ခင်လွှမ်းကလည်း အမျိုးသမီးကောင်းတစ်ယောက်ပါ။

ခင်လှိုင်ကတော့ ရင်သွေးလေးရလာတဲ့အချိန်မှာ ခင်လွှမ်းကို တရားဝင် လက်ထပ်ယူခဲ့တဲ့ စည်ဖြိုးရဲ့ စိတ်နေစိတ်ထားတွေကို ချီးကျူးလာခဲ့ပါတယ်။ 

သရုပ်ဆောင် ခင်လှိုင်တို့ ဇနီးမောင်နှံကတော့ နိုဝင်ဘာလ (၅) ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ရဲ့ မင်္ဂလာဆွမ်းကျွေးကို တက်ရောက်ခဲ့ကြပါတယ်။ စည်ဖြိုးတို့ ဇနီးမောင်နှံအနေနဲ့ ကိုယ်ဝန်ရနေပြီလို့ သိပြီးမှ မင်္ဂလာပွဲ ပြုလုပ်ခဲ့တဲ့ အပေါ် ခင်လှိုင်က အခုလို ချီးကျူးစကားဆိုထားပါတယ်။ 



“ သူတို့ရဲ့ စိတ်ဓာတ်လေးက အရမ်းချစ်စရာကောင်းပါတယ်။ အမှန်ဆို ကလေးကိစ္စက ကိုယ့်သာသာကိုယ် ကြည့်ရှင်းလိုက်လို့ရတာပဲလေ။ ဒါပေမယ့် နှစ်ယောက်စလုံးက ဘာသာတရားကိုင်းရှိုင်းလွန်းတဲ့ မိသားစုကနေ ပေါက်ဖွားလာတဲ့ ကလေးတွေ ဖြစ်တယ်။ အခုချိန်မှာ ယူမှဖြစ်တော့မယ်ဆိုပြီးတော့ သူတို့ ချက်ချင်း အကောင်အထည်ဖော်လိုက်တယ်။ အခုလည်း ယူမှာ နောက်လည်း ယူကြမယ့် သူတွေဆိုတာ အကုန်သိပါတယ်။ ဒီလိုပဲ ဖြစ်ရမယ် ဒါက ယောင်္ကျားကောင်းတစ်ယောက်ရဲ့ လုပ်ရပ်လို့ မြင်တယ်၊ သမီးလေးဆိုလည်း အမျိုးသမီးကောင်း တစ်ယောက်ရဲ့ လုပ်ရပ်လို့ မြင်တယ်။ အောင်မြင်ဖို့ ကြိုးစားတဲ့ အနုပညာရှင်ဆိုတာ ကအရေးမကြီးဘူး တဖြည်းဖြည်းချင်းသွားလို့ရတယ်။ ဒီလောကမှာ အိမ်ထောင်ရှင် အနုပညာရှင်တွေ အများကြီးပါ” လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

စည်ဖြိုးတို့ မိသားစုရဲ့ ချွေးမ တစ်ဦးဖြစ်လာတဲ့ ခင်လွှမ်းကလည်း ကလေးချစ်တတ်သူဖြစ်သလို တကယ်ကို လိမ္မာယဉ်ကျေးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်လို့ ခင်လှိုင်က ဆိုပါတယ်။ ချွေးမကို သမီးတစ်ယောက်လို ချစ်ကြတဲ့ စည်ဖြိုးတို့ရဲ့ မိသားစုဝင်တွေကြောင့် ခင်လွှမ်းဟာ တကယ်ကို ကံကောင်းတယ်လို့ ခင်လှိုင် ပြောပါတယ်။ 

“ ခင်လွှမ်းတို့ စည်ဖြိုးတို့ကလည်း တကယ်ကို ကလေးချစ်တတ်တယ်။ ကျွန်တော်တို့ မြေးလေးတွေကိုတောင် သူတို့ တော်တော်ကို ချစ်ကြတာ။ ခင်လွှမ်းက တကယ်ကံကောင်းတဲ့သူပါ။ ယောက္ခမနဲ့ ချွေးမဆိုတဲ့ အတားအဆီး အုတ်တံတိုင်းတွေက ဒီခေတ်မှာ မရှိသင့်တော့ဘူးလို့ မြင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်နားလည်မှုရှိရမယ်။ တကယ်ကို ချစ်တတ်တဲ့ နှလုံးသားနဲ့ ချစ်မယ်ဆိုရင် ချွေးမတွေ၊ ယောက္ခမတွေ၊ သားမက်တွေ ဆိုတာ မရှိပါဘူး။ ယောက္ခမတွေဘက်က ကိုယ့်သမီး၊ ကိုယ့်သားလေးလို့ မြင်ရင် တစ်ဖက်ကလည်း အဖေတစ်ယောက်၊ အမေ တစ်ယောက်လိုတော့ မြင်ဖို့လိုတာပေါ့” လို့ ဆက်လက် ပြောပြလာပါတယ်။ 

သရုပ်ဆောင် ခင်လှိုင်ဟာ ရုပ်ရှင်ဘက်မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်လာရင်း အခုဆိုရင် ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေတောင်ရှိနေပါပြီ။ အနုပညာလောကသားအားလုံးနဲ့လည်း အရမ်းကို ရင်းရင်းနှီးနှီး ရှိသူ တစ်ဦးပါ။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က