြေး အားလုံးကို အလှူအတန်းတွေလုပ်ရင်း ပီတိဖြစ်နေမိတယ်လို့ဆိုပါတယ်။ 

Photo: Kan Pwint



ကံပွင့် ကတော့ (၂၁) ကြိမ်မြောက် အောင်ဘာလေ ထီဆုပေးပွဲမှာ ငွေကျပ်(၁) သိန်းဆုကို ဆွတ်ခူးခဲ့ပါတယ်။ သူ့ အနေနဲ့ ထီပေါက်လို့ ရခဲ့တဲ့ ငွေကြေးတွေကို ချွန်တွန်းပရဟိတ အဖွဲ့သားတွေကို မနက်စာ ကျွေးပြီး နောက်ထပ် အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ Duwun ကို ပြောပါတယ်။ 

“ ထီပေါက်တဲ့ ပိုက်ဆံကို ‘ ချွန်တွန်း ပရဟိတ’ အဖွဲ့ထဲက ဦးဆောင်တဲ့ မောင်ဒိန်းဒေါင် အပြင် လုပ်အားပေးတဲ့ ကလေးတွေ၊ လူရွှင်တော်လေးတွေကို ကျွေးချင်တဲ့ ဆန္ဒအရင်ကတည်းက ရှိခဲ့တာ။ ကိုယ် မျှော်လင့် မထားပဲ အကြောင်းတိုက်ဆိုင်ပြီး ထီ (၁) သိန်းဆု ပေါက်တော့ ကိုရာဇာပေါက်စီရဲ့ “ပြည်” ထမင်းသုပ်လေး ကျွေးရင်း အလှူလုပ်ဖြစ်သွားတာပေါ့။ ကုန်သလောက်ပါပဲ ဒါကျွေးတာ တစ်သိန်းတောင် မကုန်ပါဘူး။ ပိုတဲ့ ပိုက်ဆံတွေကိုလည်း ဦးကံပွင့်နဲ့ ပတ်သက်ပြီး လှူရမယ့် လူတွေရှိသေးတယ် သူတို့ကို တစ်သောင်း၊ နှစ်သောင်း လှူလိုက်တာတွေလည်း ရှိတယ်။ မျှတပြီး အလှူလိုက်တာပေါ့” လို့ သူကဆိုပါတယ်။ 

Photo: Kan Pwint

ကံပွင့်ဟာ ၂၀၁၉ ခုနှစ်တုန်းက ပထမဆုံးအနေနဲ့ ထီ(၅) သောင်းဆု ပေါက်ခဲ့ဖူးတယ်လို့ သိရပါတယ်။ သူ့ အနေနဲ့ ထီထိုးလိုက်တိုင်း အလှူအတန်း လုပ်ဖို့ကိုသာ ရည်ရွယ်ပြီး ထီထိုးလေ့ရှိတယ်လို့ ဆိုပါတယ်။ 

“ ထီ ကံနဲ့ ပတ်သက်ပြီး ဦးကံက မနှစ်တုန်းကတော့ ၅ သောင်းဆု ပေါက်ဖူးတယ်။ အဲဒီတုန်းကလည်း အလှူလုပ်လိုက်တာပဲ။ ထီပေါက်တဲ့ ငွေက နည်းတာ များတာထက် အောင်ဘာလေ ထီဆု ပေါက်တယ်ဆိုတာ နဲ့တင် ဦးကံက ပျော်နေပါပြီ။ နောက်လတွေလည်း ဆက်ထိုးဦးမယ်လို့ စဉ်းစားထားတယ်။ တကယ်လို့ ထီဆုကြီးသာ ပေါက်ခဲ့မယ် ဆိုရင် အရင်ဆုံး အလှူလုပ်ဖို့က နံပါတ်(၁) စဉ်းစားထားတယ်။ ကျောင်းဆောက်တာ၊ သိမ်ဆောင်တာမျိုးပေါ့။ ကမ္ဗည်းထိုးပြီးတော့ လှူရတဲ့ အလှူမျိုး လှူချင်တယ်။ အဲဒီအတွက်ကို ရည်ရွယ်ပြီးတော့ ထီထိုးနေတာပါပဲ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Kan Pwint

လူရွှင်တော် ကံပွင့်ဟာ လက်ရှိမှာတော့ သဘင်အစည်းအရုံးမှာ EC အဖွဲ့ဝင် တစ်ယောက်အဖြစ် ပါဝင်နေတာ တွေ့ရပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဟာသသရုပ်ဆောင် တစ်ဦးအဖြစ် ဇာတ်ကားတွေလည်း ရိုက်ကူးထားသူ တစ်ယောက်ပါ။ ဟာသပြိုင်ပွဲတွေမှာလည်း အကဲဖြတ် ဒိုင်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က