မွေးအမေထက် မေတ္တာမပိုရင်သာနေမယ်။

စည်ဖြိုးရဲ့ မိခင် ဒေါ်သီသီဝင်းကတော့ သူတို့ရဲ့ ဘဝထဲကို ဝင်ရောက်လာတဲ့ ချွေးမဖြစ်သူ ခင်လွှမ်းအပေါ်ထားတဲ့ သဘောထားတွေကို ပြောလာပါတယ်။ 

Photo: E Thi



စည်ဖြိုးရဲ့ မိခင်ဖြစ်သူကတော့ ချွေးမဖြစ်သူ ခင်လွှမ်းအပေါ် မိခင်ရင်းတစ်ယောက်လို မေတ္တာတွေပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။ သားဖြစ်သူက ချစ်တဲ့ မိန်းကလေးအပေါ် မိခင်တစ်ယောက်လို ချစ်ပေးနိုင်တယ်လို့လည်း သူက ပြောပါတယ်။ 

“ အန်တီ ချစ်ရတဲ့ သားက ချစ်တဲ့ မိန်းကလေးကို အန်တီလည်း အချစ်တွေ ပေးနိုင်တယ်။ အခုဆို အန်တီက ယောက္ခမဖြစ်သွားပြီ။ ခင်လွှမ်းရဲ့ အမေအရင်းက ရွှေတောင်မှာနေတယ်၊ သူတို့ မိသားစုနဲ့ အန်တီတို့ မိသားစုက တကယ့် မိသားစုအရင်းတွေလို နေကြတယ်။ ခင်လွှမ်းရဲ့ အပေါ်မှာ မိခင်အရင်းက ပိုပြီး မေတ္တာပိုပါတယ်။ ဒါပေမယ့် အန်တီကလည်း မွေးအမေထက် မေတ္တာ မပိုရင်သာနေမယ် မိခင်အရင်းလို မေတ္တာ မီအောင်တော့ အန်တီကြိုးစားမယ်။ အမေအရင်းတစ်ယောက်ရဲ့ စိတ်ဓာတ်ကို အန်တီမွေးထားပါတယ်” ဆိုပြီးတော့ နိုဝင်ဘာလ (၅) ရက်နေ့က စည်ဖြိုးနဲ့ ခင်လွှမ်းတို့ရဲ့ မင်္ဂလာပွဲမှာ မီဒီယာတွေကို ပြောခဲ့တာဖြစ်ပါတယ်။ 

Photo: E Thi

စည်ဖြိုးတို့ ဇနီးမောင်နှံဟာ လက်မထပ်ခင်ကတည်းက ကလေးရခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေကြုံခဲ့ရတာပါ။ ဒါ့အပြင် လက်ခံထားရှိတဲ့ မိသားစုဝင်တွေကိုလည်း ဝေဖန်လာကြတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ ဒီလို ဝေဖန်မှုတွေ အပေါ် ဒေါ်သီသီဝင်းက အခုလို ပြောပြလာပါတယ်။ 

“ အန်တီတို့က ခိုးမစားဘူးလေ၊ ဗြောင်ချစ်တယ်၊ ဗြောင် ပူတယ်၊ ဗြောင်ယူတယ်လေ တာဝန်ကျေတယ်။ ခင်လွှမ်းနောက်ကြောင်းတွေ အန်တီ စိတ်မဝင်စားဘူး။ ပြီးတော့ စည်ဖြိုးကလည်း မယူချင်ဘူး ဘာညာ ပြောလာရင် အန်တီကတော့ ငြင်းမှာ၊ ဒါပေမယ့် သားကိုယ်တိုင်က သူဗိုက်ပူနေသလိုပဲ အရမ်းပျော်၊ အရမ်း ပီတိဖြစ်နေတာ မြင်တော့ အန်တီ အရမ်းပျော်တယ်။ အဓိက က လက်ရှိ ဘဝနဲ့ အနာဂတ်မှာ ဘယ်လို ကောင်းအောင် လုပ်ကြမလဲ၊ ဟိုဘက် ဒီဘက် ဘယ်လို အဆင်ပြေအောင်နေမလဲ ဒါကိုပဲ အကောင်အထည်ဖော်မှာပါ။ ခင်လွှမ်း က အန်တီတို့ အသိုင်းအဝိုင်းထဲကို ချွေးမ ဗီဇာနဲ့ ရောက်လာတဲ့ သမီးလေးပါ။ အခုဆို မြေးလေးပါ ရှိနေတော့ ပျော်စရာကြီးပေါ့” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: E Thi

သရုပ်ဆောင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ ဇနီးမောင်နှံကတော့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့က မန္တလေးကျောင်းမှာ မင်္ဂလာ လက်မှတ် ရေးထိုးပွဲနဲ့ မင်္ဂလာဆွမ်းကျွေး အလှူ ပြုလုပ်ခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ အနုပညာအလုပ်တွေကိုလည်း အတူတွဲလုပ်ဆောင်လျှက်ရှိပါတယ်။ စည်ဖြိုးကတော့ ပရိသတ် သိပြီးသား သရုပ်ဆောင် တစ်ယောက်ဖြစ်သလို ခင်လွှမ်းကိုတော့ Social Media ပေါ်ကနေတဆင့် ပရိသတ်တွေ ပိုသိလာခဲ့တာ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က