အမေ နဲ့ အဒေါ်လည်း ကူးစက်ခံထားရပါတယ်။

မေဘရဏီသော်ကတော့ သူမနဲ့ အတူ ကိုဗစ်ရောဂါ ကူးစက်ခံနေရတဲ့ မိခင်၊ အဒေါ် ဖြစ်သူတို့ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေကို ပြောပြလာပါတယ်။ 

Photo: May Barani Thaw



မေဘရဏီသော်ကတော့ ကျန်းမာရေးမကောင်းဖြစ်နေတဲ့ မိခင်ကနေ တဆင့် ကိုဗစ်ရောဂါပိုး ကူးစက်ခံလိုက်ရတယ်လို့ ဆိုပါတယ်။ အဲဒီနောက် အဒေါ်ဖြစ်သူလည်းထပ်မံ ကူးစက်ခံလိုက်ရတာဖြစ်ပြီး လက်ရှိ ကျန်းမာရေး အခြေအနေတွေကို Duwun ကနေ ပြောပြလာပါတယ်။ 

“ ပထမတုန်းကတော့ အမေက သိပ်ပြီးတော့ နေမကောင်းဘူး၊ ဒူးခေါင်းတွေရောင်တာတွေ ဘာတွေ ဖြစ်ထားတာ။ အဓိက ဖြစ်တာကတော့ မဲပေးတဲ့ နေ့က စဖြစ်တာ။ အဲဒီနောက်နေ့ကျတော့ တဖြည်းဖြည်းနဲ့ နေမကောင်းချင်သလိုတွေဖြစ်ပြီးတော့ မေသော်ကိုယ်တိုင်ကလည်း အမေ့ကို အနီးကပ် ဂရုစိုက်နေရင်းနဲ့ အခုလိုဖြစ်သွားတာပေါ့နော်။ အခုတော့ အမေလည်း ကိုယ်ပူပြန်ကျပြီးနေကောင်းသွားတယ်၊ မေသော်လည်း အရင်ရက်တွေက ဖျားတယ်၊ လည်ချောင်းနာတယ်၊ ကိုယ်ပူတယ်၊ ညဘက်တွေဆို အိပ်မပျော်ဘူး အဲဒီလိုတွေ ဖြစ်သေးတယ်။ အခုက အဲဒါတွေ ပျောက်ပြီး အနံ့မရတော့ဘူး၊ အရသာတွေလည်း မရတော့ဘူး။ မေသော့် အဒေါ်ကလည်း အဲဒီလိုတွေ ဖြစ်သွားတယ်” လို့ ဆိုပါတယ်။ 

Photo: May Barani Thaw

အခုဆိုရင်တော့ မေဘရဏီသော် နဲ့ အတူ သူမရဲ့ မိခင်၊ အဒေါ်ဖြစ်သူတို့ဟာ ဒီနေ့(နိုဝင်ဘာလ ၁၆ ရက်) က စပြီး အောင်မြင့်မိုရ် ကွာရန်တင်းစင်တာမှာ ကွာရန်တင်း ဝင်လိုက်ပြီလို့ ဆိုပါတယ်။ 

“ အခု မေသော်တို့(၃) ယောက်က Positive ဖြစ်သွားတော့ မြောက်ဥက္ကလာဆေးရုံကနေ အောင်မြင့်မိုရ် ကွာရန်တင်းစင်တာကို ပြောင်းလိုက်ရပါတယ်။ အခုတော့ မေသော်လည်း အဆင်ပြေပါတယ်၊ နေလည်းကောင်းနေပါပြီ။ အဓိက ကတော့ အိမ်မှာက လူကြီးတွေများတော့ ကူးစက်မှာကို စိုးရိမ်တဲ့အတွက် မေသော်ရယ်၊ အမေရယ်၊ အဒေါ်ရယ်က ကွာရန်တင်းစင်တာကို သွားလိုက်တာပါ။ အခုလက်ရှိကတော့ အောင်မြင်မိုရ် ကွာရန်တင်းစင်တာမှာပါ။ ဒီနေ့မှ ကွာရန်တင်းဝင်တာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: May Barani Thaw

မေဘရဏီသော်ကတော့ ၂၀၁၅ခုနှစ်က Miss Universe Myanmar 2015 ရဲ့ အလှတစ်ယောက်ဖြစ်ခဲ့ပြီး နိုင်ငံတကာ စင်မြင့်ထက်တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ အလှမယ်တစ်ဦးအဖြစ် ရပ်တည်ခဲ့တဲ့ သူမှာ အခုနောက်ပိုင်း အနုပညာအလုပ်တွေလည်း လုပ်ကိုင်လို့နေပါတယ်။ အဲဒီနောက် ‘အခမ်းနားဆုံးမေတ္တာ’ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားတာတွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က