ခန္ဓာကိုယ် လှဖို့ ကြိုးစားနေတဲ့ အချိန်ပါ။

ဆောင်းယွန်းစံဟာ သူမရဲ့ဓာတ်ပုံလေးထဲက ခန္ဓာကိုယ်လေးကိုလှစေချင်တဲ့ စိတ်ကြောင့် ဓာတ်ပုံကို ပြုပြင်လိုက်ရာကနေ ဓာတ်တိုင်ကွေးသွားရတဲ့ ဖြစ်ရပ်လေး အပေါ် အခုလို ပြောပြလာပါတယ်။ 

Photo: Saung Yoon San



ဆောင်းယွန်းစံ အနေနဲ့ အောက်တိုဘာလ(၁၇) ရက်နေ့တုန်းက တင်ခဲ့တဲ့ အလှဓာတ်ပုံလေးတွေမှာ ပရိသတ်အတွက် ဝေဖန်စရာ တစ်ပုံလေးတွေ ဖြစ်ခဲ့ပါတယ်။ ဒါကတော့ ခန္ဓာကိုယ် အချိုးအစားလေးကို ပြုပြင်ရင်း ဓာတ်ပုံထဲမှာ ပါနေတဲ့ ဓာတ်တိုင်လည်း ကွေးသွား ခဲ့တာကြောင့် ပရိသတ်တွေက စနောက်ခဲ့ကြတာပါ။ 

ဆောင်းယွန်းစံ ကိုယ်တိုင်ကလည်း ဓာတ်တိုင် ကွေးသွားရတဲ့ အကြောင်းကို Duwun ကနေ အခုလို ဖြေရှင်းလာခဲ့ပါတယ်။

“ ဒီလို ဖြစ်သွားလိမ့်မယ်လို့လည်း မထင်ထားဘူး။ သူတို့က ကိုယ့်ရဲ့ ပုံတွေက အစ လိုက်ကြည့်ပြီး ပြောမယ်လို့ မသိဘူးပေါ့နော်။ ဆောင်း ကိုယ်တိုင်ကလည်း အဲဒီပုံက ဘာကိုပြင်လိုက်လို့ ဓာတ်တိုင်က ကောက်သွားလဲ မသိဘူး။ ဒါကလည်း အပျော် တစ်ခုပါပဲ။အစက ကိုယ့်ကို မသိတဲ့သူတွေက နည်းနည်းလေး သိသွားတာ ကိုယ့်အတွက် အမြတ်ပေါ့လေ။ အဲဒီ ဓာတ်တိုင်နားမှာပဲ သပ်သပ် သွားရိုက်ပြီးတော့တောင် ပုံတင်ထားပါသေးတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Saung Yoon San

ဆောင်းယွန်းစံဟာ ကိုဗစ်ကာလဖြစ်တဲ့အတွက် အလုပ်တွေ အားတဲ့ အချိန်မှာ ခန္ဓာကိုယ် လှပဖို့ ကြိုးစားနေသူလို့ သိရပါတယ်။ ဒါကြောင့် ဓာတ်ပုံလေးတွေ ရိုက်တဲ့အခါမှာလည်း ခန္ဓာကိုယ် လှလှလေးဖြစ်အောင် ပြုပြင်ရတာ သဘောကျတယ်လို့ ဆိုပါတယ်။ 

“ တကယ်တော့ အဲဒီပုံလေးကို ပြင်လိုက်တာက ဆောင်း တစ်ခုခု လိုချင်လို့ ပြင်လိုက်တာ ဖြစ်မှာပါ။ ဆောင်းကိုယ်တိုင်ကလည်း ဒီကာလမှာ ခန္ဓာကိုယ်လေး လှဖို့ ကြိုးစားနေတဲ့ အချိန်ဆိုတော့ ဒီလိုပုံမျိုးလေးကို တင်လိုက်မိတာ ဖြစ်မှာပါ။ အခုဆို ဓာတ်တိုင်ပါတဲ့ပုံတွေကိုလည်း မရှောင်ပါဘူး ဆောင်းကတော့ ရိုက်နေမှာပဲ” လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Saung Yoon San

ဆောင်းယွန်းစံဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိနေခဲ့တာ ကြာပါပြီ ။ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမကို ပရိသတ်တွေပိုပြီး သတိထားမိသွားတာကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အနုပညာလောကက သားသမီးတွေနဲ့အတူ ရွှေကြိုထဲမှာ ပါဝင်ခဲ့တဲ့ သူမကို ပရိသတ်တွေ ပိုပြီး သတိထားမိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က