ကိုရီးယားက အတွေ့အကြုံတွေ ပြောပြလာပါတယ်။

ထက်ဘုန်းနိုင်ဟာ Project K အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Asia Song Festival 2020 ဖျော်ဖြေပွဲအတွက် တောင်ကိုရီးယားကို ရောက်ခဲ့စဉ်က Project K အဖွဲ့ အနေနဲ့ မြန်မာအက ကို ကပြနိုင်ခဲ့တဲ့ အပေါ် ကိုရီးယားလူမျိုးတွေဘက်က တုံ့ပြန်မှုတွေကို ပြောပြခဲ့ပါတယ်။

Photo: Chan Myae Oo



ထက်ဘုန်းနိုင်ကတော့ မြန်မာလူငယ် အဆိုတော် အက အဖွဲ့တစ်ခုဖြစ်တဲ့ Project K ရဲ့အဖွဲ့ဝင်တစ် ယောက်ဖြစ်ပါတယ်။ Project K အဖွဲ့ဟာ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asia Song Festival 2020 ဖျော်ဖြေပွဲမှာလည်း မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ သွားရောက် ဖျော်ဖြေခဲ့ပါသေးတယ်။ သူတို့ရဲ့ အနုပညာအရည်အချင်းတွေကိုလည်း အကောင်းဆုံး ချပြခဲ့သလို တာဝန်ရှိသူလူကြီးတွေရဲ့ ချီးကျူးပြောဆိုခြင်းခံခဲ့ရတာကြောင့် ပီတိဖြစ်ခဲ့ရတယ်လို့ Duwun ကို ပြောပါတယ်။ 

“ကိုရီးယားမှာက Project K အဖွဲ့ဆိုတာကိုသတင်းတွေ၊ Program တွေထဲမှာမှ သူတို့ သိရတယ်ပေါ့နော်။ ဒီပွဲမှာ ကျွန်တော်တို့ မြန်မာအက ကပြခဲ့ရတာကို အရမ်း အမှတ်တရဖြစ်တယ်။ အဲဒီကိုရောက်တော့ ကျွန်တော်တို့ အဖွဲ့က အနောက်တိုင်းအက၊ K Pop ပုံစံတွေ ကပြခဲ့ပေမယ့် သူတို့က လေ့ကျင့်မှုတွေ အများကြီးလိုသေးတယ်လို့ပြောတယ်။ နောက်တစ်ပုဒ်ကို ကပြခိုင်းတဲ့ အချိန်မှာ မြန်မာအက ကို ကပြလိုက်တော့ သူတို့တွေ စိတ်ဝင်စားသွားကြတယ်။ ပွဲမှာ ကပြီးတော့လည်း ဖျော်ဖြေရေး စီစဉ်တဲ့ လူကြီးကိုယ်တိုင်က ကျွန်တော်တို့ကို လာချီးကျူးသွားတယ်။ K Pop idol တွေ ကြားထဲမှာမှ Project K အဖွဲ့က တစ်မူထူးပြီးတော့ ကွဲထွက်ပြီး ဖျော်ဖြေသွားတာကို သဘောကျတဲ့ အကြောင်းတွေ လာပြောတော့ အရမ်းဝမ်းသာတယ်။ အခုချိန်မှာတော့ မြန်မာ့ဂုဏ်ဆောင်နိုင်တယ်လို့ ကျွန်တော်တို့ မခံယူသေးပါဘူး ဒါပေမယ့် တစ်နေ့ တစ်ချိန်ကျရင်တော့ မြန်မာဂုဏ်ဆောင်မယ့် အဖွဲ့ဖြစ်အောင် ကြိုးစားသွားပါမယ်” လို့ သူက ဆိုပါတယ်။ 

Photo: Chan Myae Oo

ထက်ဘုန်းနိုင်အနေနဲ့ တောင်ကိုရီးယားကို သွားရောက်ခဲ့တဲ့ အချိန်မှာ အတွေ့အကြုံကောင်းတွေလည်း အများကြီး ရခဲ့တယ်လို့ပြောပါတယ်။ ကိုရီးယားလူမျိုးတွေရဲ့ အလုပ်အပေါ်ထားတဲ့ စိတ်နေစိတ်ထားတွေက သူ့အတွက် သဘောကျစရာ အမှတ်တရတစ်ခုပဲလို့ ဆိုပါတယ်။ 

“ ကိုရီးယားမှာ သွားဖျော်ဖြေခဲ့တုန်းက အတွေ့အကြုံကောင်းတွေ အများကြီးရခဲ့ပါတယ်။ ကျွန်တော် အကြိုက်ဆုံးနဲ့ သဘောအကျဆုံး တစ်ခုဆိုရင် ကိုရီးယားလူမျိုးတွေက တစ်ယောက်စီမှာ သူတို့ တာဝန်ယူရတဲ့ အပိုင်းအပေါ် အပြည့်အဝ တာဝန်ယူတဲ့ စိတ်ရှိတယ်။ သူတို့ဆီမှာ အပြိုင်အဆိုင် အရမ်းများတယ်၊ ကိုယ်ကြိုးစားမှ၊ ကိုယ့်တာဝန်ကို အပြည့်အဝ ယူနိုင်မှ ရပ်တည်တဲ့နေရာက တည်မြဲမှာဆိုတော့ ဒါကို တော်တော် သဘောကျတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Chan Myae Oo

Project K အဖွဲ့ဟာ လူငယ်ကောင်လေး(၇) ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၆ခုနှစ်က ကိုရီးယာနိုင်ငံတွင် ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိ Project K အဖွဲ့ဟာ ပြီးခဲ့သော လပိုင်းလောက် The Beginning ဆိုတဲ့ တေးအယ်လ်ဘမ်ကို ထွက်ရှိထားပါသေးတယ်။ Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်နဲ့ မင်းခန့်ဟိန်းတို့ပါဝင်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က