ဒီနေ့ကတော့ သူ့ရဲ့ မွေးနေ့လေးဖြစ်ပါတယ်။

အသက်(၂၀) ပြည့်ပြီဖြစ်တဲ့ ကိုကိုဦးရဲ့ သားလေး သီဟအောင်ကတော့ မိဘနှစ်ပါးအတွက် သူ့ရဲ့ ရည်မှန်းချက်တွေကို အခုလို ပြောလာပါတယ်။ 

Photo: Thiha Aung



ဒီနေ့ နိုဝင်ဘာလ(၁၅) ရက်နေ့ကတော့ လူကြမ်းသရုပ်ဆောင် ကိုကိုဦးရဲ့ တစ်ဦးတည်းသောသား သီဟအောင်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သီဟအောင်ကတော့ အသက်(၂၀)ပြည့်ပြီလို့ ဆိုပါတယ်။ တစ်ဦးတည်းသော သားဖြစ်တာကြောင့် သူ့ရဲ့ မိဘနှစ်ပါးကို ဒီ့ထက်ပိုလေးနက်တဲ့ တာဝန်တွေနဲ့ အကောင်းဆုံး ထားချင်တယ်လို့ Duwun ကို ပြောပါတယ်။ 

“ ရင့်ကျက်လာတယ်ဆိုတာထက် ကျွန်တော်က ငယ်ငယ်လေးကတည်းက အနေအေးတယ်၊ တစ်ခုခုဆိုရင် မိဘတွေနဲ့ အမြဲတမ်း တိုင်ပင်နေကြဆိုတော့ အခု အသက်(၂၀) ရောက်လာတဲ့အချိန်မှာ ကျွန်တော် ကလေးဆန်ဖို့မရတော့ဘူးလို့ တွေးမိတယ်။ ဖေဖေ နဲ့ မေမေ အပေါ်မှာလည်းဒီ့ထက်ပိုပြီးတော့ တာဝန်ကြီးသွားပြီ။ တာဝန်ယူစိတ်တစ်ခုကို လေးလေးနက်နက်လုပ်ရတော့မယ်ဆိုတဲ့ အသိတော့ တိုးလာတယ်။ ဒီအရွယ်မှာ မိဘကို ရှာကျွေးနိုင်ပြီဆိုပြီးတော့လည်း ဂုဏ်မယူချင်သေးဘူး။ ဖေဖေ နဲ့ မေမေ့ကို အနေအထားတစ်ခုရောက်ဖို့ အကောင်းမွန်ဆုံး မထားနိုင်သေးတဲ့အတွက် ဂုဏ်မယူသေးဘူး။ ဒီ့ထက်ပိုပြီး ကြိုးစားရဦးမယ်၊ ဒီ့ထက်ပိုပြီးတော့ ထားနိုင်ရမယ် ဆိုတဲ့ စိတ်ကတော့ရှိတယ်" လို့ ဆိုပါတယ်။ 

Photo: Thiha Aung

သီဟအောင် အနေနဲ့ အသက်(၁၉) နှစ်ပြည့် မွေးနေ့တုန်းကတော့ သူ့ရဲ့ မိဘနှစ်ပါး၊ ချစ်ရတဲ့ ပရိသတ်တွေနဲ့အတူ ရွှေတိဂုံဘုရားကို သွားရောက် ဖူးမျှော်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကိုဗစ်ကာလ ဖြစ်တာကြောင့် ပရိသတ်တွေ လုပ်ပေးတဲ့ Surprise တွေနဲ့သာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း ဖြစ်တယ်လို့ ဆိုပါတယ်။ 

“ ဒီနေ့ ကျွန်တော်က အသက်(၂၀)နှစ် ပြည့်ပါပြီ။ အခုက ကိုဗစ်ကာလကြီးဖြစ်နေတော့ မွေးနေ့ကို ထွေထွေထူးထူး သိပ်မလုပ်ဖြစ်ဘူး အိမ်မှာပဲ Fan တွေထဲက မမ တချို့နဲ့ မွေးနေ့ကိတ်လေးခွဲတယ်။ ဒီညနေတော့ ငါးလေး သွားလွှတ်ဖို့ စီစဉ်ထားပါတယ်။ ဒီနှစ်မွေးနေ့ကိုလည်း ကျွန်တော့်ရဲ့ Fan တွေက Game ဆာ့ဖို့ဆိုပြီးတော့ TV ရော၊ ပိုက်ဆံလေးတွေထည့်ထားတဲ့ ပန်းစည်းလေးတွေ(၃)ခုရှိတယ်၊ နာရီလေးတွေရော၊ အင်္ကျီလေးတွေရော အများကြီး ပေးကြတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Thiha Aung

ကိုကိုဦးရဲ့သားလေး သီဟအောင်ကို ၂၀၁၈ခုနှစ် အကယ်ဒမီပေးပွဲ ရွှေကြိုကနေ ပရိသတ်တွေ သတိထားမိလာကြတာပါ။ အခုဆိုရင်တော့ သူ့ကို ချစ်ခင် အားပေးတဲ့ အမာခံ ပရိသတ်များစွာကိုလည်း ပိုင်ဆိုင်ခွင့်ရလာပြီဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ရည်မွန်တဲ့ သူ့ရဲ့ပုံစံလေးကြောင့် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာသူလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ ကြော်ငြာရိုက်ကူးရေးတွေလည်း အဆက်မပြတ်လုပ်ဆောင်နေရတာ တွေ့ရပါတယ်။ သရုပ်ဆောင် တစ်ယောက်အဖြစ် အခွင့်အရေးရဖို့အတွက် ကြိုးစားနေတယ်လို့လည်း Duwun ကို ပြောပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က