“ မျှော်လင့်ချက်” လို့ အမည်ရပါတယ်။

ဝိုင်းစုခိုင်သိန်းက သူမနဲ့ ပရိသတ်တွေရဲ့ ခံစားချက်တွေ တိုက်ဆိုင်စေမယ့် “မျှော်လင့်ချက်” ဆိုတဲ့ သီချင်းလေးထွက်ရှိလာတော့မယ်လို့ဆိုပါတယ်။ 

Photo: Wine Su Khine Thein



ဝိုင်းစုခိုင်သိန်းကိုယ်တိုင် သီဆိုထားတဲ့ “ မျှော်လင့်ချက်” ဆိုတဲ့ သီချင်းလေးဟာ မကြာခင် ထွက်ရှိလာတော့မှာပါ။ ဒီသီချင်းလေးထဲက သီချင်းစာသားတွေဟာ ကိုဗစ်ကာလအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်လေးတွေကို ထည့်သွင်း သီဆိုထားတာ ဖြစ်တယ်လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။ 

“ မကြာခင်မှာ ထွက်ရှိလာမယ့် ဝိုင်းစုရဲ့ သီချင်း အသစ်လေးဖြစ်တဲ့ ‘ မျှော်လင့်ချက်’ ဆိုတဲ့ သီချင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီသီချင်းက ကိုဗစ်ကာလမှာ ဝိုင်းစု ခံစားနေရတဲ့ အကြောင်းအရာတွေကို သီဆိုထားတာဖြစ်လို့ အားလုံးလည်း ခံစားချက်တွေ တိုက်ဆိုင်မယ်လို့ ထင်ပါတယ်။ အကြောင်းအရာလေးကတော့ ကိုဗစ်ကာလမှာ အားလုံး အတူတူ အားတင်းပြီးတော့ ကျော်ဖြတ်ကြမယ်၊ ဒီကာလပြီးသွားရင် အရင်လိုပဲ ခရီးတွေ သွားကြမယ်၊ လက်တွေ အတူတွဲကြမယ် ဆိုတဲ့ ပုံစံလေးပေါ့နော်။ ဒီသီချင်းကို ကိုအောင်လ ရေးပေးထားတာပါ” လို့ ဆိုပါတယ်။ 

Photo: Khun

ဝိုင်းစုခိုင်သိန်းအနေနဲ့ Stay Home ကာလဖြစ်တာကြောင့် အိမ်မှာနေရင်း သီချင်းလေးတွေ လုပ်နေတယ်လို့သိရပါတယ်။ COVID-19 ကူးစက်ရောဂါ အခြေအနေကြောင့် ဖျော်ဖြေရေးတွေလည်း ရပ်နားထားတာကို တွေ့ရပါတယ်။ သူမကိုတော့ ပရိသတ်တွေက သရုပ်ဆောင် တစ်ယောက်အဖြစ် စတင်သိရှိခဲ့ကြတာပါ။ ဒါပေမယ့် ဂီတအပိုင်းကို ပိုပြီးတော့ ဝါသနာကြီးသူဖြစ်တာကြောင့် လက်ရှိမှာတော့ သီချင်းတွေဆိုနေတာကိုသာ တွေ့ရပါတယ်။ ဂီတနဲ့ ပတ်သက်ပြီးတော့လည်း ဝိုင်းစုခိုင်သိန်းက Shwe FM ကနေ ဆုချီးမြှင့်တဲ့ ၂၀၁၉ ခုနှစ်အတွက် ရေပန်းအစားဆုံး အမျိုးသမီးအဆိုရှင်ဆုကိုလည်း ရရှိထားသူဖြစ်ပါတယ်။ 

Photo: Wine Su Khine Thein

ဝိုင်းစုခိုင်သိန်းဟာ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာ၊ ပြတ်စာ၊ နွားကျောင်းသူ စတဲ့ တစ်ကိုယ်တော်အခွေများစွာကို ထွက်ရှိထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင်မြင်လာပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က