ဘုန်းလျှံရဲ့ မွေးနေ့မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

ဘုန်းလျှံကတော့ သူ့ရဲ့ မွေးနေ့မှာ ချစ်သူလေး နဲ့ အတူ မင်္ဂလာလက်မှတ် ရေးထိုး ခဲ့တာဖြစ်ပါတယ်။ 

ဒီနေ့ ( နိုဝင်ဘာလ ၆ ရက်) ကတော့ သရုပ်ဆောင် ဘုန်းလျှံရဲ့ မွေးနေ့ ဖြစ်ပါတယ်။ ဒီနေ့ မွေးနေ့မှာတော့ သူက ချစ်သူဖြစ်တဲ့ မေသင်းမောင် နဲ့အတူ နှစ်ဖက် မိဘတွေရဲ့ သဘောတူညီမှုနဲ့ မင်္ဂလာ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ 



“ ဒီနေ့မွေးနေ့မှာ ကျွန်တော့်ကို မွေးနေ့ ဆုတောင်းပေးကြတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ကတော့ မွေးနေ့လည်းဖြစ်၊ မင်္ဂလာ လက်မှတ်ထိုးတဲ့နေ့လည်းဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့ကို မှတ်မှတ်ရရလေး ဖြစ်အောင် မင်္ဂလာဆောင်မယ်ဆိုပြီးတော့ ရည်ရွယ်ထားပေမယ့် လက်မှတ်ထိုးတဲ့နေ့လေးကို လုပ်လိုက်တာဖြစ်ပါတယ်” ဆိုပြီးတော့ နိုဝင်ဘာလ (၆) ရက်နေ့ နေ့လယ်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ် Live မှာ ပြောခဲ့တာပါ။ 

မင်္ဂလာပွဲကိုတော့ နိုဝင်ဘာလ (၇) ရက်နေ့မှာ ပြုလုပ်ဖို့ ရည်ရွယ်ထားပေမယ့် ကိုဗစ်ကာလ ကြောင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ လောက်မှသာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဘုန်းလျှံရဲ့ ဇနီးဖြစ်သူ မမေသင်းမောင်ကတော့ ဒီနေ့မှာ ကျရောက်တဲ့ ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့ကိုတော့ အမှတ်တရဖြစ်မယ့် မွေးနေ့လက်ဆောင် ပေးလိုက်တယ်လို့ သဘောကျရယ်မောရင်း ပြောပြထားပါသေးတယ်။ 

“ အစ်မကတော့ သူ့ကို မွေးနေ့လက်ဆောင် အကြီးကြီးအနေနဲ့ဘဝကို ပုံအပ်လိုက်တယ်ပေါ့။ ဒီနေ့ကတော့ တရားဝင် လက်မှတ်ထိုးကြတယ်ပေါ့။ အရင်တုန်းကတော့ စေ့စပ်ထားတာ ရှိပါတယ်” လို့ သူက ဆိုပါတယ်။ 

ဘုန်းလျှံဟာ COVID-19 ကာလပြီးရင် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒါဟာ သူ့အတွက် ပထမဆုံးအကြိမ်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲဖြစ်တယ်လို့လည်း Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ကိုဗစ်ကြောင့် အနုပညာအလုပ်တွေ ရပ်နားထားရတဲ့ အချိန်မှာ အွန်လိုင်းပေါ်ကနေ တဆင့် ဇနီးမောင်နှံ နှစ်ယောက် အတူတူ ငါးပါးတူ ရောင်းနေတာကိုလည်း တွေ့ရပါတယ်။ ဘုန်းလျှံကိုတော့ ဗီဒီယိုဇာတ်ကားများစွာထဲမှာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က