သွားပြီးတော့ တောင်းပန်ခဲ့ပါသေးတယ်။

G ကတော့ The Voice Myanmar (Season 3) ရဲ့ The Knockouts Round မှာ သီဆိုဖျော်ဖြေခဲ့တဲ့ အပေါ် R ဇာနည်အတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ 

Photo: G Vocals



G ကတော့ The Voice Myanmar (Season 3) ရဲ့ The Knockouts Round ကနေ နှုတ်ထွက်လိုက်ရပါပြီ။ သူဟာ Battle ပြိုင်ပွဲ မှာ နီနီခင်ဇော်ရဲ့ ရွေးချယ်ခြင်းကို မခံလိုက်ပေမယ့် အဆိုတော် R ဇာနည်က အခွင့်အရေးပေးခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ယောက် ဖြစ်ခဲ့တာပါ။ The Knockouts Round မှာ အကောင်းဆုံး မသီဆိုခဲ့နိုင်တဲ့ အပေါ် သူ့ရဲ့ ခံစားချက်ကို Duwun ကနေ ပြောပြခဲ့ပါတယ်။ 

“ The Voice က ပြုတ်သွားတဲ့ ခံစားချက်က မကောင်းတော့ မကောင်းဘူး။ ကို R ဇာနည်ကို အရမ်းအားနာတယ်။ သူ Steal လုပ်ထားတာ မတန်ဘူးလို့ ခံစားရတယ်၊ ကောင်းကောင်းဆိုပြီးတော့ ပြုတ်သွားတာလည်း မဟုတ်ဘူး ကီးကြောင်ပြီးတော့ ပြုတ်သွားတာဆိုတော့ အားနာတယ်။ ညီမပြိုင်ပြီးတော့ ကို R ဇာနည်ကို သွားတောင်းပန်ခဲ့ပါတယ်။ တခြားသူကို Steal လုပ်လိုက်ရင်တောင်မှ ဒီ့ထက်ကောင်းအောင် ကြိုးစားနိုင်ဦးမယ် ဆိုတော့ လူတိုင်းဖြစ်တတ်ပါတယ်လို့ ပြောတယ်။ ဒါပေမယ့်လည်း လူတိုင်းတော့ ကီးကြောင်မှာ မဟုတ်ဘူးလေ။ ပြိုင်ပွဲတွေတော့ ထပ်မပြိုင်တော့ဘူး အတွေ့အကြုံရချင်လို့ ပြိုင်တာဖြစ်တဲ့ အတွက် ထပ်မပြိုင်တော့ဘူး” လို့ ဆိုပါတယ်။  

Photo: G Vocals

G အနေနဲ့ သူကိုယ်တိုင်က ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ မျှော်လင့်ချက်ကို အများကြီး ထားတဲ့ သူ မဟုတ်တာကြောင့် ဘေးကနေ အားပေးနေကြတဲ့ သူတွေအတွက်ကိုပဲ စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပါတယ်။ 

“ ညီမကို နိုင်အောင် ကြိုးစားတို့၊ နောက်ထပ် Round အထိ ပါအောင်ကြိုးစားပါလို့ ပြောတဲ့ ပရိသတ်တွေကို အားနာရပါတယ်။ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး မျှော်လင့်ထားတာ သိပ်မရှိတော့ ကိုယ်တိုင်ပြုတ်သွားတဲ့ အပေါ်မှာလည်း စိတ်မကောင်း မဖြစ်ဘူး။ ဘယ်အဆင့်ထိရောက်မလဲဆိုတာ သိချင်ရုံ နဲ့ ပြိုင်တာပါ။ ပြီးတော့ ညီမကို ဒိုင်တွေက သီချင်းရွေးတာ မှားတယ်လို့လည်း ပြောတယ်၊ ဒါကလည်း ကို R ဇာနည် Team ထဲကို ရောက်သွားတဲ့အချိန်မှာ အကုန်လုံးက ဆရာကြီးတွေလေ၊ အရမ်းလည်းကောင်းကြတယ်၊ အဲဒါကို ကြောက်ပြီးတော့ တလွဲတွေ ဖြစ်သွားမိတယ်လို့တော့ ညီမ ထင်တယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: G Vocals

G ရဲ့ နာမည်အရင်းကတော့ သက်ရတနာကျော်ဝင်းလို့ခေါ်ပါတယ်။ သူဟာ အဆိုတော် ထွန်းအိန္ဒြာဗိုလ်ရဲ့ တူမ အရင်းဖြစ်သလို ရွှေနန်းတော် ပိုင်ရှင်တွေရဲ့ တစ်ဦးတည်းသော သမီးလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ The Voice Myanmar မှာ ပြိုင်ပွဲဝင်ရင်း ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ ဒါ့အပြင် သူမဟာ ရှင်သန်ရေး ကူညီမှု အသင်းနဲ့ လက်တွဲပြီး ပရဟိတအလုပ်တွေကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်နေတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က