အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။

နွေးနွေးချစ်ဖွယ်ကတော့ ဖခင်မေတ္တာငတ်မွတ်ရင်း ငယ်ဘဝကို ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို အခုလို ပြောပြခဲ့ပါတယ်။ 

Photo: Nway Nway Chit Phwel



နွေးနွေးချစ်ဖွယ်ကတော့ ငယ်စဉ်က မိဘနှစ်ပါးအိမ်ထောင်ကွဲသွားတဲ့ အချိန်မှာ သူမက မိခင်ဖြစ်သူနဲ့ အတူနေထိုင်ခဲ့ပါတယ်။ ဒါကြောင့် သူမကလည်း ဖခင်ရဲ့ မေတ္တာကို မရရှိခဲ့ဘူးလို့ ပြောပါတယ်။ ဒါကြောင့် သူမ အိမ်ထောင်ပြုခဲ့ရင် သားသမီးတွေကို သူမလိုမျိုး ဖခင်ရဲ့ မေတ္တာကို မရမှာ အရမ်းစိုးရိမ်မိတယ်လို့ Duwun ကိုပြောပါတယ်။ 

“ နွေးတို့ မိသားစုမှာဆိုရင် ဘွားဘွားလည်း အိမ်ထောင်ကွဲတယ်၊ မေမေလည်း အိမ်ထောင်ကွဲတယ်၊ အဒေါ်တွေဆိုလည်း တချို့က အိမ်ထောင်ကွဲတယ်။ ဒါပေမယ့် နွေးက ငယ်ငယ်ကတည်းက ဖခင်မေတ္တာငတ်ခဲ့တဲ့သူဖြစ်လို့ နွေးယူလိုက်တဲ့ ကလေး၊ သားသမီးတွေကို အဲဒီလိုဖြစ်မှာ နွေးအရမ်းစိုးရိမ်တယ်၊ ဆိုက်ကိုဖြစ်တယ်။ ကိုယ် ငိုခဲ့ရတာ၊ ကိုယ်ခံစားခဲ့ရတာတွေ၊ ကိုယ် မိဘမေတ္တာ ငတ်ခဲ့ရတာတွေ၊ ငါ့အဖေက ငါ ပထမဆုရလို့ ဘာပစ္စည်းလေး ဝယ်ပေးမလဲ ဆိုတာတွေ နွေးဘဝမှာ တစ်ခါမှ မပြောခဲ့ရဖူးဘူး။ စာမေးပွဲဖြေရင်တောင်မှ ပြန်ထွက်လာရင် သမီးလေးဖြေနိုင်လားဆိုပြီး မေးကြတဲ့ အချိန်မှာလည်း နွေးကို ကျောင်းလာကြိုတဲ့ သူတွေ တစ်ယောက်မှ မရှိခဲ့ဘူး။ ဒါကြောင့် ငါ အိမ်ထောင်ပြုလိုက်ရင် ငါ့သား၊ ငါ့သမီးလေးတွေရော ဒီလို ခံစားရမလားဆိုတဲ့ စိတ်ကိုမထည့်ပေးချင်ဘူး။ မိန်းမ တစ်ယောက်ရဲ့ ကံက အရမ်းကောင်းဖို့ လိုတယ်” လို့ ဆိုပါတယ်။ 

Photo: Nway Nway Chit Phwel

နွေးနွေးချစ်ဖွယ် အနေနဲ့ အိမ်ထောင်ပြုဖို့ ကံ ပါလာရင် အိမ်ထောင်ပြုမယ်လို့ ပြောပါတယ်။ သူမဟာ ဘာသာတရားကို လေးလေးနက်နက် ကိုင်းရှိုင်းတဲ့သူဖြစ်တာကြောင့် သူမရဲ့ လက်တွဲဖော်ကိုလည်း ဘာသာတရား ကိုင်းရှိုင်းတဲ့သူ ဖြစ်စေချင်တယ်လို့ဆိုပါတယ်။ 

“ နွေးရဲ့ ဘဝကို ထီးလို အုပ်မိုးပေးမယ့်သူ ၊ သူ့မိဘကိုယ့်မိဘကိုလည်း မိဘအရင်းသဖွယ် ရိုသေလေးစားတဲ့သူ၊ အဓိက အရေးကြီးဆုံးကတော့ ဘာသာတရား ကိုင်းရှိုင်းတတ်တဲ့သူ၊ အမျိုးကောင်းသား တစ်ယောက်နဲ့သာဆုံမယ်ဆိုရင် အိမ်ထောင်ပြုမှာပါ။ သူသာ ဘာသာရေးကို မကိုင်းရှိုင်းတဲ့သူမဟုတ်ဘူးဆိုရင် မေတ္တာ၊ ဂရုဏာဆိုတာ ရှိမှာ မဟုတ်တော့ဘူး။ အဖေကတော့ နွေးကို အိမ်ထောင်ပြုစေချင်တယ်၊ အမေကတော့ အိမ်ထောင်မပြုစေချင်ဘူး။ သမီးဖြစ်သူကို အမေက အရိပ်တစ်ခုလိုပဲ အမြဲတမ်း ရှိနေပေးတတ်တယ်” ဆိုပြီးတော့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Nway Nway Chit Phwel

နွေးနွေးချစ်ဖွယ်ဟာ ဘာသာရေးနဲ့ ပတ်သက်ပြီး ညောင်(၁၀)ပင်အဓိဌာန် မကြာခဏ ဝင်လေ့ရှိသူဖြစ်ပါတယ်။ သူမကိုတော့ ၂၀၀၀ ခုနှစ်ကာလ က ထွက်ရှိခဲ့တဲ့ စုံတွဲ သီချင်းအခွေတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲဒီနောက် နာမည်ကျော်လူရွှင်တော် တစ်ဦးဖြစ်တဲ့ မြို့တော် ချစ်ဖွယ်ရဲ့ သမီးဖြစ်တယ်လို့ သိလိုက်ရချိန်မှာ ပရိသတ်တွေ ပိုအားပေးလာကြတာ တွေ့ရပါတယ်။ အချစ်သီချင်းတော်တော်များများကိုလည်း သီဆိုခဲ့ထားတာ တွေ့ရပါတယ်။ သူမရဲ့ ဂီတ သက်တမ်းကတော့ ၁၀ စုနှစ်အကြာရှိပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က