အယောက်(၂၀)သာ ကန်တော့ခဲ့ပါတယ်။

မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ကိုဗစ်ကာလကြောင့် ဘိုးဘွား စုံစုံလင်လင်နဲ့ မကန်တော့ခဲ့ရဘူးလို့ ဦးညီညီထွန်းလွင်က ဆိုပါတယ်။ 

Photo: U Aye Kyu Lay



နှစ်စဉ် အောက်တိုဘာလ (၁၃) ရက်နေ့တိုင်း ကျင်းပပြုလုပ်နေကြဖြစ်တဲ့ မြန်မာ့ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကို ကိုဗစ်ကာလကြောင့် ရက်ရွှေ့ခဲ့ရာမှ ဒီနေ့ ( နိုဝင်ဘာလ ၁၀ ရက်) နေ့ မနက်ပိုင်းက ရုပ်ရှင်အစည်းအရုံးရဲ့ သင်တန်းခန်းမဆောင်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျန်းမာရေးကောင်းမွန်တဲ့ သက်ကြီးဘိုးဘွား အယောက် (၂၀) ကို ရုပ်ရှင်အစည်းအရုံးသို့ ခေါ်ဆောင်ပြီး ကန်တော့ခဲ့တဲ့အကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က Duwun ကို ပြောပါတယ်။  

“ Stay Home ကာလဆိုပေမယ့် ဒါက အကျဉ်းချုံးလေး ကျင်းပတာပါ။ တကယ်ဆိုရင် သက်ကြီးတွေကိုပဲ ပူဇော် ကန်တော့ရမှာက အယောက် (၁၆၀) ရှိတယ်၊ ဒီ (၁၆၀) စလုံး ဖိတ်လို့လည်း မဖြစ်ဘူး ဆိုတော့ နာ.ယ.က တွေနဲ့ ကျန်းမာရေးကောင်းတဲ့ ဘိုးဘွားတွေကိုပဲ ဖိတ်ပြီးတော့ အမှုဆောင်တွေပဲ ကန်တော့လိုက်တာပါ။ ဒါကို အစည်းအရုံးက ဘိုးဘွား (၁၆၀) စာအတွက် တစ်ယောက်ကို (၂) သိန်း၊ MRTV-4 က လည်း ဘိုးဘွား (၁၆၀) စာအတွက် တစ်ယောက်ကို (၅) သောင်းစီ၊ အေးမြတ်သူကလည်း ဒီနေ့ ကြက်ကြော်လာလှူရင်း ဘိုးဘွား (၁၆၀) စာအတွက် တစ်ယောက်ကို (၁) သောင်းစီအပြင် ဆေး အမျိုးအစားပေါင်း(၃၀)ကျော် လှူခဲ့တယ်" လို့ ဆိုပါတယ်။ 

Photo: U Aye Kyu Lay

ရုပ်ရှင်အစည်းအရုံး အနေနဲ့ ကန်တော့ဖို့ ကျန်ရှိနေသေးတဲ့ ဘိုးဘွားတွေကိုလည်း အိမ်တိုင်ရာရောက် လိုက်လံ ကန်တော့ဖို့ ပြင်ဆင်လျှက်ရှိတယ်လို့ ဦးညီညီထွန်းလွင်က ဆိုပါတယ်။ 

“ ကျန်တဲ့ သက်ကြီး ဘိုးဘွားတွေ အနေနဲ့ တကယ်လို့ အဆင်ပြေမယ်ဆိုရင် သားသမီးတွေကို အစည်းအရုံးကို လွှတ်ပြီး လာယူချင်လည်း လာယူနိုင်ပါတယ်။ (၁၁ ) ရက်၊ (၁၂) ရက် နဲ့ (၁၃) ရက်အထိပေါ့။ ပြီးတော့ ဘယ်လိုမှကို လာယူဖို့ အဆင်မပြေတဲ့ ဘိုးဘွားတွေကိုတော့ အိမ်တိုင်ရာရောက် လိုက်ကန်တော့ရမှာပါ။ အခုဆိုရင် အစည်းအရုံးက မဖြစ်မနေ လုပ်ရမယ့် အရာလေးတွေကို တဖြည်းဖြည်းလုပ်နေပါတယ်။ အကြွေးတစ်ခု ကျန်တာကတော့ အကယ်ဒမီ ပွဲပဲရှိတော့တယ်။ ပြီးတော့ ရုပ်ရှင်အစည်းအရုံး ရွေးကောက်ပွဲကတော့ ၂၀၂၁ ရောက်မှ လုပ်မယ်။ ဒါလည်း အကြွေး တစ်ခု ကျန်တာပေါ့” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: U Aye Kyu Lay

အခုဆိုရင်တော့ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲဟာ (၄၃) ကြိမ်မြောက် ကို ရောက်ရှိလာခဲ့ပါပြီ။ မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယခင်နှစ်တွေက အောက်တိုဘာလ(၁၃) ရက်နေ့ ရောက်တိုင်း နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာ ကျင်းပပြုလုပ်ခဲ့တာပါ။ အပူဇော်ခံ သက်ကြီးဘိုးဘွားတွေကိုလည်း အသက် (၇၀) ကျော်မှသာ ကန်တော့ခံရတာဖြစ်တဲ့အကြောင်း သိရပါတယ်။ ကန်တော့ခံ ဘိုးဘွားတွေကို ငွေကျပ်(၂) သိန်းအပြင်၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများနဲ့ ကန်တော့ခဲ့ကြတာပါ။ ကျန်းမာရေး အခြေ အနေ ကြောင့် ကန်တော့ပွဲကို မတက်ရောက်နိုင်တဲ့ ဘိုးဘွားတွေကိုလည်း ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေက အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းခဲ့ကြတာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က