ဒီနေ့မှာတော့ အလှူအတန်းတွေလုပ်ခဲ့ပါတယ်။

နေခြည်ဦးဟာ ဒီနေ့ ပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်လေးတွေအပေါ် သူ့ရင်ထဲက ခံစားချက်လေးတွေကို ဝေမျှပေးခဲ့ပါတယ်။ 

နေခြည်ဦးကတော့ ဒီနေ့ ( နိုဝင်ဘာလ ၁၇ ရက်) မနက်ပိုင်းက ရန်ကုန်ဆေးရုံကြီး နဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ အလှူအတန်းတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ အလှူကတော့ ရုပ်ရှင်လောကသားတွေထဲက အမေများအဖွဲ့၊ မမများအဖွဲ့၊ ကိုလူချောအဖွဲ့ နဲ့ အဓိက သရုပ်ဆောင် အခြေခံအလွှာ၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း အခြေခံအလွှာ မှ လုပ်သားတွေ အတွက်လှူဒါန်းခဲ့တာဖြစ်တယ်လို့ နေခြည်ဦးက ပြောပါတယ်။ 



“ ဒီနေ့ကတော့ နေခြည်က Sheshine Gym & Jewely နဲ့ နေခြည် Online Live Sale လုပ်ဖြစ်ခဲ့တယ်။ (၃) ရက်အကြာ ဈေးရောင်းခဲ့တဲ့ အကျိုးအမြတ်တွေထဲကမှ Sheshine ဘက်ကနေပြီးတော့ သိန်း(၁၀၀၀) လှူဖို့ Project ပြန်ပေးတာပါ။ ဒီ Project ကတော့ ကိုဗစ်အတွက် အဓိကထားပြီး လှူမယ်။ တခြားနေရာတွေမှာလည်း လှူမယ် ဆိုပြီးတော့ စိတ်ကူးထားတာပါ။ နေခြည်ကတော့ လုပ်အားအလှူလေးပဲ ပါခဲ့တာပေါ့နော်။ ဒီနေ့ တော့ အမှတ်တရဖြစ်အောင် ရန်ကုန်ဆေးရုံကြီးမှာရှိတဲ့ အရေးပေါ်ဌာနရယ် ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အဖွဲ့ဝင်တွေကို စပြီးတော့ လှူဒါန်းဖြစ်တာပါ" လို့ သူက ဆိုပါတယ်။ 

နေခြည်ဦးဟာ အခုလို အလှူအတန်းကို ကိုယ်တိုင်လုပ်ခွင့်ရတဲ့ အပေါ်မှာလည်း ပီတိဖြစ်လို့နေပါတယ်။ လောကသားတွေရဲ့ အခက်အခဲတွေကို ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ အချိန်မှာလည်း စိတ်မကောင်းဖြစ်ရတယ်လို့ သူကဆိုပါတယ်။ 

“ အမှန်အတိုင်းပြောရရင် ကိုယ်တစ်ယောက်တည်းအားနဲ့ နေခြည် ဒီလောက်အထိ မလှူနိုင်ပါဘူး။ ဒါကြောင့် အခုက စုပေါင်းအလှူလေးဖြစ်တာကြောင့် လုပ်အားဒါနလေး ပါဝင်ဖြစ်တယ်။ ဒီအလှူလေး အထမြောက်သွားအောင် လုပ်ခွင့်ရလို့လည်း အရမ်းပီတိဖြစ်ရတယ်။ နေခြည်ကိုယ်တိုင် လာလှူရတဲ့ အလှူလေးဖြစ်လို့ လှူတဲ့သူတွေကလည်း ကုသိုလ်ရမယ်၊ မီဒီယာတွေကနေတဆင့် ကြည့်မယ့် ချီလီလေးတွေလည်း ကုသိုလ်ရမယ် ဆိုတဲ့ စိတ်နဲ့ ပီတိဖြစ်တယ်။ လောကသားတွေလည်း အခက်အခဲတွေဖြစ်နေတယ်ဆိုတာကို ကိုယ်တိုင်တွေ့ရ၊ မြင်ရတဲ့ အတွက် နေခြည် စိတ်မကောင်းဘူး။ နောက်ပိုင်းတွေမှာလည်း ကိုယ်တတ်နိုင်တဲ့ လုပ်အားနဲ့သော်လည်းကောင်း၊ ငွေအားနဲ့သော်လည်းကောင်း နေခြည်လုပ်ပေးဖို့လည်း အစီအစဉ်တွေ အများကြီး ရှိပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

လက်ရှိမှာတော့ နေခြည်ဦးဟာ Beautybynaychi Facebook Page မှာလည်း ပရိသတ်တွေနဲ့ အဆက်မပြတ်သွားအောင် အလှအပရေးရာတွေ မျှဝေနေတာတွေ့ရပါတယ်။ သူမက Beauty Blogger ဘဝနဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ သူတစ်ဦးပါ။ သူမက အချိန်တိုလေးအတွင်းမှာ Beauty Blogger ဘဝကနေ သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားများနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဇာတ်လမ်းတွဲများကို ဆက်တိုက် ဆိုသလို ရိုက်ကူးခဲ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က