လူကြမ်းသရုပ်ဆောင်ကောင်းဖြစ်လာစေခဲ့သူတွေပါ။

ဦးအောင်ခိုင်ကတော့ မွေးနေ့ ရက်လေးမှာ အမှတ်တရ ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုလေးတွေအကြောင်း ပြောပြခဲ့ပါတယ်။ 

Photo: Aung Khaing



အကယ်ဒမီဆုရ လူကြမ်းသရုပ်ဆောင် တစ်ဦးလည်းဖြစ်၊ ရုပ်ရှင်အစည်းအရုံးရဲ့ တာဝန်ရှိသူ တစ်ဦးအဖြစ် ဆောင်ရွက်နေတဲ့ ဦးအောင်ခိုင် ကတော့ နိုဝင်ဘာလ (၁၀) ရက်နေ့မှာ မွေးနေ့ ကျရောက်ခဲ့တာဖြစ်ပါတယ်။ မွေးနေ့ရဲ့ မနက်ခင်းလေးကစလို့ ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့တယ်လို့ Duwun ကို ပြောပါတယ်။ 

“ မနေ့က မွေးနေ့မှာ ထွေထွေထူးထူး မလုပ်ဖြစ်ပေမယ့် အောင်ဇဗ္ဗူဆရာတော်ကို သင်္ကန်းသွားကပ်တယ်၊ ပြီးတော့ ရုပ်ရှင် သက်ကြီးတွေကို အစည်းအရုံးက လှူတဲ့ ပစ္စည်းလေးတွေ လိုက်ပြီးတော့ ဝေဖြစ်တယ်။ ဒီလောက်ပဲ လုပ်နိုင်ခဲ့သေးတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Aung Khaing

အဲဒီနောက် (၄၃) ကြိမ်မြောက်ရုပ်ရှင်သက်ကြီး ပူဇော်ပွဲမှာ ကန်တော့ရန် ကျန်ရှိနေတဲ့ ဘိုးဘွားတချို့ကိုလည်း ဦးအောင်ခိုင်က မွေးနေ့ အမှတ်တရအဖြစ် ကန်တော့ခံ ပစ္စည်းတွေနဲ့ တကွ လိုက်လံကန်တော့ ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူ့အတွက် မြင်ဆရာတစ်ဦးဖြစ်တဲ့ လူကြမ်းဦးမြမောင်ကိုလည်း သွားရောက် ကန်တော့ခဲ့တယ်လို့ ဆိုပါတယ်။ 

" ကျွန်တော့်ဘဝရဲ့တစ်စိတ်တပိုင်းရုပ်ရှင်လောကမှာ လူကြမ်းသရုပ်ဆောင်ကောင်း တစ်ယာက်ဖြစ်လာစေခဲ့တဲ့မြင်ဆရာတွေဖြစ်တဲ့နေဝင်း၊ စိန်သန်း၊ မြမောင် ဒီသုံးယောက်မှာ အဖေမြ တစ်ယာက်ဘဲ ကျန်တော့တယ်။ ရုပ်ရှင်အစည်းအရုံးက သက်ကြီးပူဇော်ပွဲကန်တော့ငွေ၊ ပစ္စည်းနှင့်ကျွန်တော်တို့ဇနီးမောင်နှံမှ လှူဒါန်းသောစားဖွယ်ရာများကိုကြုံသလိုလှူဒါန်းကန်တော့ခဲ့ပါတယ်" ဆိုတာကိုလည်း နိုဝင်ဘာလ (၁၀) ရက်နေ့ ည (၈) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါသေးတယ်။ 

Photo: Aung Khaing

ဦးအောင်ခိုင်(Aung Khine)ဟာ လက်ရှိမှာလည်း ကိုလူချောအဖွဲ့ရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်ကနေ အနုပညာလှုပ်ရှားမှုတွေ ရှိခဲ့တဲ့ သူ့အနေနဲ့ အခုဆိုရင် အနုပညာသက်တမ်း (၄၁) နှစ်ရှိပါပြီ။ သူဟာ အခုချိန်ထိလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသူ ဖြစ်ပါတယ်။ ဇနီးဖြစ်သူ ဇာတ်ပို့သရုပ်ဆောင် ဝါဝါအောင်နဲ့ အတူ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရှင် ဘဝလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က