အိမ်ကိုလာဖို့ ခွင့်ပြုချက်ကို အရင်တောင်းခဲ့ကြတာပါ။

ကိုကိုဦးကတော့အနုပညာအလုပ်တွေ လုပ်နေပြီဖြစ်တဲ့ သားလေး သီဟအောင်ရဲ့ မွေးနေ့ပွဲလေးကို ပရိသတ်တွေက စုပေါင်း လုပ်ပေးခဲ့ကြတဲ့အပေါ် သူ့ရဲ့ ခံစားချက်ကို ပြောပြခဲ့ပါတယ်။ 

ကိုကိုဦးကတော့ သားဖြစ်သူ သီဟအောင်ကို အားပေးနေကြတဲ့ ပရိသတ်တွေကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ နိုဝင်ဘာလ (၁၅) ရက်နေ့တုန်းက ကျရောက်ခဲ့တဲ့ သီဟအောင်ရဲ့ မွေးနေ့တုန်းက အမှတ်တရလေးတွေကို Duwun ကနေ ပြောပြလာပါတယ်။ 



“ပြီးခဲ့တဲ့ ရက်က သားရဲ့ မွေးနေ့ကလည်း ကိုဗစ်ကြောင့် ထွေထွေထူးထူး ဘာမှ မလုပ်ချင်ဘူး။ ဒါပေမယ့် သူ့ရဲ့ မွေးနေ့ကို သူ့ရဲ့ Fan တွေက သိနေတော့ ဝမ်းသာတယ်။ သူတို့ကလည်း သီဟအောင်နဲ့ မဆုံတာကြာပြီ၊ မွေးနေ့လက်ဆောင် ပေးချင်ပါတယ် လာခွင့်ပြုပါလို့ တောင်းဆိုကြတယ်။ မိန်းမကလည်း နှလုံးသမားဆိုတော့ ဒီရောဂါနဲ့ ပတ်သက်ပြီး ကြောက်တယ်။ အဲဒီတော့ (၄) ယောက်၊ (၅) ယောက်လောက်ပဲ လာပါရစေ ဆိုတာနဲ့ ခွင့်ပြုလိုက်ရတယ်” လို့ သူက ဆိုပါတယ်။ 

သီဟအောင်ရဲ့ မွေးနေ့ဆိုတာကို သိလို့ လာချင်ကြတဲ့ ပရိသတ်တွေလည်း အများကြီး ရှိသေးတယ်လို့ ကိုကိုဦးက ဆိုပါတယ်။ ကိုဗစ်ကာလဖြစ်တာကြောင့် အားနာရင်း မခေါ်ခဲ့တာတွေ ရှိခဲ့တယ်လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

" တချို့တွေကလည်း လာချင်လို့ ဖုန်းတွေ ဆက်ကြသေးတယ်။ ဒါပေမယ့် တချို့ ပရိသတ်တွေက ဒီလို ကိုဗစ်ကာလကြီးမှာ ဒီလောက်အထိဖြစ်နေတာကို ဒီလူတွေက ဒါတွေ လုပ်နေရကောင်းလား ဆိုပြီးတော့ အပြောခံရမှာ ကြောက်လို့ အားနာပြီးတော့ မဖိတ်ပါရစေနဲ့လို့ ပြောရတယ်။ ဒါကိုလည်း နားလည်ပေးကြပါတယ်။ ဒါပေမယ့် မပြောမဆိုနဲ့ တိတ်တိတ်လေး ရောက်လာကြတာတွေလည်း ရှိတယ်။ ဦးတို့လည်း အခုကိုဗစ်ကြောင့် ရန်ကုန်မှာပဲ ပိတ်မိနေတာ ပြင်ဦးလွင်တောင် မပြန်ဖြစ်ဘူး ဖြစ်နေတယ်" လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။ 

ကိုကိုဦးကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှုတွေရရှိခဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ လူကြမ်းသရုပ်ဆောင်တစ်ယောက်အဖြစ် သရုပ်ဆောင်ရတဲ့ ကာရိုက်တာတိုင်းမှာဆိုရင် ပရိသတ်တွေရဲ့ အမုန်းကို ခံခဲ့ရသူဖြစ်ပါတယ်။ သားဖြစ်သူ သီဟအောင်ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ရွှေကြိုမောင် တစ်ဦးအနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အခုဆိုရင်တော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က